Wednesday, October 8, 2008

လေလွင့်ပန်း၏ ခြေရာများ


ညီအကို မောင်နှမ အားလုံးခင်ဗျာ ကျနော် ပိုစ့် မတင်ဖြစ်တာ ကြာပါပြီ ။ဘလော့တွေကို လျောက်လည်တယ် ။ ခြေရာ တော့ မချန်ဖြစ်ခဲ့ပါဘူး။ ဘာကြောင့်မှတော့ မဟုတ်ပါဘူး ။ စိတ်လေနေမိတာပါ ။ ဒီနေ့တော့ ကိုသု ရေးတဲ့ “ပန်းတစ်ပွင့်နှင့် အလွမ်းသင့်လေသည်။” ပိုစ့်လေးကို ကွန်မန့်ရေးချင်တာကနေ စရင်း ကော်မန့်လေးကို ကျနော် ပိုစ့်လေး တစ်ခုအဖြစ် အသွင်ပြောင်းလိုက်ပါတယ် (အပျင်းထူတာ ၊ လူလည်ကျတာ ) ။ ကိုသုခမိန် (E-journal ) အတွက် စာမူခပေးတာပါခင်ဗျာ ။
ကျနော့ကို အပျင်းထူခွင့်ပေးကြပါ ။
ကျနော့ကို လူလည်ကျခွင့်ပေးကြပါ ။



ကိုသုရေ

ပစ်လိုက်သော မြှားကတော့ ထိချက် ပြင်းသဗျာ။ ငါ ဘာကောင်လည်းလို့ ပြန်မတွေးဖြစ်သော လူတွေတောင် သွေးကြောင် သွားစေလောက်တယ် ။ ကျနော်တို့ ဟာ တွေးခေါ်မြှော်မြင်တတ်သော လူသားများ ဖြစ်သော်ငြားလည်း ပန်းတပွင့်လောက်တောင်မှ သစ္စာ မရှိသလို ၊ တာဝန်မကျေသလိုလည်း ဖြစ်နေကြပါပေါ့ဗျာ ။ ကိုသုရေ အခြား တစ်ဖက်ကနေ ဆင်ခြေ ပေးကြည့် ပါရစေ ။ ကို သု အဆိုကို လက်မခံတာ တော့ မဟုတ်ပါဘူး အခြား မြင်ကွင်း ၊ ရှူ့မြင်ရာ တစ်ဖက်က စဉ်းစားကြည့်တာပါ။

ကျနော်တို့တတွေဟာ ကိုယ် မှီတည် ဖြစ်လာရာ ကနေ ရေကြည်ရာ မြက်နုရာ ခွာကြတယ် ။မူလ ဖွားရာ အရပ်မှာ ပြန်ပြီး ဘ၀ကို အဆုံးသတ်လိုသူတွေ ရှိမယ် ။ ဘ၀ဆိုတာ ဒီလိုပါပဲလို့ အစွဲ အလမ်း မရှိသူတွေလည်း ရှိမယ်။ အခြေအနေကြောင့် ဝေးသွားသူတွေလည်း ရှိမယ် . စသဖြင့်ပေါ့ဗျာ။ယထျာဘူတျ ကျကျ ပြောရရင် ဒီမြေ ဒီအရပ်မှာ ကိုယ် ပေါက်ဖွား ၊ အရွယ်ရောက်ပေါ့ . ဒီတော့ ဆရာဇော်ဂျီ ရဲ့ ကဗျာလေးလို "သင်ဖွားသောမြေ သင်တို့မြေလည်း . . . . ." ပေါ့ ။ခက်တာက ကျနော်တို့ အမိမြေကြီး ခုလိုကြုံနေတာက အခြား ဒိုင် မင်းရှင်းတွေဗျ ။

