ရနံ့
တစ်ထပ်ပြီးတစ်ထပ်
တစ်လွှာပြီးတစ်လွှာ
တစ်နှစ်ပြီးတစ်နှစ်နဲ့
ရာစုတွေလည်းပြောင်းခဲ့ပြီ . . .
အနည်ထိုင်ကျောက်တွေနဲ့အတူ
တန်ဖိုးတွေလည်း မြင့်တက်လာခဲ့ပြီ . . .
အရည်ပျော်မြစ်တွေ စီးဆင်းခြင်းနဲ့အတူ
မေတ္တာတရားတွေ စီးမျောနေတာတွေ့တယ် . . .
ချစ်ခြင်းတရားရဲ့ အနံ့တွေမွှေးပျံ့လာတယ် . . .
အာရုံတွေအားလုံးရဲ့ တောင့်တမှုနဲ့
အသက်ရှင်ချိန်တွေအားလုံး ပေးဆပ်ရမယ့်အတူတူ
မျက်ရည်မြစ်တွေရဲ့ မြစ်ဖျားခံရာကိုရှာဖွေရင်း
ဘ၀ကို ငါစတေးပါရစေ . . .
နယုန်မိုး
ဆုံရပ် 1st Dec 2024
2 weeks ago
3 comments:
နာဂစ်ရဲ့ဒုက္ခတွေကို ဘ၀နဲ့ရင်းပြီး ကူညီတဲ့ blogger ညီအစ်ကိုများကို ဂုဏ်ပြုလျက်
ဤရာစုနှစ်
ငါတို့ခေတ်တွင်
ထိုမြစ် ခမ်းခြောက်ရမည်တည်း။
မေတ္တာ တရားရဲ့ ရနံ့က ထုံအီ
အမည်သိခွင့်မရတဲ့ ခပ်ဆိုးဆိုး ပုဒ်မတွေက ထပ်
ဇာတ်ကတော့ နာလွန်းအားကြီးသည်
အို ဘယ့် အမိ မြန်ပြည် . . . ။
Post a Comment