Monday, October 13, 2008

Two Museums and A Diary


" ပြတိုက်နှစ်ခုနဲ့ ဒိုင်ယာရီ "


ယင်းမာတွေ လှိုင်လှိုင် ပွင့်တဲ့

ရာသီတစ်ခုရဲ့ နံနက်ခင်းမှာ

လမင်းတစ်စင်းဟာ

ကျနော်တို့ ကျောင်း Canteen မှာ

စတင် သာလာခဲ့ . . . . . ။

ဒီလိုနဲ့ . . . . .



သူမကိုချစ်ရတဲ့ သမိုင်းမှာ

ဓားစာခံ အချို့ ရှိလာတယ်

အမိ YTU ရဲ့ ဆင်ဝင်တောင်

ကျနော့် မျှော်စင်ဖြစ်ဘူးရဲ့ . . .

ကံ့ကော် တန်းမှာ

ကျောင်းတော်ကြီး အ၀င်လမ်းမှာ

ကုက္ကိုတန်းမှာ

. . . . . . . မှာ

စင်္ကြံ လမ်းတစ်လျောက်မှာ

သူမ အရိပ်တွေ လိုက်ကောက်နေမိခဲ့ . . .

ဒီ . စကားပင်တွေ အောက်ပေါ့

သူမကို ခြေရာကောက်ရင်း

စကားလုံးတွေ လေပြေသိသွားခဲ့ ဘူးတယ် . . . ။

Library ရဲ့ ပြူတင်းလို

ခပ်တင်းတင်းစေ့ထားတဲ့

နှုတ်ခမ်းပါးလေးရေ

နင်ကတော့ မေ့နေလောက်မှာပါ

စကားဖြူပွင့်တွေကြားမှာ

အစိမ်းရင့်ရင့် တစ်ပွင့်

ခြွေ လွှင့်ခဲ့တာဘူးကိုပေါ့ . . . ။

ပွင့်ချပ်မဲ့နေတဲ့ ရေပန်းလေးရယ်

ငါလည်း နင့်လိုပါပဲ

အဓိပ္ပါယ်တွေပျောက်ဆုံး . . .

သံစဉ်မဲ့ရပ်ဝန်းက Canteen လေးအတိုင်း

ငြိမ်ငြိမ်လေး . လျောင်းရင်း . . . ဆွေး

အသဲကွဲတေးတောင် ဆို မဖြစ် . . . . . ။

သိပ်ချစ်နေဆဲပဲဆိုတာ

သူမက သိမယ်မထင်တော့ပါဘူး

ကျနော့်မှာ . . .

မနက်မနက်ဆို

Main Building ထက်က

ဝဲကျနေတဲ့ နွယ်တွေငေးရင်း

ကျစ်ဆံလေးကို လွမ်းရဆဲ . . . . . ။


(ဟိုတုံးက ရေးခဲ့ဘူးတဲ့ ကဗျာလေး တစ်ပုဒ်ပါ ။ အမှတ် တရ တင်လိုက်ပါတယ် ခင်ဗျာ။)


12 comments:

Anonymous said...

ကိုတာတူးရေ ကျောင်းနဲ့သူမကို တွဲပြီးလွမ်းသွားပါတယ်ဗျာ

တားမြစ် ထားသော... said...

ကိုတာတူး။
ဟောင်းပေမဲ့လည်း ကောင်းနေဆဲပါပဲ။ ခံစားချက်တို့ အသစ်ဖြစ်နေရပြန်ပြီထင်ပ။ တကယ်တော့ အချစ်ဟာ အချစ်ပါပဲဗျာ။

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)

စူး said...

main building ကို အပတ်ပေါင်းများစွာပတ်
ကော့တော့တော့နဲ့ ဘောက်ဆတ်ဆတ်လျှောက်
ိစိတ်ကောက်ခွင့်ရခဲ့တဲ့ အချိန်တချို့ကို
ကျောင်းတော်ကြီးနဲ့အတူ ... လွမ်းတယ်..။

အခုတော့လည်း အလွမ်းသည် အလွမ်းသာ ဖြစ်လျက်
တချို့အတိတ်တွေက ရီမောစရာကောင်းခဲ့ လို့..

မသက်ဇင် said...

အဓိပ္ပါယ်တွေပျောက်ဆုံး . . .
သံစဉ်မဲ့ရပ်ဝန်းက Canteen လေးအတိုင်း
ငြိမ်ငြိမ်လေး . လျောင်းရင်း . . . ဆွေး
အသဲကွဲတေးတောင် ဆို မဖြစ် . . . . . ။
သိပ်ချစ်နေဆဲပဲဆိုတာ
သူမက သိမယ်မထင်တော့ပါဘူး

ကိုတာတူးရေ--- အဟောင်းလေးက အသစ်
ဖြစ်လို့ ချစ်နေဆဲပေါ့နော်---
ကဗျာလေးက လွမ်းဆွတ်ဖွယ်ရာပါ--
ကဗျာအရေးကောင်းပါပဲ---
E-journal စာပေအဖွဲ့က ဆိုတော့လည်း--
ကောင်းမှာပေါ့--
ဟိုတုံးကတည်းက စာပေသမားတွေကိုး---
အားပေးနေပါတယ်--

RePublic said...

