ဒီ တစ်ကြိမ်
သစ်သီး ကြိုက်တဲ့ လူတွေထဲမှာ
သစ်သီး မကြိုက်တဲ့ သူမကိုတွေ့တယ် ။
ရောင်ခြည်တွေ သိပ်မလင်းလည်း
ကိစ္စမရှိဘူး . . .
သူမက ကန္တာရလေ
အလင်းရောင် နည်းလေ ပိုလှလေ ။
သူမကို ချစ်ရတာ
မှော်ဆရာ တစ်ယောက်ဆီက
လက်စွပ်ကို ခိုးရသလို ။
ကြယ်တွေ ကြွေကျတဲ့ ညတစ်ည လိုပဲ
အဲဒီလိုမျိုး ရင်ခုန်ခဲ့တာ ။
တောင်ထိပ်ကိုရောက်ရင်
နှလုံး ၀ိညာဉ်ဟာ
အရာရာကို ပိုင်စိုးနိုင်တယ်
သူမအချစ်ကိုရရင်
အဲလိုမျိုးဖြစ်မှာ ။
ဘ၀မှာ ခဏခဏ ကံကောင်းစရာမလိုပါဘူး
(ဒါပေမယ့်) ဒီတစ်ကြိမ်ထဲပါ ။ ။
တိမ်မိုးအောင်
* ရေမီးရှားက သူငယ်ချင်း တစ်ယောက်ရဲ့ ကဗျာလေးကို ကူးယူဖော်ပြပေးတာပါ ။ :)
လေးစား ခင်မင်လျက်
တာ တူး
KuchingTrip
1 week ago
8 comments:
မင်္ဂလာပါ မောင်တာတီး
ကဗျာကို လာခံစားသွားပါတယ်။
အင်း..ကိုယ်တို့ ရွာနားစပ်ချုပ်က အကြောင်းပြောရမယ်ဆိုရင် တောသုံးတောင်လောက် ဖြစ်သွားနိုင်တယ်။
ဇာတ်ပွဲခင်းတွေမှာ မိဘ အပြစ်ရှိတဲ့သူတွေခံလို့ အော်ပြီး ပုဆိန် ( ရဲဒင်း )အား ပွဲကြည့်နေတဲ့ လူတွေ အထဲကို လွင့်ပစ်တာတို့..စသည့် စသည့် ပေါ့..ဟ ဟ
ရွှင်လန်းချမ်းမြေ့ပါစေ...
တိမ်မိုးအောင် ရဲ့ ကဗျာလေးကလည်းကောင်းတာပါပဲ---
E-journal ဆိုတော့လည်း စာကောင်း
ကဗျာကောင်းလေးတွေ ဖေါ်ပြတတ်တာပေါ့နော်--
ကောင်းတယ်ဗျာ.
ကျွန်တော်လဲ ပန်းသီးမကြိုက်ဘူး :D :P
“ရောင်ခြည်တွေ သိပ်မလင်းလည်း
ကိစ္စမရှိဘူး . . .
သူမက ကန္တာရလေ
အလင်းရောင် နည်းလေ ပိုလှလေ”
သိပ်လှတဲ့အဖွဲ့လေးပါ ကိုတာတူးရေ။ ထိရှခံစားရစေတဲ့ ကဗျာကောင်းတစ်ပုဒ်အတွက် မူရင်းရေးသူကိုရော ကိုတာတူးကိုပါ ကျေးဇူးတင်ပါတယ်ရှင်...
ကိုတိန်(တိမ်)
တစ်ကယ်ပဲ သူမကိုချစ်ရတာ မှော်ဆရာဆီက လက်စွပ်ခိုးရသလို။ ဒါပေမဲ့ ဒီတကြိမ်ထဲပါ၊ ကံကောင်းပရစေ မှော်ဆရာရေပေါ့။
သုခမိန်(E-Journal)
လှတယ်ဗျာ စကားအသုံးအနှုန်းလေးတွေ
ကျနော့်ရဲ့ သူငယ်ချင်း တိမ်မိုးအောင်ရဲ့ လက်ရာလေးကို လာရောက် အားပေးတဲ့အတွက်
အားလုံးပဲ ကျေးဇူးပါ ခင်ဗျာ။
Post a Comment