လူဆိုတာ သဘာဝလောကအလိုအရကို အာဏာမက်တယ်၊ စည်းစိမ်မက်တယ်၊ သက်သောင့်သက်သာနေလိုတယ် ၊ (ပြောရရင် ပျင်းတတ်တယ် ) သဘာဝလောက အပေါ်မှာ ငါက လူသား၊ တွေးတတ်ခေါ်တတ်တယ်ဆိုပြီး ခေါင်းတစ်လုံးမြင့်ချင်တဲ့ ဘ၀င်လေးရှိတယ် ။ အဲလို ပေါ့ဗျာ ။ အဲဒီ ဘ၀င်လေး တွေးတတ်ခေါ်တတ်တာလေးက တစ်စ တစ်စနဲ့ ကျယ်လာတော့ အာဏာ ပြတာတွေ၊ ပါဝါပြတာတွေ စတယ်။ အဲဒီ အကျိုးဆက်ကတော် လှန်တဲ့ စိတ်ကလေး ဖြစ်လာတယ်။ ဘာဘုရင်လည်း ဒီကောင်လည်း ငါ့လို ခြေနှစ်ဘက် လက်နှစ်ဘက်ပါ ။ ငါက ကျွဲလို နွားလို ရုန်းရတယ်၊ လက်နက်ဆွဲ တိုက်ရတယ် ။ ဒင်း က စည်း စိမ်ယစ်တယ် ။ မိဖုယားမြှောက်တယ်ဆိုပြီး တော် ကောက်တယ် ဘာညာ စကားလုံးတွေ သုံးပြီး ငါတို့အခွန်ငွေတွေနဲ့ ဇိမ်ကျလို့ ဒါ မဖြစ်သင့်ဘူး စသဖြင့်ပေါ့ဗျာ ။ နဲနဲလေး အသိ ပိုမြင့်လာတော့ ဒီဘုရင်ကွာ ဒါတော့ မလုပ်သင့်ဘူး ။ ဒီလို လေးလုပ်ရင် ပိုကောင်းမယ် ပြည်သူတွေ သက်သာမယ်။ တိုင်းပြည် ပိုစည်ပင်မယ်ပေါ့ ။ အမြင်မတော်တော့ ၀င်ပြော မိတာတို့ ၊ ဝေဖန်တာတို့ ရှိလာတယ် ။ ဒါက အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတွေရဲ့ အမြင်တွေ အသိတွေ ပေါ့။

အုပ်ချုပ်ခံရသူ အချင်းချင်းကျတော့လည်း ဒီကောင်က ဘယ်လိုလေး လုပ်လို့ ဘာဖြစ်သွားတယ် ။ငါ သူ့ထက်သာအောင် ဘာလုပ်မယ် ၊ ဘာညာပေါ့ ။ အဲလိုလေး ခေါင်းတလုံး မြင့်ချင်ကြတယ် ။ သူ့လို ထွန်စက်လေးတော့ ၀ယ်ဦးမှ ။ ဇိမ်နဲ့ ထိုင်လိုက်ရုံပဲ ။ နွားတွေနောက်က ခြေတိုအောင် လိုက်စရာ မလိုဘူး ဘာညာပေါ့ သက်တောင့် သက်သာ နေလိုကြတယ် ။

လိုရင်းကိုပြန်ကောက်ရရင်တော့ ကျနော်တို့ ရှင်သန်ပေါက်ဖွားရာ နေရာကို ပြန် အကျိုးပြုကြဖို့ဆိုတာ ကတော့ နိယာမ တစ်ခု အရ လို ကို လိုအပ်တာပါ ။ ပေးတယ် ၊ ယူတယ် ပြီးရင်တော့ ပြန်ပေး သင့်တာပေါ့ ။ တစ်ခါတစ်ရံတော့ လေနဲ့ အတူ လွင့်သွားတဲ့ ပန်းတွေလည်း ရှိမယ်။ အဆင်း၊ ရနံ့ မရှိသော ပန်းတစ်ချို့လည်းရှိမယ် ။ အဆင်းရော ရနံ့ပါ ရှိပြီး အကျိုးပြုသော ပန်းတွေလည်းရှိမယ် ၊ အကျိုးမပြုသော ပန်းလည်းရှိမယ် ။ အစုံစုံပေါ့ဗျာ။ ကိုသုရေ အကြောင်းကြောင်းတွေကြောင့် လေ နဲ့ပါသွားခဲ့သော ပန်းတို့ဘက်မှ စိတ်ကူးယဉ်ကြည့်မှူ့ တစ်ချို့ပါခင်ဗျာ ။

ခင်မင် လေးစားလျက်
တာတူး


5 comments:

တားမြစ် ထားသော... said...

ကဲ.. ကိုတာတူး။ အဆင်းရော အနံ့ရောပြည့်စုံလို့ အကျိုးပြုနိုင်သောပန်းတစ် ဖြစ်နိုင်ပါစေသား။ ဖြစ်လည်း ဖြစ်စေချင်တာ ဆန္ဒအမှန်ပါ။

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)

မသက်ဇင် said...

