သူမကိုချစ်ရတဲ့ သမိုင်းမှာ ဓားစာခံ အချို့ ရှိလာတယ် အမိ YTU ရဲ့ ဆင်ဝင်တောင် ကျနော့် မျှော်စင်ဖြစ်ဘူးရဲ့ . . . ။ ကံ့ကော် တန်းမှာ ကျောင်းတော်ကြီး အ၀င်လမ်းမှာ ကုက္ကိုတန်းမှာ . . . . . . . မှာ စင်္ကြံ လမ်းတစ်လျောက်မှာ သူမ အရိပ်တွေ လိုက်ကောက်နေမိခဲ့ . . . ။ ဒီ . စကားပင်တွေ အောက်ပေါ့ သူမကို ခြေရာကောက်ရင်း စကားလုံးတွေ လေပြေသိသွားခဲ့ ဘူးတယ် . . . ။ Library ရဲ့ ပြူတင်းလို ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းပါးလေးရေ နင်ကတော့ မေ့နေလောက်မှာပါ စကားဖြူပွင့်တွေကြားမှာ အစိမ်းရင့်ရင့် တစ်ပွင့် ခြွေ လွှင့်ခဲ့တာဘူးကိုပေါ့ . . . ။ ပွင့်ချပ်မဲ့နေတဲ့ ရေပန်းလေးရယ် ငါလည်း နင့်လိုပါပဲ အဓိပ္ပါယ်တွေပျောက်ဆုံး . . . သံစဉ်မဲ့ရပ်ဝန်းက Canteen လေးအတိုင်း ငြိမ်ငြိမ်လေး . လျောင်းရင်း . . . ဆွေး အသဲကွဲတေးတောင် ဆို မဖြစ် . . . . . ။ သိပ်ချစ်နေဆဲပဲဆိုတာ သူမက သိမယ်မထင်တော့ပါဘူး ကျနော့်မှာ . . . မနက်မနက်ဆို ၀ဲကျနေတဲ့ နွယ်တွေငေးရင်း ကျစ်ဆံလေးကို လွမ်းရဆဲ . . . . . ။ ။ (ဟိုတုံးက ရေးခဲ့ဘူးတဲ့ ကဗျာလေး တစ်ပုဒ်ပါ ။ အမှတ် တရ တင်လိုက်ပါတယ် ခင်ဗျာ။)
ဆုံရပ် 1st Dec 2024
2 weeks ago
12 comments:
ကိုတာတူးရေ ကျောင်းနဲ့သူမကို တွဲပြီးလွမ်းသွားပါတယ်ဗျာ
ကိုတာတူး။
ဟောင်းပေမဲ့လည်း ကောင်းနေဆဲပါပဲ။ ခံစားချက်တို့ အသစ်ဖြစ်နေရပြန်ပြီထင်ပ။ တကယ်တော့ အချစ်ဟာ အချစ်ပါပဲဗျာ။
ပျော်ရွှင်အဆင်ပြေပါစေ။
သုခမိန်(E-Journal)
main building ကို အပတ်ပေါင်းများစွာပတ်
ကော့တော့တော့နဲ့ ဘောက်ဆတ်ဆတ်လျှောက်
ိစိတ်ကောက်ခွင့်ရခဲ့တဲ့ အချိန်တချို့ကို
ကျောင်းတော်ကြီးနဲ့အတူ ... လွမ်းတယ်..။
အခုတော့လည်း အလွမ်းသည် အလွမ်းသာ ဖြစ်လျက်
တချို့အတိတ်တွေက ရီမောစရာကောင်းခဲ့ လို့..
အဓိပ္ပါယ်တွေပျောက်ဆုံး . . .
သံစဉ်မဲ့ရပ်ဝန်းက Canteen လေးအတိုင်း
ငြိမ်ငြိမ်လေး . လျောင်းရင်း . . . ဆွေး
အသဲကွဲတေးတောင် ဆို မဖြစ် . . . . . ။
သိပ်ချစ်နေဆဲပဲဆိုတာ
သူမက သိမယ်မထင်တော့ပါဘူး
ကိုတာတူးရေ--- အဟောင်းလေးက အသစ်
ဖြစ်လို့ ချစ်နေဆဲပေါ့နော်---
ကဗျာလေးက လွမ်းဆွတ်ဖွယ်ရာပါ--
ကဗျာအရေးကောင်းပါပဲ---
E-journal စာပေအဖွဲ့က ဆိုတော့လည်း--
ကောင်းမှာပေါ့--
ဟိုတုံးကတည်းက စာပေသမားတွေကိုး---
အားပေးနေပါတယ်--
ကျောင်းနဲ့ ကဗျာ လေး ကို ရောပြီးခံစားသွားပါတယ် ကိုတာတူးရေ ၊၊
အားလုံးမင်္ဂလာပါဗျာ ၊၊
ကိုရွာသားလေးရေ တွေးလေလေ ဆွေးမပြေဘူး လို့ ပြောရမလားပဲနော် ။
ကိုသုရေ ခံစားချက်တွေ အသစ်ဖြစ်တာ မဟုတ်ပါဘူးဗျာ ဆရာ မောင်စိန်ဝင်း ကဗျာလေးထဲကလိုပေါ့ “တွယ်တာပြီးမှ မေ့လို့ ရမလား” တဲ့ ။ :)
မမြတ်နိုးရေ အမ ပုံဖော်မှပဲ ပြည့်စုံသွားတယ် ။ ဟုတ်တယ် အမရဲ့ သူလည်း YTU ကျောင်းသူပီပီ အဲလို အမူအရာတွေ လုပ်ဘူးတယ်။ ပိုတောင် လွမ်းသွားပြီ အမရယ် ။
ဟုတ်တယ် အမ မသက်ဇင်ရေ ကျနော်တို့ Canteen က လူသံက လွဲရင် တိတ်တိတ်ဆိတ်ဆိတ်ပဲ ။ ညဘက်များ ဂစ်တာတီးတာက ပြန်လာလို့ ဂရုတစိုက်ကြည့်ရင် သူ့ပုံစံက ဆွေးဆွေးမြေ့မြေ့ နဲ့ လျောင်းနေပုံလေး အမရဲ့ ။ လာအားပေးတာ ကျေးဇူးတင်ပါတယ် အမရေ ။
ကို Republic ရေ ကျောင်းကတော့ လွမ်းစရာတွေ အပြည့်ပဲနော် အကို ။
အားလုံးပဲ ခုလို လာအားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
လေးစား ခင်မင်လျက်
တာတူး
ကျောင်းကိုလွမ်းသွားတယ်။ မာမီကျော့ ဆူသံတောင် ပြန်ကြားလာသလိုပဲ။ ဟီးဟီး။ ဒါနဲ့ စကားမစပ်...သီတင်းကျွတ်ပြီနော်
ကိုတာတူးရေ...
