ဘာပဲဖြစ်ဖြစ် ဒီအပိုင်းကို တပိုင်းတကဏ္ဍ ထားရမယ်။
ငါတို့ခေတ်နှင့် အပြိုင်။
လူငယ်တွေအကြောင်း ပြောကြမယ်ဟေ့ လို့တော့ မဟုတ်ပါဘူး။ ဒီရက်ပိုင်းမှာ စာအုပ်တအုပ် ဖတ်ရင်း ဖတ်နေတဲ့ စာအုပ်ရဲ့ နောက်ဆုံးနားမှာ စာအုပ်ကြေငြာတစ်ခု တွေ့တယ်။ ကြေငြာတားတဲ့စာအုပ်ကို ကျွန်တော်ကတော့ မဖတ်ဘူးပါဘူး။ ဖတ်ဖူးသူတွေရှိရင်လည်း အကြောင်းအရာလေးတွေကိုတော့ သိချင်သား၊ ပီဒ်ီအက်ဖ်နဲ့ ရှိနေရင်လည်း လိုချင်သား လို့တော့ တွေးမိပါတယ်။ စာအုပ်အကြောင်းလည်း သေချာမသိ၊ ဖတ်လည်းမဖတ်ဖူးပါဘူး။၊ ဒါပေမဲ့ ကျွန်တော်တို့ ဂျာနယ်လေးအတွက် မှတ်မှတ်ရရ ဒီကြေငြာလေးကို ကူးယူဖော်ပြချင်လောက်အောင် ကြိုက်သွားမိလို့ပါ။ ခေတ်တခေတ်ရဲ့ လိုအပ်နေတဲ့ လူငယ်တွေဖြစ်မယ်ထင်တယ်။ ပြောချင်တာက အဲဒီစာအုပ်ရေးသားချိန်၊ အဲဒီခေတ်မှာ စာရေးသူက သူလိုချင်တဲ့ သူဖြစ်စေချင်တဲ့ လူငယ်တွေအကြောင်းထင်ပါတယ်။ ကျွန်တော်ကလည်း မဆီမဆိုင် စဉ်းစားမိပါတယ်။
ဒါဟာ လူငယ့်အားမာန်၊ လူငယ်တွေမှာ ရှိသင့်တဲ့ စိတ်နေစိတ်ထား လို့ပါ။ ဘယ်လိုခေတ်မှာမဆို ဒီလိုလူငယ်တွေရှိနေရင်၊ ဒါမှမဟုတ် ရှိနေတဲ့တိုင်းပြည်တစ်ခုဟာ တိုးတက်လာမှာ အမှန်ပဲ။ ဒါဆိုရင်တော့ ဒီစာတွေဟာလည်း ခေတ်နဲ့ စနစ်ကိုကျော်ဖြတ်နိုင်ရမယ်။ ဘယ်လိုအခြေအနေမှာ၊ ဘယ်လိုခေတ်မှာပဲ ဖတ်လိုက်ရ ဖတ်လိုက်ရ လူငယ့်စိတ်ကို ဖမ်းစားနိုင်ရမယ်။ ဒီစာတွေဟာ လူငယ်ကြိုက်ဖြစ်ရမယ်။ အဲဒီလိုတွေးပါတယ်။
ကျွန်တော်တို့ရဲ့ စာဖတ်သူ၊ ဒီဘလော့ဂ်လေးကို အားပေးနေသူတွေဟာလည်း လူငယ်တွေပါပဲ။ တိုက်ရိုက်မဟုတ်တောင် ကိုယ့်ကိုကိုယ် လူငယ်လို့ ခံစားချက်ရှိသူတွေ ဖြစ်လိမ့်မယ်လို့ ထင်လိုက်တာ။ မမှားဘူးဆိုရင်တော့ ဒီစာလေးကို ကြိုက်ကြမှာပါ။ အယူအဆတစ်မျိုးရှိလို့ မကြိုက်ဘူးဆိုလည်း တစ်မျိုးပေါ့ဗျာ။ ဘယ်လိုပဲဖြစ်ဖြစ် ဖတ်ကြည့်သွားတယ်ဆိုရင် ဝေမျှလိုက်ရတာအတွက် ကြေနပ်ပါတယ်။
သုခမိန်။…..။
*******************************************************************
ငါတို့ခေတ်နှင့် အပြိုင်
(မင်းကျော်)
ငါတို့ဟာ လူငယ်တွေဖြစ်တယ်။
ဒါပေမဲ့ ငါတို့ဟာ လမ်းပေါ်မှာ ရည်ရွယ်ချက်မရှိ၊ မျှော်မှန်းချက် နတ္ထိနဲ့ လျှောက်နေတဲ့ လူငယ်တွေမဟုတ်ဖူး။
ငါတို့မှာ ယုံကြည်ချက်ဆိုတာရှိတယ်။
ငါတို့မှာ မျှော်လင့်ချက်ဆိုတာလဲ ရှိတယ်။
ငါတို့မှာ အားမာန်နဲ့ သတ္တိလဲရှိတယ်။
ဒါကို ဒင်းတို့တတွေသိတယ်။
ဒါပေမဲ့ ဒင်းတို့က ငါတို့ကို တိရစ္ဆာန်တွေလို သဘောထားပြီး စော်ကားချင်ကြတယ်။ စော်ကားကြတယ်။
စဉ်းစားကြည့်ပါ။
အစော်ကားခံရလွန်းရင် နာကျည်းတတ်မြဲ မဟုတ်လား။
ဒေါသဆိုတာ နာကျည်းခြင်းမှာ အခြေခံတယ်။
X X X
တကယ်တော့ ဒို့ဟာ တိရစ္ဆာန်တွေမဟုတ်ဖူး။ ဒါပေမဲ့ ....
