Sunday, November 25, 2007

မှန်

ဗြုန်းကနဲ မှန်ထဲကို သေသေချာချာပြန်စိုက်ကြည့်မိသည်။ ခါတိုင်းဆို မနက်လင်းတိုင်း ဒီမှန်ရှေ့ မျက်နှာသစ်နေကျ ပုံမှန်အတိုင်း ကိုယ့်မျက်နှာကိုတောင်သေချာမကြည့်ဖြစ်ဘဲ မျက်နှာသစ်ပြီးသွားတာပါပဲ။ ဒီနေ့မနက်ကျမှ ခုလိုမှန်ထဲ ကိုယ့်မျက်နှာကို သေချာပြန်ကြည့်မိတာ ဒါပထမဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ . . . . . .

မိုးလင်းလင်းချင်း သွားမတိုက် ၊ မျက်နှာမသစ်ဘဲ အိမ်ရှေ့က လဟာပြင်ထဲ လေသန့်သန့်ကိုရှုလိုက်ရမှ သူ့အကျင့်က။ ပြီးတော့မှ သွားတိုက်မျက်နှာသစ်သည်။ ဒီဘေစင် (basin) ကမှန်ကို သေချာဂရုမစိုက်မိဘဲ မနက်ခင်းပေါင်းများစွာကျော်ဖြတ်လာခဲ့သည်မှာလည်း ကြာပြီ။ ဒီနေ့တော့ မျက်နှာသစ်ခါနီး မှန်ထဲကို အမှတ်တမဲ့ကြည့်လိုက်မိတော့ ကိုယ့်မျက်နှာကို ကိုယ်ပြန်တွေ့ရသည်။ ဒါပေမယ့် ပုံမှန်တော့မဟုတ်။ ကျနော့်မျက်လုံးတွေ ၊ ကျနော့်နှုတ်ခမ်းတွေမဟုတ်သလို ခံစားရသည်။ အဲဒါနဲ့ပဲ ဒီနေ့မနက်ကျမှ ဒီမှန်ထဲကို နောက်ထပ်တစ်ခါ သေချာပြန်ကြည့်ဖြစ်တာပါပဲ။ ပြီးတော့ ကျနော် မှန်ထဲကကျနော့်ကို ပြုံးပြကြည့်သည်။ သူက ပြန်ပြုံးမပြ။ ဟာ ! ဒါဆိုလွဲပြီပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မှန်ရဲ့သဘောက ရောင်ပြန်ဟပ်တာပဲမဟုတ်လား။
ကျနော်ပြုံးပြရင် မှန်ထဲကကျနော်ကလည်း အပြင်ကကျနော့်ကို ပြန်ပြုံးပြရမှာပေါ့။ ဟုတ်ဖူးလား။ အဲ - ဒါပေမယ့် အခုတော့ အဲဒီလိုမဟုတ်တော့ဘူးဗျ။ မှန်ထဲကကျနော်က အပြင်ကကျနော့်ကို ခပ်တည်တည်ပဲ စိုက်ကြည့်နေတယ်ဗျ။ ရုတ်တရက် ဗြုန်းဆို ကျနော့် ကြက်သီးတွေဘာတွေထပြီး စိတ်ထဲထိတ်သွားတယ်။ ပြီးတော့ ကျနော်က မှန်ထဲကကျနော့်ကို ခေါင်းခါပြတော့ အောင်မယ် . . မှန်ထဲကကျနော်က ခေါင်းပြန်ညိတ်ပြတယ်ဗျ။ ကျနော်ခေါင်းခါတာကို သူသဘောပေါက်တယ်ပေါ့လေ။ အဲဒါနဲ့ ကျနော်လည်း သိပ်တော့ စိုးရိမ်စိတ်မရှိတော့ပါဘူး။ မှန်ထဲကကျနော်နဲ့ အပြင်ကကျနော်တို့ နားလည်မှုတစ်ခုတော့ရှိသွားပြီလို့ထင်လိုက်တယ်။ အဲဒါနဲ့ ကျနော်က နောက်ထပ်တစ်ခု စမ်းကြည့်တယ်။ အသံပေါ့ . . .
