Wednesday, October 22, 2008

အားမာန်


ဒီတစ်ခါတော့ အဖေ့ရဲ့ကဗျာ တစ်ပုဒ်ကို ထုံးစံအတိုင်း ကျနော်မှတ်မိသလို ဝေမျှပါရစေ။

ဒီကဗျာလေးဟာ ကျနော်ထက် အသက်ကြီးတာ သေချာပါတယ်။ ဒါပေမယ့် ဘယ်လောက်ထိအောင် ကြီးလည်းတော့ ကျနော်မသိပါ။

E-Journal မှာ အမေရဲ့ ကဗျာတွေကို အရေအတွက်တစ်ခုထိ မျှဝေခဲ့ပြီး ဖြစ်ပေမယ့် အဖေ့ရဲ့ကဗျာ တစ်ပုဒ်သာ မျှဝေရပါသေးတယ်။

တစ်ကယ်တော့ ကျနော်တို့တစ်မိသားစုလုံးဟာ အဖေ့ကြောင့်သာ စာပေအနုပညာနဲ့ အတိုင်းအတာတစ်ခုအထိ နီးစပ်မှုရှိခဲ့ကြတာပါ။ မဝင့်မဝါပြောရရင် ကျနော်တို့မြို့ကလေးတစ်ဝိုက်က လူတော်တော်များများအဝင်အပါလို့ ဆိုနိုင်ပါတယ်။ အဲဒီအတွက် အဖေဟာ တစ်ဘဝလုံးပေးဆပ်ထားခဲ့တာပါ။ အဖေ့ရဲ့ ဘဝဆိုတာ ကျနော်တို့ တစ်မိသားစုလုံးပါ။

ဒီအဖေ၊ ဒီအမေရဲ့သားဖြစ်ရတာကို ကျနော်ဘယ်အရာနဲ့မှ မလဲနိုင်ပါ။



အားမာန်

ချိုင့်တွေ့ရင်ဖို့
တောင်ပို့ကိုဖြို
ချောင်းအိုကို တံတားခင်း
တို့သွားခြင်းကို မတားနဲ့။

တို့ရည်မှန်းထား
ပန်းတိုင်သွားဖို့
အင်အားအပြည့်တို့မှာရှိတယ်။

6 comments:

Anonymous said...

လာခြင်းကောင်းကောင်းသော ကိုမာရေးသျှင်ပါ။ ဒီလိုမိဘနဲ့မို့ ထက်မြက်တဲ့စာတွေ ကျနော်တို့ဖတ်နေရတာ။

တားမြစ် ထားသော... said...

ထပ်လောင်းလို့ ဟစ်ကြွေးချင်ပါတယ်။
“အားအင်အပြည့် တို့မှာရှိတယ်။
အားအင်အပြည့် တို့မှာရှိတယ် !!!

သုခမိန်(E-Journal)

မယ် said...

ဒီအဖေ အမေရဲ့ သားဖြစ်ရတာ ဂုဏ်ယူတဲ့ ကိုမာရေးသျှင်ရေ...
အားမာန်အပြည့်နဲ့ ရှေ့ ခရီးဆက်နိုင်ပါစေ...
(မယ်)

Anonymous said...

ကဗျာလေးကို ဖတ်မိတဲ့အခါ ရင်ထဲကို အားအင်သစ်တွေ တဟုန်တိုးရရှိလာတယ်လို့ ခံစားမိပါတယ် ကိုမာရေးသျှင်ရေ … ။

မသက်ဇင် said...

အားမာန်

ချိုင့်တွေ့ရင်ဖို့
တောင်ပို့ကိုဖြို
ချောင်းအိုကို တံတားခင်း
တို့သွားခြင်းကို မတားနဲ့။

တို့ရည်မှန်းထား
ပန်းတိုင်သွားဖို့
အင်အားအပြည့်တို့မှာရှိတယ်။

မာရေးသျှင်ရေ---
အဖေ့ကဗျာလေးကလည်း အားမာန်အပြည့်နဲ့
အမေ့ကဗျာလိုကောင်းတာပါပဲလား--
ပရဟိတ စိတ်ရှိပြီး အားမာန်ရှိသောစိတ်
ဓါတ်အင်အားကို အဖေ့ကဗျာလေးက ဖေါ်ပြနေတယ်နော်---
ဒီအဖေ ဒီအမေ ရဲ့ သားဖြစ်ရတာ ဂုဏ်ယူ
လိုက်စမ်းပါ---
ခင်မင်လျက်
မသက်ဇင်

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကို မာရေးသျှင်ရေ ကဗျာလေးက ထိထိမိမိ ရှိလှ သဗျာ။ အားမန် တစ်ခု ကို ရအောင် ရေးသားထားနိုင်တဲ့ ကဗျာလေး တစ်ပုဒ်ပါ။ မူရင်း ကဗျာရှင် အဖေကိုရော ဝေမျှပေးသော ကို မာရေးသျှင်ကိုပါ ကျေးဇူး အထူး တင်ပါတယ် ခင်ဗျာ ။

လေးစား ခင်မင်လျက်

တာတူး