လူကြီးဖြစ်ဖို့ ကလေးဘဝ အရေခွံကို စွန့် လွတ်ရမည်...
ကလေး အတွေး သည် စက္ကူဖြူတစ်ရွက်ဖြစ်လျင်...
လူကြီးအတွေးသည် ခဲတံ တစ်ချောင်း ဖြစ်တန်ရာ၏...
ကျွန်တော် ငယ်ငယ်က တွေးခဲ့ ဖူးသည်...
အဖေသည် အေးဆေးတည်ငြိမ်၏...သို့ သော် ဒေါသကြီး၏....
အဖေသည် အလိုလိုက်တတ်၏...သို့ သော် ရိုက်ပြီး ဆုံးမတတ်၏...
အဖေ မျက်နှာ ပြုံးနေသည်..ကျွန်တော် ချစ်၏...
အဖေ ဒေါသ ထွက်နေသည်..ကျွန်တော် ကြောက်၏..
ကျွန်တော့်အတွက် အဖေသည် အားကိုးရာဖြစ်၏..လေးစားရသူဖြစ်၏...
နီတိကျမ်းကြီးဖြစ်၏...လမ်းပြမြေပုံဖြစ်၏...ဘဝကိုကျောင်းပေးသူဖြစ်၏....
အနာဂတ်အတွက် အဖေသည် စံပြပုဂ္ဂိုလ်ထူးကြီးပါတကား...
ကျွန်တော် ငယ်ငယ်က အပေါင်းအသင်းမင်၏...အဆော့သန်၏...
ကစားရမည်ဆို ထမင်းမေ့ ဟင်းမေ့ အိမ်မပြန်ဘဲ ကစားတတ်သူ....
အဖေ့ အမြင်မှာ ကျွန်တော်ဟာ စကားနားမထောင်တတ်သူ...လူတေလေး
ရိုက်ပြီးဆုံးမရမည့်သူ...ကျွန်တော့် အထင်မှာတော့ သူငယ်ချင်းတွေနဲ့ 
ကစားဖို့ ပဲ့ သိတယ်...အဖေရိုက်ရင် အဖွားဆီပြေးပြီးခိုလှုံမယ်...အဖွား က
ကျွန်တော့်ကို အချစ်ဆုံး အလိုလိုက်ဆုံး..
အဖေ ထီရောင်းသည်...ကျွန်တော်ငယ်ငယ်က အဖေ ရဲ့အလုပ်.....
အဖေသည် ထီရောင်း၏..ထီသည် ဆယ့်ငါးရက်တစ်ခါဖွင့်၏...ဆယ့်ငါးရက်မတိုင်
မီ ထီထိုးသူတို့ ဆီမှ အဖေ ပိုက်ဆံလိုက်သိမ်းရ၏...ပိုက်ဆံစုပြီး ဒိုင်ကို သွင်းရ၏...
ထို့ ကြောင့် ဆယ့်ငါးရက်နေ့ သည် အဖေ့ အတွက် ဘဝတစ်သက်အရေးကြီးလှ၏..
အဘယ်ကြောင့်ဆိုသော် လူတိုင်းမျှော်လင့်ချက်နဲ့ ထီထိုးကြ၏...ထီထိုးသူများသည်
ထီးရောင်းသူကိုယုံကြည်၏...ထီရောင်းသူသည် ထီထိုးသူ၏ မျှော်လင့်ချက်များကို
ဥပက္ခာမပြု..ထို့ ကြောင့် ထီထိုးသူများ၏ အနာဂတ်မျှော်လင့်ချက်များသည် ထီရောင်း
သူ၏ လက်ထဲ၌ရှိ၏..ထို့ ကြောင့်ထီဖွင့်မည့် ဆယ်ငါးရက်နေ့ သည် အဖေ့အတွက်
အသက်တမျှအရေးကြီးလှသည် ဟု ဆိုရမည် မဟုတ်ပါလား..
