Thursday, August 14, 2008

အဖေ့ရဲ့ကဗျာ


အလျဉ်းသင့်လို့ အမေရေးတဲ့ကဗျာလေးတွေကို E-Journal မှာ ဖော်ပြဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ တစ်နွယ်ငင်ကာ အဖေရေးတာလေးတွေကောလို့ အတွင်းသိတစ်ချို့ က မေးလာကြပါတယ်။
အမေနဲ့အဖေဟာ ကျနော်တို့အတွက် မွေးနေ့လက်ဆောင်လို ကဗျာလေးတွေမှအပ အခြားကဗျာအများစုကို ကွမ်းစားတဲ့သူတစ်ယောက် ကြုံရာမှာ ကြုံသလို ကွမ်းထွေးထွေးသွားသလိုမျိုး လက်တန်းရေးရေးထားခဲ့တာ များပါတယ်။ ခေါင်းစဉ်တပ်တာ၊ ကဗျာရေးသူအမည်တပ်တာ အလွန်ရှားပါတယ်။ တစ်ချို့ ကဗျာတွေဆို အမေရေးတာလား၊ အဖေရေးတာလား မကွဲပြားပါဘူး။



ဟဲ ဟဲ ကျနော်တို့မောင်နှမတွေကလည်း တခုတ်တရ မှတ်တမ်းတင်ထားတာ လုံးဝမရှိပါ။ အဲ စိတ်ထဲ စွဲစွဲထင်ထင်ရှိတဲ့ ကဗျာ(အနည်းစု)ကိုပဲ အသည်းစွဲမှတ်မိနေတာပါ။ “ဘအမျိုး ဘိုးတူ“ ကျနော်ကိုယ်တိုင်ရဲ့ ကဗျာတွေဟာလည်း အဲသည်လိုပါပဲ။
အခု အဖေရေးခဲ့ပြီး ကျနော်မှတ်မှတ်ရရရှိနေတဲ့ ကဗျာလေးတစ်ပုဒ်ကို ဝေမျှလိုက်ပါတယ်။ အဖေက ခေါင်းစဉ် မတပ်ခဲ့ပါ။ သို့မဟုတ် ကျနော်က မမှတ်မိပါ။ ဒါကြောင့် ကျနော် မှတ်မိတဲ့ အတိုင်းလေးပဲ ဖော်ပြလိုက်တာပါ။
…………………………………………………


သတင်းစာမှာ
နေ့စဉ်ပါသည်
ကြော်ငြာကဏ္ဍ
သင်္ခါရ၏
ဘဝကူးပြောင်း
ချုပ်ငြိမ်းကြောင်းတွင်
သိမ်ကျောင်းဒကာ
ဆရာကျောင်းသား
မင်းသားမင်းသမီး
အသီးသီးတို့
သေနည်းမျိုးစုံ
သေကြပုံမှာ
ရဂုံမြိုင်ဗွေ
ဖွဲဖွဲကြွေသည်
သစ်ရွက်တွေလိုပါတကား။……….။

မာရေးသျှင်


4 comments:

မသက်ဇင် said...

မာရေးသျှင်ရဲ့ ကဗျာလေးဟာတိုတိုနဲ့လိုရာကိုထိမိအောင်
ရေးထားတဲ့သံဝေဂကဗျာလေးပါ။ဖေဖေသို့ မဟုတ်မေမေ
ဘယ်သူပဲရေးရေးဝေငှပေးလို့ ကျေးဇူးတင်တယ်
မသက်ဇင်

. said...

ဆရာ မာရေးသျှင်-
မာရေးသျှင် ဆိုတာ
MY က ZY လား? ZY ဆိုရင် ပြန်တွေ့ရတာ ၀မ်းသာပါတယ်။

တားမြစ် ထားသော... said...

ရဂုံမြိုင်ဗွေ
ဖွဲဖွဲကြွေသည်
သစ်ရွက်တွေလိုပါတကား။……….။

ဇနိ said...

တမိသားစုလုံး ကဗျာဆရာတွေပဲ
း)
တော်လိုက်ကြတာ