ဘုရားရှေ့ဝယ်
အငွေ့လှိုင်လှိုင် နံ့ကြိုင်ကြိုင်ဖြင့်
တစ်တိုင်ဆီမီး ထိန်ထိန်ညီးတည့်
သူ့အလျှံမှ တစ်ဖန်ကူးဘိ
သူ. ငါ. ညှိလည်း မသိလျော့ကာ
ထိန်မြဲသာတည့် . . . ။
တာတူးတို့ ငယ်သူချင်းအားလုံး ဆရာကန်တော့ပွဲ လုပ်ကြဖို့ တိုင်ပင်ကြရင်းနဲ့ တာတူးတို့ကို ပညာသင်ကြားပေးခဲ့သော ဆရာ၊ဆရာမ များကို သတိရတာနဲ့ တာတူး ၅ တန်းတုံးက သင်အံ့ခဲ့ဘူးတဲ့ ဒီ "ဆီမီးတိုင်"ကဗျာလေးကို ရေးတင်လိုက်တာပါ။ ဆရာ၊ ဆရာမတွေကို ဂုဏ်ပြုရေးဖွဲ့ထားတဲ့ ကဗျာလေး တစ်ပုဒ်ပါ။ တာတူးတို့ ၅ တန်း မြန်မာစာ ဖတ်စာအုပ်ထဲကပါ။ကဗျာရေးသားသူကိုတော့ တာတူး မေ့နေလို့ ခွင့်လွှတ်ပေးကြပါ။ သိရင်လည်း ပြောပေးကြပါ။ ကျေးဇူးတင်လျက်ပါ။
ဆရာ၊ ဆရာမ အပေါင်းကို လက်ဆယ်ဖြာ ထိပ်မှာမိုးလျက်
တာတူး
KuchingTrip
1 week ago
8 comments:
ဘယ်သူရေးမှန်း ကျွန်တော်လည်းမသိဘူး။ ပါးစပ်ထဲတော့ စွဲနေတာပဲဗျ။
ကိုတာတူးရေ ဆရာ၊ဆရာမတွေရဲ့ ကျေးဇူးကတော့ အင်မတန်ကြီးမြတ်လှပါတယ်။ ကဗျာလေးလည်း ဖတ်သွားပါတယ်။
မဇနိ
ဒါဟာ ကောင်းသောသတိရခြင်းပါ ညီ
ကဗျာလေးက တိုတိုလေးနဲ့ကောင်းတယ်ဗျ
ကောင်းသော သတိရ တမ်းတခြင်းပါ။ ကန်တော့ပွဲလေးလဲ ဖြစ်မြောက် အောင်မြင်ပါစေ။
အားလုံးပဲခင်များ ကျနော့် ကဗျာခေါင်းစဉ်က မှားနေတယ်ဆိုတာ ဒီနေ့ ကိုဝင်းဇော် ဘလော့ကို သွားလည်ရင်းမှ သိလိုက်ရပါတယ်။ http://winzaw-mdy.blogspot.com/2008/06/blog-post_06.html
အဲဒီလင့်မှာ ကြည့်နိုင်ပါတယ်ခင်ဗျာ။ အားလုံးကို ကျနော့် အမှားအတွက် တောင်းပန်ပါတယ်ခင်ဗျာ ။
ကိုတာတူးရေ…ဆရာတွေရဲ့ ကျေှးဇူးကို မမေ့မလျော့ပဲ ပူဇော်ချင်တဲ့ ကုသိုလ်စိတ်လေးကို သာဓုခေါ်ပါတယ်…
ဆရာကို ဆရာလို့ မြင်တဲ့သူရှားတဲ့ ခေတ်မှာ ဒီပို့ စ်လေးဖတ်ရတော့ ကိုတာတူးကို လေးစားမိတယ်..။
Post a Comment