Sunday, October 19, 2008

chit chat


သူတစ်ချို့နဲ့ စကားစမည်




“သူတစ်ချို့နဲ့ စကားစမည်”

(၁)
ဆာလောင်မှု
နှလုံးသားနဲ့ ရေအသက်လား
တစ်နံနက်စာ သွေးမှာတောင်းတာ
ကဗျာ… ကဗျာပါဗျာ။

(၂)
ကဗျာဆိုတာမှာက
ကာရန်လည်းရှိ
သာမာန်ချစ်ကြည့် စရာအကြောင်းလေးတွေ။
အသံအားကြည့်
ရင်တွင်းဟစ်မိ နေချင်စရာလေးတွေ။
စကားလုံးမိ
နှလုံးသားထိ အားပြုစရာလေးတွေ။
အလင်္ကာညီ
မိုးထိမြင့်ပီ(ပြီ) စာပန်းချီလေးတွေပေါ့။

(၃)
ဒီမှာဒီမှာ ကံကြမ္မာနတ်သမီး
နင်မပေးရဘဲနဲ့ငါအဆိပ်မိနေလို့
ခံတွင်းကိုထိုး တစ်မျိုးလုံးအန်
ကဲ..ဆိုတဲ့ပြီး အမျိုးစပ်ရန်ကြံတော့
(သြော်)
အတော်တိုးတက်ရန်လိုသေးပါပကော။

(၄)
ဘာပြောချင်တာလည်း… ဟုတ်လား။
ရင်ထဲရှိလို့ ပွင့်အန်ချတာ
ဒီရင်ခုန်နှုန်း အများသုံးမှာ
ကဗျာတစ်ပုဒ် စာတစ်ပုဒ်ပါ။

(၅)
ဟေ့ဟေ့၊ ဒါကမ္ဘာ့ရွာကြီးပါကွ (ဆိုရင်ရော)
ဟင့်အင်း၊ မဟုတ်
အတင်းမလုပ် ငါ့သရုပ်ကို
အများမြင်သာ လမ်းဆုံမှာ
… မိတ်ဆွေရာ (ကျုပ်လေ)၊
မျောက်ပွဲသာကချင်တော့တယ်။

သုခမိန်။…..။

4 comments:

ဇနိ said...

မျောက်ပွဲကြည့်ချင်တယ်ဗျို့.. ဟ ဟ

မသက်ဇင် said...

သုခမိန်--သို့--ပရမတ်ကျလွန်းစွာတွေးတတ်သည့် လူရွယ်
ကဗျာဆရာ--သုခမိန်---ရေ---
ဆိုကရေးတီး ဒဿန --ည တွေ--
ဖြတ်သန်း ဘူးပါသလား----
ဆာရီယာယ်လစ်ဇင် ပါသော
ဂရိခေတ်ရဲ့ ညတည ကို လေ
သွားဖြစ်အောင်သွားကြည့်ပါနော်---
ကျမ--ရှိနေတယ်---

Anonymous said...

ကဗျာတစ်ပုဒ်အကြောင်းကို စကားစမြည်ပြောဖြစ်တယ်ဆိုရင် နောက်စကားဝိုင်းမှာ ကျွန်တော်လာနားထောင်ပါရစေ ကိုသုခမိန်ခင်ဗျား ...
ရင်ကို အကျအနကိုထိမှန်ခံစားစေတဲ့ ကဗျာကောင်းတစ်ပုဒ်ဖြစ်ပါကြောင်း ...

ခင်မင်လေးစားစွာဖြင့် ...

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကို သုရေ ကဗျာ အကြောင်းတော့ ပြော မဆုံးပေါင် တော သုံးထောင်ပဲပေါ့။ ကျနော် ဟိုတုံးက ဖတ်ခဲ့ရဘူးတဲ့ ကိုသုရဲ့ ငယ်လက်ရာ “ ကဗျာ့လမ်းကြောင်း” ကဗျာလေးကို ပြန် လွမ်း မိ သဗျို့ ။ ပျော်ရွှင် အဆင်ပြေပါစေ ခင်ဗျာ ။

လေးစား ခင်မင်လျက်
တာ တူး