မနက်ခင်းတစ်ခုမှာ အဖေ က ကျွန်တော် ကိုပြောသည်..
“သား ..ဒီနေ့ ဘယ်မှမသွားနဲ့ အိမ်စောင့်... အဖေ ပိုက်ဆံလိုက်သိမ်းလိုက်ဦးမယ်”
တဲ့ ကျွန်တော်က လည်း ဟုတ်ကဲ့ ပေါ့..ကျွန်တော်အိမ်စောင့်နေခဲ့တယ်..
ဘာကြောင့်လဲဆိုတော့အိမ်မှာ ထီထိုးသူတို့ ရဲ့ မျှော်လင့်ချက် (ပိုက်ဆံ)တွေ
ရှိနေတာကိုး...ပြီးတော့ဒီနေ့ က အဖေ့ အတွက် အရေးကြီးဆုံးနေ့ ....
ထီထိုးသူတို့ ရဲ့ လှပတဲ့ အနာဂတ်ကိုသိရမဲ့ နေ့ ..ဒီနေ့ က ထီဖွင့်တဲ့ နေ့ လေ....
ထီထိုးသူတို့ ရဲ့အနာဂတ်တွေ..အဖေ့အပေါ် သူတို့ ရဲ့ ယုံကြည်မှုတွေကို
ကျွန်တော့်လက်ထဲ ထည့်ခဲ့ ပြီး အဖေ ပိုက်ဆံ သိမ်းဖို့ ထွက်သွားတယ်...
ဒါပေမဲ့ ...အဲဒီအချိန်တုန်းက အဖေ့ ဘဝ အတွက်ဘယ်လောက်အရေးကြီးမှန်း
ကျွန်တော်မသိဘူး...ကျွန်တော်သိတာက သူငယ်ချင်းတွေနဲ့ ကစားဖို့ ပဲ့ သိတယ်
ကျွန်တော်က အဆော့မက်တာကိုး...
ကျွန်တော် အိမ်စောင့်နေသည်...သို့ သော် ကျွန်တော်တွေးနေမိတယ်..
အဖေလည်းဘယ်အချိန်ပြန်လာမလဲမသိ..ကစားချင်လိုက်တာ သူငယ်ချင်းတွေနဲ့ ..
ဒီိလိုတွေးနေတုန်း အရွယ်တူ ကစားဖော်ကစားဖက်သူငယ်ချင်းလေးက လာခေါ်တယ်..
.ကစားရအောင်တဲ့ သူတို့ အဖွားအိမ်မှာ..ကျွန်တော်က ပြောတယ် အိမ်စောင့်ပေး
နေရတယ်လို့ ..သူငယ်ချင်းလေး က “ဒါများပူမနေနဲ့ အိမ်တံခါးပိတ်ခဲ့” တဲ့ (ကျွန်တော်
တို့ ဒေသမှာ အိမ်တံခါးပိတ်လို့ ပြောတာက အိမ်ကိုသော့ခတ်ထားခဲ့လို့ ပြောတာ)...
ကျွန်တော် ကလည်း “အေး” ကောင်းတယ်ပေါ့..အိမ်တံခါး ကိုသော့ခတ်.... သော့
ကို ဘောင်းဘီအိပ်ထဲထည့် ပြီး သူငယ်ချင်းအဖွားအိမ်မှာသွားကစားကြတယ်လေ....
ကျွန်တော် ကစားနေတုန်းအချိန်မှာ အိမ်နားက အမ တစ်ယောက် ကျွန်တော့်ကို
လာပြောတယ်...“နင့်အဖေ ခေါ်ခိုင်းလိုက်တယ်” တဲ့  “အိမ်တံခါးဖွင့်လို့ မရဘူး ..အခု
လိုက်လာခဲ့” တဲ့  ကျွန်တော်က ဟုတ်ကဲ့ ...လိုက်လာခဲ့မယ်ပေါ့..ဒါပေမဲ့ ကစားနေတုန်း..