ငါတို့တတွေဟာ -
အားမာန်ကို အားမာန်ချင်း၊ သတ္တိကို သတ္တိချင်း၊ ယုံကြည်ချက်ကို ယုံကြည်ချက်ချင်း၊ မျှော်လင့်ချက်ကို မျှော်လင့်ချက်ချင်း အားပြိုင်တိုက်ခိုက်ကြရလိမ့်မယ်။
အဲဒီလို တိုက်ခိုက်ရင်း တွေ့ကြုံရမယ့် -
လူတန်းစား ပြဿနာတို့၊ ဘဝရပ်တည်မှု ပြဿနာတို့၊ အသည်းနှလုံး ပြဿနာတို့ စတဲ့ အထွေထွေ အတွေ့အကြုံတွေကို ငါတို့တတွေ မတုန်မလှုပ် ရင်ဆိုင်ရလိမ့်မယ်။ ဒါတွေအတွက် ငါတို့နောက်ဆံမတင်း မျက်ရည်မကျစတမ်းနဲ့ …
ဆုံရပ် 1st Dec 2024
2 weeks ago
5 comments:
တကယ်တော့ ဒို့ဟာ တိရစ္ဆာန်တွေမဟုတ်ဖူး။ ဒါပေမဲ့ ....
* တချို့က ပုတ်သင်လိုခေါင်းညိတ်ပြီး၊ ရာသီအလိုက် အရောင်ပြောင်းနေကြတယ်။
* တချို့ကြတော့ ဓါတ်ခွဲစမ်းသပ်ခန်းထဲက ဖားကလေး၊ ယုန်ကလေးတွေလို ငြိမ်ငြိမ်ကလေး အသေခံကြတယ်။
* တချို့ကတော့လဲ မျောက်သင်းကွဲတွေလိုပဲ။
* တချို့ကိုတော့ မုဆိုးလမ်းပြ တောလိုက်ခွေးတွေလို့ ဆိုချင်တယ်။
* တချို့က ခြင်္သေ့ရေခြုံထားတဲ့ မြည်းတွေ။
* တချို့က အမြီးဖြတ်ဖို့ အဖော်ညှိတဲ့ မြေခွေးတွေလဲ ရှိသေးရဲ့။
* ဥပုသ်စောင့်ပြီး သက်သတ်လွတ် စားတယ်ဆိုတဲ့ ကျားငစဉ်းလဲ တွေလဲ အများကြီးဘဲ။
ကောင်လိုက်တဲ့ ..အတွေးနဲ့ အရေးဗျာ..။
တကယ်ကို ချီးကျူးမိပါတယ်... အခုလိုတင်ပြပေးတဲ့ ကိုတားမြစ်ကိုလဲ ကျေးဇူးအထူး တင်တယ်ဗျာ..။ နောက်နောင်လဲ...လုပ်ပါအုံးနော်..။
အကောင်းဆုံးပါပဲ
အကိုရေ..
မတုန်မလှုပ် ရင်ဆိုင်နိုင်ဖို့
အားတွေတင်းထားပါရက်နဲ့....
“................”
“..............”
“............”
“..........”
“........”
“......”
“....”
“..”
(ခင်လေးငယ်)
ဟုတ်တယ်နော်။ နောက်ဆုံးတော့ ကိုယ့်တိုက်ပွဲကို ကိုယ်ပဲ တိုက်ရတာပဲ။
လူငယ်များအတွက် အားရှိစရာပါဗျာ ၊၊
Post a Comment