Saturday, November 24, 2007

ပန်းဝင်ခွင့်မရသူ

မြေးလေး ဖွား အမွေပေးချင်ပြီပြောတော့
ရှက်ရှက်နဲ့ရီရင်း
ဖွား အသက်ရှည်စေချင်လို့ပါ အကြောင်းပြ . . . . .
လူလေး အမေ စိတ်အေးချင်ပြီ ဆိုလာတော့
မချိပြုံးနဲ့ ရယ်ပြီးပြုံးပြ
အမေက ကြည်နူးဖွယ်ရာ အပြုံးနဲ့
ငါ့သားက အ သုံးလုံးမှ မကျေပဲတဲ့ . . . . .
ညီ ညီမတွေကလည်းတီးတိုးဆို
ကိုကို လူပျိုကြီးလုပ်မှာလားတဲ့ . . . . .


ဟား . . . . လောကကြီးကိုက မတရားတာပါကွယ်
ငါချစ် သူချစ် အတူချစ်ကြသူတွေကြားမှာ
ဘာ့ကြောင့်များ သူပြန်မချစ်သလဲကွယ်
အတူရှိလည်း လွမ်း . . . အတူမရှိလည်း လွမ်း
တမ်းတနေရချိန် ချည်း . . . . .
ခြေလှမ်းလှမ်းတိုင်းလည်း အရာမထင်
မြတ်နိုးမှူ့တွေ သူမမြင်လို့များလား
ဝေေ၀၀ါးဝါးနဲ့ တွေးမရ
သြော် . . . . .
တကယ်တမ်းကျတော့
ငါက ပန်းဝင်ခွင့်မရတဲ့ ပြေးသူ ။ ။ ။


2 comments:

ဆိုးသွမ်း said...

အရောက်လည်ခဲ့ပြီ ကိုတာတူးရေ။ ဒီရာသီ မထူးတော့
ရင်လည်း...နောက်တစ်ရာသီ ပြောင်းကန်ဖို့က
မလွယ်မှန်း ကိုယ်ချင်းစာပါတယ်ဗျာ။ ကဗျာလေးကို
တော့ ခံစားသွားတယ်။ ကျွန်တော်လည်း ဒီလိုဖြစ်လာမ
လားပဲ။

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုဆိုးရေ တကယ်ပါပဲဗျာ ။ ပြေးတော့ပြေးနေဆဲပါပဲ ။ ဆိုးတာက ခုအထိ ပန်းဝင်ခွင့် မရတာ ပဲဗျာ ။ ကျနော့်မှာ မောမောပန်းပန်းနဲ့ ချွေးတလုံးလုံး ။
မြင်သူတကာ က သနား တစ်ချိုဆိုလည်း ဂရုဏာဒေါသော ။
အဲ . . . ပန်းတိုင်ကို အပြစ်တော့ မပြောစေချင်ဘူး အစကတည်းက ၀င်ပြေးပါလို့ ဖိတ်ထားတာမှ မဟုတ်တာ ။ ဒါပေမယ့် ဒီလိုပြေးပွဲမှာ ဖိတ်စာ ရဘူးသူ ဆိုတာလည်း မရှိသလောက်ကိုးဗျာ။