အဖေ.........
သားတစ်ယောက်ကို ခဏ အိမ်စောင့်ထားခဲ့ သည်...သူယုံကြည်ခဲ့ တယ်...သူစိတ်ချခဲ့
တယ်..သူ့ သားအပေါ်မှာပေါ့..သူတွေးပြီး အိမ်ပြန်လာခဲ့တယ်....အိမ်မှာ ပိုက်ဆံတွေ
ယူရဦးမည်...ပြီးတော့ တခြား ရွာ ကဒိုင်ဆီ သွားသွင်းရဦးမည်...ဒိုင်ကို ပိုက်ဆံ သွင်း
ရမည့်အချိန်က လည်း နီးနေပြီကိုး... ဟော...အိမ်ကိုရောက်ပြီ..သားကို မတွေ့ ရဘူး..
သူအော် ခေါ်မည် သား........သားရေ........ဘယ်သွားနေလဲပေါ့.. သားကိုမတွေ့ 
ရတော့ အိမ်တံခါးပေါက်ကို သူကြည့်မည်...သော့ခတ်ထားသည် မဟုတ်ပါလား...
စိုးရိမ်စိတ်က အဖေ့ခေါင်းကိုတက်ဆောက်တော့မည်..သော့က တစ်ချောင်းတည်း
ရှိတာကိုး...ဒီတစ်ချောင်းတည်းသော သော့ကို သားဘယ်မှာထားခဲ့ မှန်းသူမသိ...
ပိုက်ဆံက အိမ်ထဲမှာ..အိမ်ထဲဝင်ဖို့ က တံခါးသော့ခတ်ထားသည်..ဖွင့်ဖို့ ကတော့
သော့မရှိ...နာရီကြည့်လိုက်တော့ ပိုက်ဆံသွင်းရမည့်အချိန်က နီးနေပြီ...စိုးရိမ်စိတ်
က အဖေ့ တစ်ကိုယ်လုံးကို ချွေးပြန်စေပြီမဟုတ်ပါလော...အဖေ ဘယ်လိုဖြစ်နေ
မလဲ တွေးသာကြည့်ပေတော့.....
ကျွန်တော် ပျော်သည်...အရွယ်တူ သူငယ်ချင်းတွေနဲ့ ကစားရတာကိုပေါ့..
ဘယ်လောက် ပျော်သလဲဆိုရင် အဖေ ခေါ်တာတောင် မသွားဘူး.. အဖေ....
ကျွန်တော်တို့ ကစားနေတဲ့ နေရာကို လိုက်လာခဲ့တယ်..ကျွန်တော့်ကို လေပြေလေး
နဲ့ ခေါ်တယ်...“သား အိမ်သွားရအောင်” တဲ့  အဖေ မျက်နှာပြုံးနေတယ်လို့ ကျွန်တော်
ထင်တယ်...ကျွန်တော်က ကစားချင်သေးတယ်အဖေလို့  ပြန်ပြောပေမဲ့  အဖေ က
ကျွန်တော့် လက်ကိုဆွဲပြီး အိမ်ကိုခေါ်လာတယ်...တံခါးဖွင့် ခိုင်းတယ်..အိမ်ထဲဝင်ခိုင်း
တယ်..ပြီးတော့ တံခါးချက်ချလိုက်တယ်..ပြီးတော့ ကျွန်တော့် ကို ရိုက်ပါလေရော...
အဖေ ကျွန်တော့်ကို ရိုက်သည်...ရိုက်ရင်းမေးသည်...“ခဏလေး အိမ်စောင့်
ခိုင်းထားတာတောင် ဘယ်သွားဆော့နေလဲ...ပိုက်ဆံတွေ တစ်ယောက်ယောက် အိမ်
ပေါ်တက် ယူသွားရင် ဘယ်လိုလုပ်မလဲ...မင်းမသိဘူးလား...” တဲ့ ....
ကျွန်တော် က အိမ်သော့ခတ်ထားတာပဲ့  လို့ ပြန်ပြောမိတယ်...“ ဘာကွ”..တဲ့ 
အဖေရဲ့ ဒေါသ ကကျွန်တော့်ကို ကလေး တစ်ယောက်လို့ တောင်မထင်တော့ဘူး...
အဖေရိုက်တဲ့ ရိုက်ချက်ဘယ်လောက် ပြင်းလဲဆိုတာ တံမျက်စည်း တစ်ချက် တင်ပါး
ပေါ်ကျတိုင်း အနီစင်းကြီးဖြစ်သွားပြီး အသားတွေလှန်ကုန်တယ်...ကျွန်တော် အရမ်း
နာတယ် ခင်ဗျာ့...တင်ပါးကိုရိုက်တယ်...ခြေသလုံးသားကိုရိုက်တယ်....
ခြေသလုံးသားပေါ်ရိုက်တဲ့ အဖေ ရဲ့တံမျက်စည်း တစ်ချက်ဟာ တင်ပါးပေါ်ရိုက်တဲ့ 
တံမျက်စည်း တစ်ချက်ထက်ပိုနာတယ်...အရမ်းနာကျင်ခဲ့ရတယ်အဖေ..
ကျွန်တော် ငိုတယ်..ကလေးတစ်ယောက်ရဲ့နှလုံးသားမှာ ကြောက်ရွံ့ တုန်လှုပ်
မှုတွေ အပြည့်နဲ့ ပေါ့အဖေ.... ဒါပေမဲ့  အဖေ မျက်နှာ နီရဲနေခဲ့တယ်....
ိကျွန်တော့် ငိုသံ က အဖေ့ ဒေါသ ကိုဆွပေးတယ်..ဒေါသ ရဲ့အားက ကျွန်တော့်
တင်ပါး...ခြေသလုံးသားပေါ်ကျတယ်..
ကျွန်တော်က ကလေးတစ်ယောက် နုနယ်တဲ့ နှလုံးသားရှိတဲ့ အရွယ်
ပျော်ဖို့ ပဲ့ သိတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ ကြောက်ရွံ့ မှုဟာ သွေးမရှိတဲ့မျက်နှာနဲ့ 
အဖေ မျက်နှာကို တွေတွေလေးစိုက်ကြည့်နေတဲ့ အထိ ကျွန်တော် ငိုဖို့ မေ့သွား
ခဲ့ တယ်လေ.....အဖေ့ ..တံမျက်စည်း ကျိုးသွားပြီ...ကျွန်တော် တင်ပါးနဲ့ 
ခြေသလုံးသားတွေမှာ သွေးတွေ ရွှဲလို့ ...အဖေလည်းမောသွားပြီ...အဖေ့ရဲ့
ဒေါသကြောင့် နာကျင်မှုနဲ့ အတူ ပူလောင်စွာကျခဲ့တဲ့  မျက်ရည်တွေဟာ ငိုသံ
နဲ့ အတူ တိမ်ဝင်သွားခဲ့ပြီ...အဖေ့ ခြေထောက်ရင်း တုန်လှုပ်တဲ့ မျက်လုံးတွေ
နဲ့  ရှိုက်ငိုနေတုန်း.....အဖေက ကျွန်တော့်ကို သမိုင်းတွင်တဲ့ စကား လုံးအချို့ 
နွမ်းလျတဲ့ အသံနဲ့ ပြောလေပြီ....
“ သား......ဘာဖြစ်လို့ ခဏလေး အိမ်မစောင့်နိုင်ရတာလဲ..