အလွမ်းတွေနဲ့ သတင်းကျွတ်ပြန်ဘီနော်..
ဒီလို.. ဒီလိုနဲ့ပါဘဲ
ကဗျာတွေစပ် ကာရံတွေထပ်ရင်း ကာရံတွေမဲ့လိုမဲ့...
အဆက်အစပ်မရှိ စာတွေဖြစ်လိုဖြစ်နဲ့
ခင်လေးတို့တော့....
ဘာတွေဖြစ်ကုန်ပြီလည်းမသိ...!! (:P)
လွမ်းတော့လည်းလွမ်းပေါ့ဗျာ......
ဒီအတိုင်းကြီးပဲ လွမ်းနေတော့မှာလား........
ဒီကျောင်းတော်ကြီးကို မြင်တိုင်း ရင်ထဲ ဆစ်ခနဲ နာကျင်မိတယ်.
ဓာတ်ပုံလေးကောင်းသလို ကဗျာလေးကလည်း ဆွတ်ပျံ့လွမ်းမောဖွယ်လေးပါပဲဗျာ.
ခင်မင်စွာဖြင့်
ရန်အောင်
ဒီကဗျာလေးက ကျွန်တော်မေ့ချင်ယောင်ဆောင်ပြီး မြေမြုတ်ပစ်ထားတဲ့ ဒဏ်ရာဟောင်းတွေကို ပြန်တူးဆွ သွားတယ်ဗျာ...။ အလွမ်းတွေ ပြန်ပေါ်ကုန် ပြီဗျာ ... ဘယ်လို လုပ်ရမလဲ ... ခက်ကုန်ပြီဗျာ ။
မဟာဆန်ရေ မာမီကျော့ကိုတော့ လွမ်းသား ။မာမီ့ကို မတွေ့ရတာတောင် ကြာပေါ့ဗျာ။ သီတင်းကျွတ်လား ။ :D သြော် ပြီးရင် တန်ဆောင်မုန်းပေါ့ဗျာ ပြီးတော့ နတ်တော် ပြာသို အဲလိုပဲ လည်မှာပါ ။ :P
ခင်လေးရေ သီတင်းကျွတ်ဆီ၊ သောရီ တန်ဆောင်မုန်းတဲ့ ။ အဲ ဘာတွေမှန်းတောင် မသိတော့ပါလား ။ ရက်ရာဇာတွေ ထင်ပ ။ :D ဟီး ဟီး ကျွတ်ချင်ပ ။ ကျွတ်လို့မှ မရတာ ကို။
ကဗျာက အဖြစ်အပျက်ကို တင်ပြချင်ဇောနဲ့ ကာရံတွေ ပျောက်သွားတာ ပါ။ ခွင့်လွှတ်ပြိး ဖတ်ပေးပါ ခင်လေးရေ ။
ကိုမဲရေ ဒီအတိုင်းကြီး မလွမ်းချင်သော်ငြားလည်း ဒီအတိုင်း ထိုင်လွမ်းယုံပဲ တတ်နိုင်ပါကြောင်းခင်ဗျာ။ :D
ကိုရန်အောင်ရေ အကိုလည်း ခံစားချက် အဟောင်းလေးတွေ ရုံးကြွလာတယ် ထင်တယ်။ လာလည်ပေးတာ ကျေးဇူးတင်ပါတယ် အကို။
ကို အိမ်မက်ရှင်ရေ အလွမ်းတွေ ပြန်ပွလာရင်တော့ ကျနော်လည်း တတ်နိုင်ဘူး။ ကဲလာ သွားမယ်ဗျာ နွေအေးဖြစ်ဖြစ်၊ မေတ္တာပေါင်းကူးဖြစ်ဖြစ် ပေါ့။ :D
Post a Comment