ကျနော်တို့ ရှင်သန်ပေါက်ဖွားရာ နေရာကို ပြန် အကျိုးပြုကြဖို့ဆိုတာ ကတော့ နိယာမ တစ်ခု အရ လို ကို လိုအပ်တာပါ ။ ပေးတယ် ၊ ယူတယ် ပြီးရင်တော့ ပြန်ပေး သင့်တာပေါ့

ကိုတာတူးရေ----
အတွေးအခေါ်အရေးအသားတွေက E-journal
အဖွဲ့သားတွေပီပီ တွေးတတ်--ရေးတတ်ပါပေ့ရှင်
ပရဟိတ စိတ်တွေနဲ့အတူ-- အကျိုးပြုနိုင်ကြပါစေ----

Anonymous said...

မင်္ဂလာပါ ကိုတာတူး

လက်ရာတွေ လာမဖတ်တာ ကြာပြီ။ ဒီအတွက်လဲ တောင်းပန်တယ်။ ဒီပို့စ်ကို ဖတ်ပြီး စဉ်းစားသွားတယ်၊“အုပ်ချုပ်ခံရသူ အချင်းချင်းကျတော့လည်း ဒီကောင်က ဘယ်လိုလေး လုပ်လို့ ဘာဖြစ်သွားတယ် ။ငါ သူ့ထက်သာအောင် ဘာလုပ်မယ် ၊ ဘာညာပေါ့ ။ အဲလိုလေး ခေါင်းတလုံး မြင့်ချင်ကြတယ် ။ သူ့လို ထွန်စက်လေးတော့ ၀ယ်ဦးမှ ။ ဇိမ်နဲ့ ထိုင်လိုက်ရုံပဲ ။ နွားတွေနောက်က ခြေတိုအောင် လိုက်စရာ မလိုဘူး ဘာညာပေါ့ သက်တောင့် သက်သာ နေလိုကြတယ် ။”
ဒီအပုဒ်ကို ပိုကြိုက်တယ်။
အင်းလေ... ဒီလိုဖြစ်နေတဲ့ လူတန်းစားတွေ များတော့ စနစ်ကြီးက ဂျပန်မူလီလို အရစ်ရှည် နေရမှာပေါ့..၊

ရွှင်လန်းချမ်းမြေ့ပါစေ...

Anonymous said...

ခက်တာက ကျနော်တို့ အမိမြေကြီး ခုလိုကြုံနေတာက အခြား ဒိုင် မင်းရှင်းတွေဗျ ။အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံတွေရဲ့ အမြင်တွေ အသိတွေ ပေါ့။အုပ်ချုပ်ခံရသူ အချင်းချင်းကျတော့လည်း………..

လေလွင့်ပန်း၏ ခြေရာများ(သို့) ခေးအော့(Chaos)များကို ထင်ထင်ရှားရှားတွေ့နေရပါတယ် ဆရာတာတူးရေ။ အပ္ပမာဒေန သမ္ပာဒေထ - ကိုယ့်ဒဏ်ရာ ကိုယ်မမေ့ကြဖို့ပါပဲ ခင်များ။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုသုရေ ကျေးဇူးတင်ပါတယ်ခင်ဗျာ ။ အချိန်တန်ရင် ပန်းတော့ ပွင့်မှာပါ လို့ ယုံကြည်မျှော်လင့် လျက် ပါ ။
အမ မသက်ဇင်ရေ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဘယ်လိုပုံစံနဲ့ ပြန်ပေးဆပ်မလည်းဆိုတာ ကတော့ အခြေအနေနဲ့ အချိန် အခါပေါ် မူတည်ပြီး ပုံစံကွဲကြလိမ့်မယ် ထင်ပါတယ် အမရေ ။
ကိုလူလရေ ကျနော်တို့ လူမျိုးမှာ အဲလို စိတ်ဓါတ်တွေက ၈၀ ရာနှုန်း မကတော့ဘူး အကို။ လူတွေက အရှည်သဖြင့် မတွေးကြတော့ပဲ ကိုယ်မြင်ရာ မျက်မွေး တစ်ဆုံးလောက်ပဲ ကြည့်ကြ ၊ မြင်ကြတော့တယ် အကို။ စနစ်က ဖျက်တာလား ၊ လူတွေက ပျက်တာလား . . . ဂျာအေး သူ့အမေရိုက်ပါပဲ အကိုရယ် ။
ကိုမာရေးသျှင်ရေ ခုလို သတိပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

အားလုံးပဲ ခုလို လာရောက် အားပေးတာ၊ အကြံပြုပေးတာ ကျေးဇူး တင်ပါတယ်ခင်ဗျာ။

လေးစား ခင်မင်လျက်

တာတူး