မှန်ထဲကကျနော်က အသံနဲ့ကောပြန်ပြောနိုင်လားလို့ စမ်းကြည့်ချင်လာတယ်။ အဲဒါနဲ့ ကျနော်က မှန်ထဲကကျနော့်ကို င်္မင်္ဂလာပါ င်္ လို့ပြောလိုက်တယ်။ အဲဒါနဲ့သူကလည်း ကျနော့်ကို င်္မင်္ဂလာပါ င်္တဲ့ ! ဟာ - ဒါဆို မှန်ထဲကကျနော်နဲ့ စကားပြောလို့ရပြီပေါ့လို့ ကျနော်တွေးလိုက်မိတယ်။ ဒါနဲ့ ကျနော်ကဆက်ပြီး ခင်ဗျားက ကျနော်လားလို့မေးတော့ မှန်ထဲကကျနော်က င်္ခင်ဗျားကခင်ဗျား ၊ ကျနော်က ကျနော်ပါပဲ င်္တဲ့။ ဒါဆိုမတူဘူးပေါ့နော် လို့ ကျနော်ကပြန်မေးတော့ သူက င်္အတူတူတော့ အတူတူပါပဲ ၊ ဒါပေမယ့် မတူဘူးဗျ င်္လို့ ပြန်ဖြေသဗျ။ အဲဒါနဲ့ ကျနော်လည်း နားရှုပ်သွားတော့ ခင်ဗျားရှင်းအောင်ဖြေစမ်းပါဗျ လို့ စိတ်တိုတိုနဲ့ ခပ်ဆတ်ဆတ်ပြောလိုက်တော့ - အောင်မယ် သူက ရယ်သဗျ။ င်္ခင်ဗျားကလည်း စိတ်ဆိုးတယ်မြန်သကိုး ၊ ကျနော်ပြောတာက ကျနော်က ခင်ဗျားတော့ ခင်ဗျားပဲ ၊ ဒါ့ကြောင့်အတူတူပဲလို့ပြောတာ ၊ ဒါပေမယ့် ကျနော်က မှန်ထဲက - ခင်ဗျားက အပြင်ကဆိုတော့ မတူဘူးလို့ပြောတာ ၊ ရှင်းပြီလားဗျ င်္လို့ ခပ်ရွှင်ရွှင်အသံနဲ့ ကျနော့်ကို ပြန်ဖြေရှင်းတယ်။ ဒါနဲ့ ကျနော်လည်း နည်းနည်းတော့ အားနာသွားသဗျ။ သူပြောတာလည်း ဟုတ်တာကိုး။အဲဒါနဲ့ ကျနော်က သူ့ကို ဆောရီးပဲဗျာ ၊ ကျနော်က နားရှုပ်သွားလို့ ခင်ဗျားကို ခပ်ရှင်းရှင်းပြန်ပြောပြခိုင်းတာပါ ၊ စိတ်မဆိုးပါဘူး လို့ ပြန်ပြောလိုက်တယ်။ သူကတော့ ကျနော့်ကိုကြည့်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ပြုံးပြနေတယ်ဗျ။ ပြီးတော့ သူကကျနော့်ကို ပြောပြန်တယ်။ ခင်ဗျား ဟိုစာတန်းလေးကို ဖတ်ဖူးလား ? င်္သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ င်္ဆိုတဲ့စာတန်းလေးလေ လို့မေးတယ်။ ကျနော်က အင်း . . . ဖတ်ဖူးပါတယ်။ ဘာဖြစ်လို့လဲလို့ ပြန်မေးတော့ သူက ဟက်ဟက်ပက်ပက်ရယ်သဗျ။ ပြီးတော့မှ အရယ်ရပ်ပြီး ခင်ဗျားက အခုထိ အတွေးမပါဘဲနေတုန်းကိုးဗျ။ အဲဒီ့စာတန်းကို ခင်ဗျားသေချာစဉ်းစားကြည့်စမ်းပါဗျ။ ခင်ဗျားဟာ စိတ်ကောင်းရှိသူလား ၊ စိတ်ထားမကောင်းသူလားဆိုတာ ခုနက ခင်ဗျားမေးခွန်းလို ခင်ဗျားအတွေးရှုပ်သွားမှာပဲဗျ။ လို့ ပြောတယ်။ အဲဒါနဲ့ ကျနော်ကဆက်ပြီး