အရှင်အာနန္ဒာက နောင်ရေးကို မြော်တွေးပြီး ဘုရားရှင်ကို မေးမြန်းလျှောက်ထားနေပါတယ်။ ဘုရားရှင်ကလည်း မေးမြန်းလျှောက်ထားသမျှကို ဖြေဆိုနေပါတယ်။
“ရှင်တော်မြတ်ဘုရား၊ မာတုဂါမတွေနဲ့ စပ်လျဉ်းပြီး ဘယ်လိုပြုကျင့်ရပါမလဲ”။
“မတွေ့အောင်နေ”။
“တွေ့နေမြင်နေရလို့ရှိရင် ဘယ်လို ကျင့်ရပါမလဲဘုရား”။
“စကားမပြောနဲ့”။
“(အကြောင်းအားလျော်စွာ) စကားပြောရပါရင် ဘယ်လိုကျင့်ရပါမလဲ ဘုရား”။
“သတိထားပေါ့ အာနန္ဒာ”။
“အရှင်ကုမာရ ၏ ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း” ပဉ္စမအကြိမ်၊ ၁၉၉၈ မတ်လ - မှ ထုတ်နှုတ်ကူးယူပါသည်။
(မာရေးသျှင်)
KuchingTrip
1 week ago
No comments:
Post a Comment