ကျောင်းနဲ့ ကဗျာ လေး ကို ရောပြီးခံစားသွားပါတယ် ကိုတာတူးရေ ၊၊
အားလုံးမင်္ဂလာပါဗျာ ၊၊

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုရွာသားလေးရေ တွေးလေလေ ဆွေးမပြေဘူး လို့ ပြောရမလားပဲနော် ။

ကိုသုရေ ခံစားချက်တွေ အသစ်ဖြစ်တာ မဟုတ်ပါဘူးဗျာ ဆရာ မောင်စိန်ဝင်း ကဗျာလေးထဲကလိုပေါ့ “တွယ်တာပြီးမှ မေ့လို့ ရမလား” တဲ့ ။ :)

မမြတ်နိုးရေ အမ ပုံဖော်မှပဲ ပြည့်စုံသွားတယ် ။ ဟုတ်တယ် အမရဲ့ သူလည်း YTU ကျောင်းသူပီပီ အဲလို အမူအရာတွေ လုပ်ဘူးတယ်။ ပိုတောင် လွမ်းသွားပြီ အမရယ် ။

ဟုတ်တယ် အမ မသက်ဇင်ရေ ကျနော်တို့ Canteen က လူသံက လွဲရင် တိတ်တိတ်ဆိတ်ဆိတ်ပဲ ။ ညဘက်များ ဂစ်တာတီးတာက ပြန်လာလို့ ဂရုတစိုက်ကြည့်ရင် သူ့ပုံစံက ဆွေးဆွေးမြေ့မြေ့ နဲ့ လျောင်းနေပုံလေး အမရဲ့ ။ လာအားပေးတာ ကျေးဇူးတင်ပါတယ် အမရေ ။

ကို Republic ရေ ကျောင်းကတော့ လွမ်းစရာတွေ အပြည့်ပဲနော် အကို ။
အားလုံးပဲ ခုလို လာအားပေးတာ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

လေးစား ခင်မင်လျက်

တာတူး

မဟာဆန် said...

ကျောင်းကိုလွမ်းသွားတယ်။ မာမီကျော့ ဆူသံတောင် ပြန်ကြားလာသလိုပဲ။ ဟီးဟီး။ ဒါနဲ့ စကားမစပ်...သီတင်းကျွတ်ပြီနော်

ကိုရင်နော်ခင်လေးငယ် said...

ကိုတာတူးရေ...
အလွမ်းတွေနဲ့ သတင်းကျွတ်ပြန်ဘီနော်..
ဒီလို.. ဒီလိုနဲ့ပါဘဲ
ကဗျာတွေစပ် ကာရံတွေထပ်ရင်း ကာရံတွေမဲ့လိုမဲ့...
အဆက်အစပ်မရှိ စာတွေဖြစ်လိုဖြစ်နဲ့
ခင်လေးတို့တော့....
ဘာတွေဖြစ်ကုန်ပြီလည်းမသိ...!! (:P)

မောင်မဲ said...

လွမ်းတော့လည်းလွမ်းပေါ့ဗျာ......
ဒီအတိုင်းကြီးပဲ လွမ်းနေတော့မှာလား........

Yan said...

ဒီကျောင်းတော်ကြီးကို မြင်တိုင်း ရင်ထဲ ဆစ်ခနဲ နာကျင်မိတယ်.

ဓာတ်ပုံလေးကောင်းသလို ကဗျာလေးကလည်း ဆွတ်ပျံ့လွမ်းမောဖွယ်လေးပါပဲဗျာ.

ခင်မင်စွာဖြင့်

ရန်အောင်

Anonymous said...

ဒီကဗျာလေးက ကျွန်တော်မေ့ချင်ယောင်ဆောင်ပြီး မြေမြုတ်ပစ်ထားတဲ့ ဒဏ်ရာဟောင်းတွေကို ပြန်တူးဆွ သွားတယ်ဗျာ...။ အလွမ်းတွေ ပြန်ပေါ်ကုန် ပြီဗျာ ... ဘယ်လို လုပ်ရမလဲ ... ခက်ကုန်ပြီဗျာ ။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

မဟာဆန်ရေ မာမီကျော့ကိုတော့ လွမ်းသား ။မာမီ့ကို မတွေ့ရတာတောင် ကြာပေါ့ဗျာ။ သီတင်းကျွတ်လား ။ :D သြော် ပြီးရင် တန်ဆောင်မုန်းပေါ့ဗျာ ပြီးတော့ နတ်တော် ပြာသို အဲလိုပဲ လည်မှာပါ ။ :P
ခင်လေးရေ သီတင်းကျွတ်ဆီ၊ သောရီ တန်ဆောင်မုန်းတဲ့ ။ အဲ ဘာတွေမှန်းတောင် မသိတော့ပါလား ။ ရက်ရာဇာတွေ ထင်ပ ။ :D ဟီး ဟီး ကျွတ်ချင်ပ ။ ကျွတ်လို့မှ မရတာ ကို။
ကဗျာက အဖြစ်အပျက်ကို တင်ပြချင်ဇောနဲ့ ကာရံတွေ ပျောက်သွားတာ ပါ။ ခွင့်လွှတ်ပြိး ဖတ်ပေးပါ ခင်လေးရေ ။
ကိုမဲရေ ဒီအတိုင်းကြီး မလွမ်းချင်သော်ငြားလည်း ဒီအတိုင်း ထိုင်လွမ်းယုံပဲ တတ်နိုင်ပါကြောင်းခင်ဗျာ။ :D
ကိုရန်အောင်ရေ အကိုလည်း ခံစားချက် အဟောင်းလေးတွေ ရုံးကြွလာတယ် ထင်တယ်။ လာလည်ပေးတာ ကျေးဇူးတင်ပါတယ် အကို။
ကို အိမ်မက်ရှင်ရေ အလွမ်းတွေ ပြန်ပွလာရင်တော့ ကျနော်လည်း တတ်နိုင်ဘူး။ ကဲလာ သွားမယ်ဗျာ နွေအေးဖြစ်ဖြစ်၊ မေတ္တာပေါင်းကူးဖြစ်ဖြစ် ပေါ့။ :D