သားဆော့ချင်တာ အဖေ သိတယ်...သားကို အဖေ က မျှော်လင့်ခဲ့တယ်..ယုံ
ကြည့်ခဲ့တယ်..ခဏလေး ဆိုတဲ့ အဖေ့ ရဲ့မျှော်လင့်မှုကို သားက မထမ်းဆောင်
နိုင်ဘူးလေ...ခဏလေး ဆိုတဲ့ နေရာလေးမှာ အဖေ တို့ ရဲ့သေရေးရှင်ရေး
ဆိုရင်ဘယ်လိုလုပ်မလဲ...သား ...ဒီိလိုပဲ့ လုပ်ခဲ့မယ်ဆိုရင် အဖေ တို့ သေတာ
ကြလှပြီ..သားက အဖေ့ ရဲ့အသက်ကိုမှီဦးမှာလား...
“သား...သေရေးရှင်ရေး ဆိုရင် အဖေ တို့ သေတာကြာလှပြီ”
ဒီစကားတွေ ဟာ ကျွန်တော့်တစ်သက်မှာ တခါမှ မခံစားဖူးတဲ့  အဖေရဲ့
ရိုက်ချက်နဲ့ အတူ ကျွန်တော့်နှလုံးသားထဲ မေ့လို့ မရတဲ့ အဖေ့ ရဲ့သမိုင်းဝင်
စကားတစ်ခွန်းပါပဲ့လေ...
အဖေ...........
ဒီအချိန်တုန်းက အဖေ့ရဲ့ သမိုင်းဝင် စကားကို ကျွန်တော် နားမလည်ခဲ့ ...
အဖေ...........
အခု သားဟာ အဖေနဲ့ ဝေးရာ ကိုရောက်နေခဲ့ပြီ...သားဟာ လူမျိုးခြားတွေရဲ့
အောက်မှာ အလုပ်လုပ်နေရတယ်..သားတို့ ဟာ ကိုယ်ယူတဲ့ တာဝန်ကို
ကျေပွန်အောင်ထမ်းဆောင်ရတယ်...
အဖေ........
သားဟာ သူတို့ ရဲ့ အလုပ်တွေကို လုပ်ဆောင်ရင်း အဖေ့ရဲ့
“သေရေးရှင်ရေး ဆိုရင် သေတာကြာလှပြီ” ဆိုတဲ့ စကားနဲ့  ချိန်ထိုးလုပ်
ဆောင်တတ်ခဲ့ပြီ...
အဖေ....
သား နေ့ တိုင်းသတိရတယ်...အဖေ့ရဲ့စကားဟာ သားဘဝအတွက် နီတိ
ဆောင်ပုဒ်ပါပဲ့ ...အဖေ ဟာ သားရဲ့နှလုံးသာမှာ ဘဝရဲ့လမ်းတစ်ခုကို
ဖောက်ပေးခဲ့တယ်....သားစာနာတတ်ခဲ့ပြီ..သားခံစားတတ်ခဲ့ပြီ..သားလိုက်
နာတတ်ခဲ့ပြီ...အိပ်ယာဝင်တိုင်း အဖေ့ ကိုဦးချပြီးအိပ်ယာ ဝင်တယ်...
အလုပ်လုပ်တိုင်း....စဉ်းစားစရာတွေ ရှိလာတိုင်း အဖေ့ စကားဟာလမ်းပြခဲ့ပြီ..
အဖေ............
အဖေ့ ရဲ့ဒေါသ ကိုမမေ့သလို အဖေ့ ရဲ့စကားကိုလည်း မမေ့ခဲ့ပါဘူး.....
အဖေ...
တမ်းတမ်းတတ အဝေးတစ်နေ ရာမှ သား ခေါ်ဆိုရင်း အဖေ ပြောခဲ့တဲ့ 
စကားတစ်ခွန်းကို သားရဲ့နှလုံးသားမှာ သမိုင်းဝင်တဲ့ စကားတစ်ခွန်းအဖြစ်
ကဗျည်း ထိုးပါရစေ.....အဖေ......
ဆုံရပ် 1st Dec 2024
2 weeks ago
No comments:
Post a Comment