သူ့ကို ခင်ဗျားကလည်း တစ်ခါတည်းခပ်ရှင်းရှင်းပဲ စကားပြောစမ်းပါဗျာ။ တွေးခိုင်းမနေပါနဲ့လို့ ကျနော်ကပြောတော့ သူက အင်း . . . ဒီလိုဗျ။ အဲဒီ့စာတန်းလေးက င်္သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ င်္ ဆိုတော့ သင်မကောင်းလျှင်တော့ ကျွန်ုပ်က ဆိုးတော့မည်ပေါ့ ?
ဒါဆိုရင်တော့ ခင်ဗျားစိတ်က မခိုင်မာသေးဘူးပေါ့။ စိတ်ထားကောင်းတယ်ရယ်လို့ မဆိုဘူးပေါ့။ ကျနော်ကတော့ ခင်ဗျားကို ရဲရဲပြောရဲတယ်။ ကျနော်က ခင်ဗျားရဲ့မှန်ထဲကအရိပ် ၊ ဒါပေမယ့် ခင်ဗျားလိုတော့ မဟုတ်ဘူး ။ ကျနော်က ခင်ဗျားစိတ်ဆိုးတိုင်း စိတ်လိုက်မဆိုးဘူး။ ကျနော့်စိတ်ထဲကအတိုင်း ကောင်းသောတုံ့ပြန်ခြင်းပဲပေးတယ်။ ဒါကျနော့်ရဲ့စိတ်ထားပဲ။ ဒါ့ကြောင့် ကျနော်က ခင်ဗျားတော့ ခင်ဗျားပဲ။ ဒါပေမယ့် ခင်ဗျားမဟုတ်ဘူးလို့ ဆိုတာပေါ့ဗျ။ ခင်ဗျားစိတ်ဆိုးတိုင်းသာ ကျနော်ပါလိုက်စိတ်ဆိုးရင် ကျနော်က ခင်ဗျားရဲ့အရိပ်ပဲပေါ့ဗျာ။ အခုတော့ ကျနော်က ကျနော်ပါပဲ။ ခင်ဗျားကလည်းခင်ဗျားပါပဲ။ ခင်ဗျားက မှန်ထဲက ကျနော့်ကို ကြည့်ပြီး ပြုမူဆက်ဆံလည်း ခင်ဗျားအတိုင်း ကျနော်က လိုက်မလုပ်ဘူးလေ။ ကျနော့်စိတ်ရင်းအတိုင်း ခင်ဗျားကို ပြုမူဆက်ဆံတာပါ။ ဒါဆို ခင်ဗျားသဘောပေါက်ပြီလား ၊ ခင်ဗျားနဲ့ ကျနော့်ကွာခြားချက်ကို
. . . . . .
သြော် . . . ကျနော်သဘောပေါက်သွားသည်။ ဒီနေ့မနက် မျက်နှာမသစ်ခင် မှန်ထဲက ကျနော့်ကို စကားစမြည်ပြောဖြစ်လိုက်သည့်အချိန်ကစပြီး နောက်နေ့မနက်တိုင်း မှန်ထဲကကျနော့်ကို ကျနော် လေးစားစွာ နှုတ်ဆက်စကားပြောဖြစ်သည်။ သူကလည်း သူ့မူအတိုင်း ကျနော့်ကို ခပ်မြူးမြူးအသံဖြင့်
င်္င်္ခင်ဗျား ကျနော့်ကို ခင်ဗျားလို့ မသတ်မှတ်တော့ဘူးလား င်္င်္လို့မေးတိုင်း ကျနော်က င်္ဘာသတ်မှတ်စရာလိုတော့လို့လဲ ၊ ခင်ဗျားကခင်ဗျား ၊ ကျနော်ကကျနော်ပဲဟာ မှန်ထဲကအရိပ်လို အပြင်ကလူကကော လိုက်လုပ်တတ်လို့လား င်္လို့ ပြန်ဖြေလိုက်ပြီး နှစ်ယောက်စလုံးသဘောကျစွာဖြင့် ညီတူညီညာဟက်ဟက်ပက်ပက်ရယ်လိုက်ကြသည်မှာ ကျနော်တစ်ယောက်တည်း မှန်ကြည့်ရင်း ရယ်နေသလားအောက်မေ့ရအောင်အထိပင် . . .။

နယုန်မိုး

No comments: