Tuesday, December 28, 2010

နှစ်သစ်အတွက် သူငယ်ချင်းသို့ လက်ဆောင်..

အေးလေ….ဘာလိုလိုနဲ့  ၂၀၁၀ ဆိုတဲ့ ဂဏန်းတောင်ပြောင်းတော့မှာလား…

အေးလေ..ဘာလိုလိုနဲ့  ၂၀၁၁ ဆိုတဲ့ နှစ်သစ်အတွင်းဝင်တော့မှာပါလား…

လို့ တွေးရင်းနဲ့  …သြော်….သူငယ်ချင်းတွေဆီ စာပို့ ဦးမှပဲ့ …

Hello…..

သူငယ်ချင်း….

နေကောင်းတယ်ဟုတ်…မွေးရပ်မှာ

ဘယ်လိုမျိုးလဲ လို့ နင်ရဲ့ ခံစားချက်တွေကို သိချင်တယ်ကွာ…ဒါပေမယ့်

နင်က ပြောချင်မှာမဟုတ်ဘူးလို့ လည်း သိတယ်။

သူငယ်ချင်း….

အားလုံးအိုကေတယ်ဟုတ်…၂၀၁၀ ဆိုတဲ့ နှစ်ကုန်တော့မယ်ဆို

တော့ ငါလည်းကျောင်းပြီးကတည်းကနေ နင်တို့ နဲ့ ဝေးနေလိုက်တာ

အခုဆို ၂၀၁၁ကိုတောင်ရောက်တော့မယ်…

သူငယ်ချင်း…

၂၀၁၁ ဆိုတဲ့ နှစ်သစ်အတွင်းဘယ်လိုရှင်သန်ကြမလဲ။။။။

ငါ့မှာတော့ အတွေးတွေရှိနေတယ်…နင်ရော…ဘယ်လိုတွေးထား

တာတုန်း…ငါ့အတွက်တော့ လုပ်စရာတွေလည်းရှိတယ်….သယ်စရာတွေလည်း

ရှိတယ်…လွင့်ပစ်စရာတွေလည်းရှိတယ်…

သူငယ်ချင်း…

လုပ်စရာဆိုတာက …ငါ့ရဲ့ အတွေးတွေကို အကောင်အထည်ဖော်ဖို့ ….

သယ်စရာဆိုတာက…ငါ့ရဲ့ ကောင်းတဲ့ စိတ်ထားလေးတွေကိုပေါ့….

လွင့်ပစ်စရာဆိုတာက..ငါ့ရဲ့ မကောင်းတဲ့ စိတ်ထားလေးတွေကိုပေါ့….

သူငယ်ချင်း…

နင်ရော ငါ့လိုပဲ့ လား။။။။။

ငါဒီစာကို မရေးခင်ကပေါ့…”နှစ်သစ်ကိုရောက်တော့မယ်…မင်းက

ဒီအတိုင်းပဲ့လား” ဆိုတဲ့  အတွေးကောင်ကြီးနဲ့ တိုက်မိတယ်လေ။

ဒါကြောင့်နှစ်သစ်ရောက်တော့မှာလားဆိုတာတွေးမိပြီး

နှစ်ဟောင်းထဲက အမှိုက်တွေကိုလှည်းကျင်း…လိုအပ်မှု အချို့ ကိုပြန်ပြင်ဆင်ရင်း

နှစ်သစ်အတွင်းဝင်ဖို့ ပြင်ဆင်နေတုန်း ချောင်ထဲ ရောက်နေတဲ့ ခံစားမှုတွေ၊

ဝေေ၀၀ါးဝါးဖြစ်နေတဲ့ ပုံရိပ်တွေကိုပြန်တွေ့ မိတယ်။

သူငယ်ချင်း…..

ဝမ်းလည်းသာတယ်….၀မ်းလည်းနည်းမိတယ်။

ငါကိုယ်တိုင်လုပ်ခဲ့ တဲ့ အလုပ်တွေကိုပြန်တွေ့ တယ်။ နင်တို့ ပို့ ထားတဲ့ 

ဓါတ်ပုံတွေ၊ ဖုန်းခေါ်ခဲ့ တဲ့ အချိန်တွေ၊ နင်တို့ ကိုယ်တိုင်ရေးထားတဲ့ 

လက်ရေးနဲ့ စာတွေ၊ လွမ်းတယ်ဆိုတဲ့ အကြောင်း၊ ဝေးနေပေမယ့်

သူငယ်ချင်းတွေအကြား ငါနာမယ်အမြဲပါနေတယ်ဆိုတဲ့အကြာင်း၊

ကိုယ်တိုင်လုပ် လုပ်အားနဲ့ စေတနာပေါင်းပြီး ကုသိုလ်တွေအကြောင်း၊

အတင်းအဖျင်းတွေအကြောင်း၊ အကြောင်းတွေ အများကြီးကို ပြန်တွေ့ 

ရင်း နင်တို့ ရဲ့ ခင်မင်မှုတွေ၊ ရင်းနှီးမှုတွေကို ပိုပြီး သတိရလာတယ်ကွာ..

ငါ့ ကြောင့် နင်တို့ ရဲ့ ခံစားမှုအချို့ ကိုလည်း ပြန်တွေ့ လိုက်ရတယ်။

ငါ့ကိုခွင့်လွတ်ပါလို့ တောင်းပန်တယ်ဟာ။။။။

သူငယ်ချင်း ….

စာဖတ်ရင်းပျင်းနေပြီလား….ငါလေ..၂၀၁၀ ကုန်ခါနည်းမှာ လက်ဆောင်တစ်ခု

ရလိုက်တယ်…နင်စိတ်ဝင်စားမလားမသိဘူး..နင်စာဖတ်ရတာပျင်းနေလည်း

ငါတော့ပြောရဦးမယ်…အိုကေတယ်မဟုတ်လား..

သူငယ်ချင်း…..

နင်လည်းသိတဲ့ အတိုင်းပဲ့ ငါက အနာဂတ်အတွက် အစီအစဉ်တွေဆွဲတတ်

တာလေ..ဆွဲသာဆွဲတယ်..တိကျမှုမရှိ၊ ရေရာမှုမရှိဘူးလေ။။ဒါက ငါ့စရိုက်။

ပြီးတော့ အစကတော့ စိတ်တက်ကြွလိုက်တာ..နောက်ကြာလာတော့ ဒုန်ရင်း

ဒုန်ရင်း ပြန်ဆိုက်လာတယ်လေ။ ပြောမယ်ဆိုရင် လုံ့ လ မရှိဘူးပေါ့။ နင်ငါ့ကို

အမြဲပြောတယ်လေ။ ငါ့လုံ့ လက ကောက်ရိုးမီးလိုပဲ့..ဟုတ်းခနဲ ထတောက်ပြီး၊

ငြိမ်းမြန်တယ်ဆိုတာလေ.။။ပြီးတော့ ၀ါးဘိုးဝါးပင်လိုပဲ့လို့ လည်းပြောသေးတယ်။

အစလုပ်ရင်တော့ ဟုတ်တုတ်တုတ်..နောက်ပိုင်း ရှူးသွားရောဆိုတာလေ။

ငါလည်း ၂၀၁၀ အတွင်း မှာနင်ပြောသလိုပဲ့ရှိနေတုန်း။ ဆန္ဒတစ်ခုကိုအကြာကြီး

ဆုပ်ကိုင်ထားဖို့ ကို ငါနည်းလမ်းတွေရှာဖွေနေခဲ့တယ်။အဓိကကတော့စိတ်ဓါတ်

ပဲ့ဆိုတာတော့သိတာပေါ့။ ဒါပေမယ့် စိတ်ဓါတ်ကို ခိုင်မြဲနေအောင်၊

ဇွဲကောင်းအောင် ဘယ်လို ကျင့်ရမလဲ ဆိုတာ ငါမသိဘူးကွ။

သြော်…ငါကလည်း နင်သိပြီးသား အသုံးမကျတဲ့ ငါ့အကြောင်းတွေကို ပြောပြ

နေပြန်ပြီ….မျက်နှာတော့မမှည့်နေနဲ့ ဦး…ရယ်လည်းမရယ်နေနဲ့ ဦးကွ။

အခုတော့ ငါနည်းသိသွားပြီ..ကျင့်ဖို့ ပဲ့ လိုတော့တယ်…ဒီလိုကွ အစ်ကို တစ်ယောက်

ကပြောပြတာ…့ အခုနှစ်သစ်ကနေ စရမယ်လေ။ ဘယ်လိုလဲဆိုတော့

အက္ခရာလေးလုံးနဲ့ သွားရမှာ….SMART တဲ့…

S=specific

M=measurable

A=attainable

R=relevant

T=time-boond…ဒီအတိုင်းသွားရမယ်။

ဥပမာကွာ…နှစ်သစ်မှာ ငါတို့ ဘာလုပ်ကြမလဲ….တစ်ခုခုတော့

လုပ်ကြရလိမ့်မယ်..ဥပမာ..ငါနေ့ တိုင်း ဘုရားရှိခိုးမယ်ဆိုရင် နေ့ တိုင်းဘုရားရှိခိုး

မယ် ဆိုတဲ့ အကြောင်း ကို ငါ့အိမ်သားတွေကို အသိပေးပြီးလုပ်ရမှာ။

ဘာဖြစ်လို့ လည်းဆိုတော့ ကိုယ်ဟာကိုယ်တစ်ကိုယ်တည်းအသိပေး၊

ကိုယ်ဟာကိုယ်ပဲ့ သိပြီး အဓိဌါန်လုပ်ထားတယ်ဆိုရင် အဓိဌါန်ကျိုးဖို့ ပိုပြီးလွယ်တယ်

လေ။ဒါကြောင့် သူငယ်ချင်းတွေကို ငါဒါလုပ်မယ်ဆိုပြီးအသိပေးပြီးလုပ်မယ်ကွာ။

ဒါမှလည်း ငါမလုပ်ချင်တဲ့ အချိန်၊ပျင်းနေတဲ့ အချိန်ဆို ငါအသိပေးထားတဲ့ သူတွေ

ငါ့ကိုစောင့်ကြည့်နေမှာပဲ့ ..ဆိုပြီးအတွေးဝင်လာမယ်လေ…ဒါဆို လုပ်ဖြစ်ပြီပေါ့။

ငါမလုပ်ရင်..”ကတိမတည်တဲ့ လူ၊ လူပျော့၊ ပြောတော့တစ်မျိုး၊ မလုပ်လည်းမလုပ်

နိုင်ဘဲနဲ့ ငါတို့ ကို လာပြောသေး အာလကား လူ “ဆိုတာမျိုး ပြောခံထိမှာကွ။

သူငယ်ချင်း….

ဘယ်လိုလဲ ငါပြောပြတာ ရှင်းပါတယ်နော်။ ငါမှာတော့ “လုပ်ဖို့ အစီအစဉ်တွေ၊ ဘာတွေ

ညာတွေမရှိဘူး၊ စိတ်လည်းမ၀င်စားဘူးလို့ မပြောနဲ့ ကွာ။”

ဥပမာကွာ…လာမယ့် နှစ်သစ်အတွင်း ငါ့ ရဲ့ သွားပွတ်တံကို သုံးလတစ်ကြိမ်လှဲမယ်ကွာ၊

ဆိုတာမျိုးပေါ့၊တစ်ရက်ကို ပိုက်ဆံ တစ်ကျပ်လှူမယ၊် စုမယ် ဆိုတာမျိုး၊ တစ်နေ့ ကို ဆေးလိပ်တစ်လိပ်

ပဲ့ သောက်တော့မယ်ဆိုတာမျိုး၊ မင်းဆေးလိပ်သောက်နေလို့ ပြောတာ၊ ဖြတ်ဖို့ ကွ၊။

အိုကေတယ်မဟုတ်လား။ ဒီလိုဆိုရင် လုပ်စရာတွေ၊ သယ်စရာတွေ၊

လွင့်ပစ်သင့်တဲ့ အရာတွေ ပေါ်လာမယ်ထင်ပါတယ်။ ဒါမှလည်းငါတို့် ရဲ့ ပျင်းနေတဲ့ 

စိတ်တွေကို တွန်းလှန်နိုင်မှာပေါ့ကွာ။ နောက်ဆို ဇွဲပါကောင်းလာမယ်၊ အသေးအမွှား

ကအစ ကြီးကျယ်တဲ့ အလုပ်တွေကို လုပ်ကိုင်လာနိုင်ရမယ်ပေါ့ကွာ။

သူငယ်ချင်း…

ဒါပေမယ့် သတိထားရမှာက လုပ်တော့မယ်ဆိုရင်ပေါ့။ ဘာလုပ်မလဲဆိုတာ

အရင်စဉ်းစားတော့မယ်။ ဒီလို စဉ်းစားရင်လည်း အက္ခာလေးလုံးအတိုင်းစဉ်းစား

ရမှာကွ၊ နင်လုပ်မယ့်အရာက S=တိကျမှုရှိရမယ်၊ M=အချိန်အတိုင်းအတာအတွင်း

လည်းဖြစ်ရမယ်၊ A=ရယူနိုင်စွမ်းသည့်အရာလည်းဖြစ်ရမယ်၊ R=ဦးတည်ချက်နဲ့ သက်

ဆိုင်မှု၊ဆက်စပ်မှုနဲ့ လည်းရှိရမယ်၊ T=တိကျတဲ့အချိန်ကန့် သတ်ချက်လည်းရှိရမယ်လေ။

သူငယ်ချင်း….

ဘယ်လိုလဲ…နားလည်တယ်မဟုတ်လား။ နင်လုပ်မယ့် အရာက ဥပမာ ငါ နှစ်သစ်အတွင်းမှာ

အင်္ဂလိပ်စာကို အရမ်းတော်အောင်လုပ်တော့မယ်ဆိုရင်တော့ မဟုတ်သေးဘူး။ ဘာဖြစ်လို့ 

လည်းဆိုတော့ နှစ်သစ်အတွင်းဆိုတာ အကျယ်ကြီး၊ ပြီးတော့ တိကျမှုလည်းမရှိ၊ ဘယ်နေ့ 

လည်းဆိုတဲ့ အချိန်အတိုင်းအတာလည်းမရှိ၊ ပြီးတော့ လေ့လာတယ်ဆိုတာက နယ်အကျယ်

ကြီးဆိုတော့ ဘာကိုလေ့လာရမယ်၊ ဘာတွေရမယ်ဆိုတာလည်းသေချာမှုမရှိ၊ တိကျတဲ့ 

ပန်းတိုင်ကလည်းေ၀၀ါးဝါးဖြစ်နေရင်တော့ ၊ အလုပ်မဖြစ်ဘူးလို့ ထင်တယ်။ ဒီလိုဆိုရင်

နင်လုပ်တာက ရောရောင်လုပ်နေတာပဲ့ ၊ အချိန်ကုန်လူပန်း၊ ဒုန်ရင်းဒုန်ရင်းပဲ့ဖြစ်နေမှာပေါ့၊

သူငယ်ချင်း…

ဒီလိုဆိုရင် နားလည်မယ်ထင်တယ်ကွာ။ ဒါကတော့ ငါလုပ်မယ့် နှစ်သစ်အတွင်းမှာ

နေထိုင်ရင်း လိုအပ်တာတွေကို တူဆွဖို့ ပုံသေနည်းပဲ့ ကွ။ ငါ့အတွက်ပြောတာ။

နင်လည်း အသုံးဝင်လိုဝင်ငြား ငါပြောပြတာပါ။ ပေါ့ပေါ့တော့မတွက်နဲ့ ကွာ။ ငါတန်

ဖိုးထားတယ်ကွ။ ဘာဖြစ်လို့ လဲဆိုတော့ နှစ်သစ်ကူးလက်ဆောင်ဖြစ်နေလို့ ပဲ့။

စာလည်း အတော်ကိုရှည်သွားပြီ…..။

နင်လည်းပျင်းနေပြီထင်တယ်။ သီးခံပြီးဖတ်ပေးတဲ့ အတွက် ကျေးဇူးပဲ့ကွာ။

နှစ်သစ်မှာပျော်ရွှင်ပါစေ…လုပ်ချင်သော၊ ဖြစ်ချင်သော ဆန္ဒ များကိုအကောင်

အထည်ဖော်နိုင်ပါစေလို့  ဆန္ဒပြုရင်း…

ခင်မင်ရင်းနှီးလျက် အစားကြီးသလောက်

စကားများပြီး တောသားလေး တစ်ယောက်

ပေးတဲ့ နှစ်သက်ကူးလက်ဆောင် ပေါ့….

သတိရလျက်….

နင်ရဲ့ သူငယ်ချင်း

............................................................................

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, December 23, 2010

ညီလေး


ဒီဇင်ဘာ ၂၅ မှာ ခရစ်တော်အား မွေးဖွားခဲ့ပြီး
ဒီဇင်ဘာ ၂၄ မှာ (ငါတို့ရဲ့)အချစ်တော်လေး မွေးဖွားခဲ့တယ်။

ဒီကနေ့ဆို
ငါ့သမိုင်းရဲ့ အနက်ရှိုင်းဆုံးမေတ္တာတရား
စတင်ထွန်းကားလာတာ
နှစ်ပေါင်း(၂၈)နှစ်ကြာပြီ။

ငါတို့အိမ်ရဲ့ အထွေးဆုံးလေး
အဖေပေးတဲ့နာမည်က “ဧရာ”
ပညတ်သွားရာ ဓာတ်သက်ပါ
ငါတို့ပိုင်ဆိုင်သမျှအရာရာမှာ
မင်းဟာ
တကယ့်တကယ် အကြီးမားဆုံးရတနာပါ “အငယ်လေး”။

အထွေးဆုံးနဲ့ နို့ညှာတို့ရဲ့ အစဉ်အလာ
သဝန်တိုတယ်ဆိုတာ၊
တစ်အူထုံ့ဆင်းတွေရဲ့ အတူကြုံခြင်းဓမ္မတာ
ရန်ဖြစ်စကားများတယ်ဆိုတာ
မင်းနဲ့ငါမှာ မရှိခဲ့ဘူး ညီလေး။

တစ်နှစ်နဲ့သုံးလသာဆိုပေမယ့်
တစ်ဆယ်နဲ့သုံးနှစ်တာ အသက်ကွာတဲ့ညီအစ်ကိုပမာ
မင်းနဲ့ငါ ကြင်နာခဲ့။

အစ်ကိုနဲ့ညီကြား ရှာမှရှားတဲ့ ချစ်ခြင်းမေတ္တာတရား
မင်းနဲ့ငါကြားမှာ အမှန်တကယ်ထွန်းကားခဲ့တယ်။

ဟိုး ... လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၅)နှစ်တာ
သီတင်းကျွတ်မီးထွန်းပွဲတော်တစ်ခုမှာ
ခွေးပိုင်ရှင်အဒေါ်ကြီးရဲ့ ရင်ခွင်တွင်းက ဇောက်ထိုးမြင်ကွင်း ...
“သူ့အစ်ကိုကိုလိုက်တဲ့ခွေးကိုဆဲရင်း
ခွေးပိုင်ရှင်တွေကို ပြစ်တင်ကြိမ်းမောင်းရင်း
တရှုပ်ရှုပ်ငိုနေတဲ့မင်း”
ဒါ ငါ့ဘဝရဲ့ ပထမဆုံးသောချစ်ခြင်းမြင်ကွင်းပါ ညီလေး။

“နဖူး(ယာ)အမာရွတ်ပါ”ဆိုတဲ့ မှတ်ပုံတင်ထဲကစာ
အဲဒီတုန်းက ရခဲ့တာဖြစ်သလို
ငါ့ဘဝရဲ့အထင်ရှားဆုံးအမှတ်အသား ချစ်ခြင်းမေတ္တာတရား
စတင်ထင်ရှားလာတာလည်း
အဲဒီတုန်းကပါပဲ ညီ။

တကယ်တော့
ချစ်ခြင်းမေတ္တာဆိုတာ
မင်းကြောင့်သာ တတ်မြောက်ခဲ့ရတဲ့ အနုပညာ။
မင်းကိုချစ်တဲ့ချစ်ခြင်းမေတ္တာနဲ့
ဒီကနေ့ ဒီနေရာမှာ
ငါရပ်တည်နေတာပါ ညီလေး။

ညီလေးရေ ငါ မင်းကို သိပ်ချစ်တယ်။..........။



မာရေးသျှင်
Christmas eve' 2009, 7PM

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, December 16, 2010

ဒီဇင်ဘာလေး အစ်မဖွေးသို့ မွေးနေ့လက်ဆောင်ကဗျာများ


............... ၊ ....................
ရာသီအေးအေး ၊ နှင်းဖွေးဖွေးဝယ်
မွေးသည့်ရင်နှစ် ၊ သမီးချစ်သည်
ဖြစ်တည်ဘဝ ၊ မြင့်မားလှစေ
ဧမြငြိမ်းချမ်း ၊ နှင်းဆမ်းပန်းနှယ်
ဝင့်ထည်တောက်ကြွား ၊ များအကျိုးဆောင်
ရန်ပေါင်းအောင်လျက် ၊ အသက်ရာထောင် ရှည်ပါစေ။..........။

မေမေ(နဝဒေး)

- ။ -

ဒီဇင်ဘာလေး အစ်မဖွေး

(ငြိမ်းဧရာ)

"စစ်တောင်းချင်းတွင်း မြစ်နှစ်စင်းလည်း
သူ့ဝန်းသူ့ကျင် အလှဆင်၏။" - မေမေ (န၀ဒေး)


မေမေပြောထား ထိုစကားမှ
ကိုးကားရေးဖွဲ့ မဖွေးအတွက်
မွေးနေ့လက်ဆောင်......

“နှင်းတွေကြားမှာ ၊ စီးဝင်ကာဆင်း
မြစ်ချင်းတွင်းလေး ၊ မနှင်းဖွေးလည်း
ရင်တွင်းအေးချမ်း ၊ အပြုံးပန်းနဲ့
ဝန်းကျင်လန်းအောင် ၊ သူစွမ်းဆောင်ရင်း
သာယာသန့်ရှင်း ၊ ဂုဏ်ပြိုင်ကင်းတဲ့
ပန်းခင်းလမ်းကို ၊ လျှောက်လှမ်းနိုင်စေ တောင်းဆုခြွေ။........။”


- ။ -

မဖွေးသို့

(ငယ်လေး - နဝဒေး)

ငယ်စဉ်တောင်ကျေး ၊ ကလေးဘ၀မှစ
မေမေကသင်တန်းတွေတက်တော့
ကျောင်းတစ်ဖက်နဲ့အစ်မ
အစ်မကြီးလိုတစ်မျိုး ၊ အမေလိုတစ်သွယ်
အငယ်တွေကိုအုပ်ချုပ်ကာ
အဖေရှာပေးတဲ့ဈေးဖိုး ၊ ဟင်းတစ်အိုးစာပဲရရ
လောက်ငှအောင်စီစဉ် ၊ ပျော်ရွှင်စေခဲ့တဲ့သူ။

“ငယ်လေးနော်” ဆိုတဲ့စကားနဲ့
အမှားတွေမလုပ်အောင် ၊ အမြဲအုပ်ချုပ်တတ်သူ။

တစ်နယ်တစ်ကျေးမှာ
ငယ်လေးအားငယ်မှာစိုးသတဲ့
ကျောင်းတက်ဖို့လိုက်ပို့ရင်း
သံယောဇဉ်ကြိုးတင်းတာကြောင့်
အိမ်ပြန်ခြင်းလမ်းနဲ့ဝေးကွာ
အနားမှာနေပေးခဲ့သူ။

......................သူ။

......................သူ။

......................သူ။

ဂုဏ်ရည်တူရှင်း ၊ ပြိုင်ဖက်ကင်းလှ
ချစ်အစ်မတွက်တာ
ဒီဇင်ဘာလေး ၊ နှင်းဖွေးဖွေးတွင်
မေးခိုက်ခိုက်တုန် ၊ ဆောင်ကိုခြုံကာ
မေတ္တာရှေ့ထား ၊ စကားတောင်းဆု
ကဗျာပြုလျက် ၊ လက်ဆောင်ဆက်သည်
နှစ်သက်တစ်ရာ ရှည်ကြာစေ။...........။
အောင်ပန်းဝေဆာ ခိုင်မာစေ။...........။

- ။ -

အစ်မဖွေး

(မာရေးသျှင်)

စာအုပ်ပုံကြားမှာ မွေးဖွားလာတဲ့
ငါတို့တစ်မိသားစုလုံး
စိတ်ကူးစံတွေနဲ့ နပန်းလုံးနေတုန်း
ပြုံးပြုံးလေးနဲ့ လက်တွေ့ကျသူ။

လူတကာရဲ့အကြံပေး၊ သူ့မောင်လေးကို
ပိဿလေးနဲ့ဘေးပစ်၊ ဆန်းစစ်ဖို့ ဝန်မလေးသူ။

လူအရာအထောင်ကို အုပ်ချုပ်နေတဲ့သူမောင်
ကြောင်ရင် ကြောင်တယ်၊ ယောင်ရင် ယောင်တယ်
မရှောင်မဖယ် ဗြောင်တွယ်တတ်သူ။


အစ်မဖွေး
သူ့ကိုသာ အရင်ဆုံးမမွေးခဲ့ရင်
ငါ မတွေးဝံ့ဘူး။

သူဟာ
ငါတို့ မိသားစုရဲ့ အခန်းကဏ္ဍမှာ
အချက်အချာကျကျ ဇာတ်နာခဲ့ရသူ။
(သူကတော့ ဒီလိုတွေးမှာမဟုတ်ဘူး။)


အစ်မဖွေး ...
၈၈ ကားလိပ်ကာအချ
ကျောင်းဆရာမအမေ နယ်မှာတာဝန်ကျရာက
မီးဖိုချောင်ဇာတ်ဝင်ခန်းစခဲ့ရသူ။

ဆန်အိုးထဲကို ဆန် အချိန်မှန်ရောက်ဖို့ကအစ
ဆန်အိုးထဲက ဆန် အချိန်တန်ယူချက်ဖို့အဆုံး
အားလုံးကိုတာဝန်ယူခဲ့သူ။

ငါတို့စားဖို့ ထမင်းတစ်စေ့အတွက်
သူ ဘယ်လိုကျားကွက်ရွှေ့ခဲ့ရသလဲ၊
ဟင်းအိုးထဲကို ဆီတစ်စက်ချဖို့
သူ ဘယ်လောက်တွက်ဆခဲ့ရသလဲ၊
သူကိုယ်တိုင်မှပဲ သိမယ်။

ပဉ္စမတန်းသင်ရိုးညွန်းတမ်းမှာမပါပေမယ့်
လူငါးယောက်စာအတွက် ကြက်ဥတစ်လုံး
ဆန်မှုန့်ဘယ်လောက်သုံးရမလဲဆိုတာ
သူအကျွမ်းကျင်ဆုံးသချာင်္။


အစ်မဖွေး ...
သူဟာ
သူ့မောင်လေးကို လွမ်းတဲ့အခါ
"I remember ပါ" လို့ရေးရှာတဲ့
သူ့ခေတ်သူ့အခါရဲ့ မဟာဘွဲ့ပိုင်ရှင်။

မှတစ်ပါး အခြားမရှိတဲ့
တက္ကသိုလ်ပညာရေးအတွက်
ဆယ်စုနှစ်တစ်ခုစာ ကျောင်းနေသက်ကြာခဲ့ရသူ။

စာမေးပွဲအမှတ်စာရင်းတွေနဲ့အချိုးကျ
လှပတဲ့ ဘဝကိုမရခဲ့သူ။

သူ့ကိုယ်ပေါ်က မွေးညင်းတစ်ပင်တိုင်းမှာ
သူ့ခေတ်ရဲ့သမိုင်းဟာ
နက်ရှိုင်းစွာအရိပ်ထင်နေသူ။


အစ်မဖွေး ...
အစ်မတို့ကို ပြဋ္ဌာန်းခဲ့တဲ့ခေတ်ကို
မောင်လေးတို့ အသစ်ရေးဆွဲမယ်ဆိုတဲ့စကား
မွေးနေ့လက်ဆောင်ပါးပါတယ်။................။

- ။ -


ကဗျာပီပီ စာပီပီတွေတော့ ဟုတ်ချင်မှ ဟုတ်မည်။ သို့သော် သူတို့ သမီး၊ သူတို့အစ်မအတွက် သူတို့ရေးသောကဗျာများမို့ တစ်မျိုးတစ်ဖုံလှပါသည်။





ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, December 14, 2010

ကော်ဖီ ခါးခါးတစ်ခွက်...

လျှာပေါ်မှ ကော်ဖီခါးတေးတေးအရသာလေးကောင်း၏။

ကျွန်နော် ကော်ဖီမကြိုက်ပါ။ ဒါကြောင့်သောက်လေ့ သောက်

ထမရှိ။ သို့ သော် ကော်ဖီအရသာ ခံစားတတ်ခဲ့သည်။

ကျွန်နော့် မှာ အရွယ်တူသော၊ ကြီးသော၊ ငယ်သော

သူငယ်ချင်းတွေရှိသည်။ သူတို့ သည် ကော်ဖီကြိုက်ကြသည်။

သူတို့ သည် ကျွန်နော့်ကို အမြဲ တမ်း ကော်ဖီတိုက်လေ့ရှိသည်။

သူတို့ သည် သူတို့ ထိုင် နေကြ ကော်ဖီ ဆိုင်လေးတွင် အမြဲတမ်း

ထိုင်လေ့ရှိသည်။

ကျွန်နော် ကော်ဖီ ခါးခါးလေးတစ်ခွက် သူတို့ နဲ့ အတူ သောက်

ဖြစ်သည်။ သူတို့ ဆိုသည်မှာ ကျွန်နော် သူငယ်ချင်းများ။ ကော်ဖီ

ပူနွေးနွေးကို ကြိုက်သူများသည် ပူနေတုန်း မော့သောက်ကြသည်။

တချို့ သည် အေးမှ ကုန်အောင်မော့သောက်ကြသည်။ တချို့ သည်

ပူပူလေး သောက်ရင်း စကားလုံးတွေ စီကြသည်။ အတွေ့ အကြုံ

တွေ ကို ခင်းပြကြသည်။ ရက်လုပ်ကြသည်။ ကော်ဖီအရသာကို

ဘယ်လိုခံစားသလဲဟု ကျွန်နော်မေးဖြစ်ခဲ့ သည်။ သူတို့ က ရယ်

လျက် တစ်ငုံသောက်ကြည့်လိုက်ပါတဲ့ ။

ကော်ဖီသည်။။။။။။။။။။။။။။။။။။။။။။။။။

ပေါ့သလိုလို ၊ ခါးသလိုလို၊ တူးနေသလိုလို၊ အရသာမရှိသလိုလို

နဲ့  လျှာပေါ်မှ တဆင့် လည်ချောင်းထဲ စီးဆင်သွားလေသည်။

မနှစ်မြို့ စွာ မျက်နှာ ရှုံ့ မဲ့နေတုန်း အငယ်ဆုံးသူငယ်ချင်းလေး

တစ်ယောက်က သူ၏ အတွေ့ အကြုံတစ်ခုကို ခင်းပြ

လေသည်။

“ အစ်ကို တို့ ကျွန်နော် အခု ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်

နေတာ တစ်နှစ်ကျော် ရှိပြီတဲ့ ။ ဒါပေမယ့် အစ်ကို တို့် ရာ

ကျွန်နော့် အပေါ်မှာ ကောင်းတဲ့ လူရော၊ ဆိုးတဲ့ လူရော ရှိတယ်။

ကောင်းတဲ့ လူဆို အလုပ်လုပ်ရတာ ပျော်ဖို့ ကောင်းတယ်။ ဘာ

ဖြစ်လို့ လဲ ဆိုတော့ သူက ကျွန်နော့် အပေါ် အလိုလိုက်တယ်၊

နားလည်တယ်ဆိုတော့ သူဂျူတီဆိုရင် ကျွန်နော် အလုပ်မလုပ်

လည်းရတယ်။ ကျွန်နော် လုပ်ချင်တာလုပ်လို့ လည်းရတယ်။

အလုပ်မလုပ်လည်းရတယ်။ တစ်ခုခု မှားရင်အပြစ်လည်းမတင်

ဘူးဆိုတော့ နေချင်သလို နေလို့ ရတယ်။ လွတ်လပ်တယ်။

သူ့ ဂျူတီဆိုရင် သိပ်ပျော်တာပဲ့။ တဲ့………………

ဆိုးတဲ့ လူ ဂျူတီဆို ခေါင်းပူလိုက်တာ မပြောနဲ့ တော့။

တစ်ချိန်လုံးခိုင်းနေတာ။ ပါးစပ်က လည်း တစ်တွတ်တွတ်နဲ့ 

နားကိုငြီးနေတာပဲ့။ လုပ်ချင်စိတ်ကို မရှိဘူး။ သူ့ အလုပ်မဟုတ်

ဘဲနဲ့ လည်း ဆရာလာလုပ်သေးတယ်။ အလုပ်တွေကိုလည်း

မလုပ်ပဲ့ နဲ့ ကျွန်နော့်ကိုလာလုပ်ခိုင်းသေး။ ကျွန်နော် တော့

သူ့ ကို လုံးဝမကြိုက်ဘူး။ သူ့ ဂျူတီဆို အလုပ်လုပ်ရတာ မကောင်း

ဘူး၊ ပြောလည်းပြော အလုပ်လည်း မနားတမ်း လုပ်ခိုင်းတယ် ဆို

တော့ နားလည်းငြီး၊ ခေါင်းလည်း ပူထူနေတာပဲ့။ စိတ်ပင်ပန်း

လိုက်တာ မပြောနဲ့ တော့ အစ်ကို တို့ ရာ။။။။။။။။။။။တဲ့ ……”

ကော်ဖီတစ်ငုံသည် လည်းချောင်းအတွင်းသို့ စီးဝင်သွားပြီး

နောက် လျှာပေါ်မှ ခံစားမှုသည် ချဉ်သလိုလို ၊ခါးသလိုလိုဖြစ်နေတုန်း

အသက်ခပ်ကြီးကြီးသူငယ်ချင်းတစ်ယောက်က

“ ဟ…ညီလေးရ…ညီလေး ခင်းပြသွားတဲ့  အတွေ့ အကြုံတွေက

ကြမ်းလှချည်လား။ ဒါဆိုရင် ညီလေးက ညီလေးအပေါ်

ကောင်းတဲ့လူကြီး၏ ဂျူတီအချိန်ဆို ပျော်တာပေါ့။ ညီလေး

အပေါ်မကောင်းတဲ့ လူကြီး၏ ဂျူတီအချိန်ဆို စိတ်ညစ်တာပေါ့။

ညီလေး…ဟုတ်တယ်မဟုတ်လား ……ဟူ၍

မေးရင်းစကားလုံးတွေကို စီပေးလေသည်။။။။။..”

ကျွန်နော် ကော်ဖီ တစ်ငုံ ထပ်ငုံလိုက်မိသည်။

ချဉ်သလိုလို၊ ခါးသလိုလို လျှာပေါ်မှ ကော်ဖီအရသာသည်

ပူ၍တူးနေသော အရသာကြောင့် ပျောက်သွားပါလားဟု

ဆန်းစစ်နေတုန်း။။။။။။။။။။။။။။။။

အသက်အကြီးဆုံး သူငယ်ချင်းတစ်ယောက်က

‘ အေး …ညီလေးတို့ ခင်းပြခဲ့တဲ့ အတွေ့ အကြုံတွေက

ကြမ်းတယ် ဆိုတာ အစ်ကိုလည်းခံစားလို့ ရပါတယ်။

အတွေ့ အကြုံတွေ ချောဖို့ ဆိုတာက ညီလေး တို့ ကိုယ်တိုင်

အတွေ့ အကြုံတွေ ရက်လုပ်တဲ့ နေရာမှာ စိတ်ထားလေးတွေ

ထားတတ်ဖို့ လိုနေသေးတာပါပဲ့ လို့ …အစ်ကို ပြောချင်ပါတယ်။

ကော်ဖီတစ်ငုံသည် ဘယ်အချိန်က လည်ချောင်းထဲ စီးဝင်

သွားသလဲမသိ။ လျှာပေါ်တွင် ချဉ်သလိုလို ၊ ငန်သလိုလို၊

ရေသောက်ချင်သလိုလို၊ ပေါ့သလိုလိုဖြစ်လာမှ လျှာကိုလိပ်

အာခေါင်ကို ထိလိုက်ပြီး ပါးနှစ်ဖက်ပိန်သွားအောင် ညင်ညင်သာသာ

လေး စုပ်လိုက်မိလေသည်။……အားပါးပါး………….

“ အစ်ကို ကြီးဆိုရင် အခု အစ်ကို ကြီးလုပ်နေတဲ့ ကုမ္ပဏီမှာ

ပေါ့ ညီလေးခင်းပြသလို အတွေ့ အကြုံကြမ်းကြမ်းတွေ

အများကြီးပဲ့တဲ့ ။ အစ်ကို ကြီးတို့ ကိုယ်တိုင် အတွေ့ အကြုံ

တွေ ကိုရက်လုပ်တဲ့ အခါမှာတော့ အစ်ကို ကြီးတို့ အတွေးက

ဒီလိုကွ “ ငါကြိုက်တဲ့ လူကြီးကို ချစ်ရင်၊ ကြိုက်ရင် လူကြီးကလည်း

ငါ့အပေါ်ကို အလိုလိုက်ရင် ၊ ငါ့အပေါ်မှာလည်း ကောင်းရင်

ဒီလူကြီး ဂျူတီအချိန်မှာ အခွင့်အရေးမယူဘူး။ ငါ့လူ ကြီး စိတ်ချမ်း

သာဖို့ ငါကောင်းကောင်းနေပြရမယ်။ သူဂျူတီပြီးတဲ့ အထိ ငါ

အကောင်းဆုံးလုပ်ဆောင်ပေးရမယ်။ ဘာဖြစ်လို့ လဲဆိုတော့

ဒီလူကြီးက ငါ့အပေါ်အရမ်းကောင်းတာကိုး။ ဒီနေရာမှာ ငါက

သူများတွေနဲ့ မတူတော့ဘူး။ ဘာဖြစ်လို့ လည်းဆိုတော့

တချို့ က ဟာ…….ဒီလူကြီးဂျူတီကွ၊ ဘာမှမပြောတတ်ဘူး၊

အေးဆေးပဲ့၊ အလုပ်မလုပ်လည်းရတယ်။ အေးဆေးပဲ့ကွာ…တဲ့ 

ဒီနေရာမှာ ကွဲသွားတာက စိတ်ဓါတ်လေးတွေပါပဲ့။

ဒီလူကြီး ငါ့ အပေါ်မှာ အရမ်းကောင်းတယ်ဆိုတာသိတယ်။

လူကြီးစိတ်ချမ်းသာအောင် ၊ ငါ့အတွက်နဲ့ လူကြီး

ခေါင်းမခဲရအောင် အစွမ်းကုန်ကြိုးစားလုပ်ဆောင်မယ်…ငါ့ရဲ့ လုပ်

ဆောင်ချက်တွေနဲ့ ငါ့ကြိုက်တဲ့ လူကြီးကို ပိုပြီးဂုဏ်တက်စေရမယ်

လို့ စိတ်ထားပြီးစေတနာပါပါလုပ်ဆောင်ပေးတယ်။

တစ်ချို့ ကတော့ ဒီလူကြီးငါ့အပေါ်မှာ အရမ်းအလိုလိုက်တယ်။

အရမ်းကောင်းတယ်ဆိုတာသိတယ်။ ဒါပေမယ့် သူက

ဒီလူကြီးက ဘာမှလည်းမပြောတတ်ဘူး။ ငါလုပ်ချင်သလို လုပ်လို့ 

ရတယ်။နေလို့ လည်းရတယ်ဆိုပြီးတော့ လုပ်ဆောင်တော့တာပဲ့။

သူ့ စိတ်ထဲမှာ ဒီလိုလုပ်လိုက်လို့ ပြဿနာတစ်ခုခုဖြစ်ခဲ့ရင်

လူကြီးကို ထိမယ်ဆိုတာသိတယ်။ ဒါပေမယ့် ဂရုမစိုက်ဘူး။

ဒါဟာ သူရဲ့စိတ်ထားကိုဖော်ပြနေတယ်။ ဂရုမစိုက်တဲ့ စိတ်ထား

ဟာမကောင်းဘူး။ ဒါတင်ပဲ့လားဆိုတော့ မဟုတ်သေးဘူး။

သူရဲ့ဂရုမစိုက်တဲ့ စိတ်ထားကြောင့် ပြဿနာဖြစ်လာရင် သူက

အရင်ပူပင်သောကရောက်မယ်။ ပြီးရင် လူကြီးလည်း ပူပင်သော

ကရောက်ရလိမ့်မယ်။ ဒါကြောင့်လည်းမကောင်းဘူး။

ပြီးတော့ ဂရုမစိုက်ဘဲ ပေါ့ပေါ့တန်တန် လုပ်တဲ့ အလေ့အထဟာ

အစကတည်းက ပေါ့ပေါ့တန်တန် လုပ်ရင်းနဲ့ နောက်ဆို တဖြည်း

ဖြည်းပိုပိုပြီးပေါ့သွားရော။ တဖြည်းဖြည်း ပေါ့ရာကနေ အလုပ်ကို

ကပျက်ကချော်လုပ်လာရော။ ကပျက်ကချော်ရာကနေ ဂရုမစိုက်

တဲ့ စိတ်ထားတွေ ဖြစ်လာရော။ ဒီလိုနဲ့  နောက်ဆုံး အလေ့အထလို

ဖြစ်သွားတာ နေချင်သလိုနေ၊ ပြောမှနာ၊ထိမှသိလူစားမျိုးဖြစ်လာတော့

တာပဲ့။ နောက်ဆို လုပ်တောင်မလုပ်တော့ဘူး။

ဒီလို ဖြစ်လာရတာက အခြားသူတွေကြောင့်လည်းမဟုတ်ဘူး။

အလုပ်ချပေးထားတဲ့ လူကြီးမကောင်းလို့ လည်းမဟုတ်ဘူး။

ကိုယ်တိုင်ကနေ ပေါ့ပေါ့တန်တန် လုပ်ရာကစ နောက်ဆုံး

ပေါ့ပေါ့လာပြီး မဆိုင်သလိုလို၊ ဂရုမစိုက်တော့တာ။

လျှာပေါ်မှ ကော်ဖီသည် အေးအေးလေးနဲ့ ပိုပြီး ချိုလာသလိုလို၊

ခါးလာသလိုလို နဲ့ ……………….

လူကြီးနာမယ်ကောင်းရအောင်လုပ်ပေးမယ်လို့ တွေးလိုက်

ကတည်းက သူစိတ်က ငြိမ်အေးပြီးသား။ အကယ်၍ အလုပ်

လုပ်နေတုန်း သူမကြိုက်တဲ့ လူကြီးရောက်လာရင်တောင်၊

လာခိုင်းရင်တောင် သူက အပြုံးမပျက်ဘူး။ အေအေးဆေးဆေးပဲ့။

လူကြီးက ကောင်းပါတယ်လို့ တွေးပြီးနေချင်သလိုနေတဲ့ သူက

သူမကြိုက်တဲ့ လူကြီးရောက်လာရင် ၊ ခိုင်းလာခဲ့ရင် ပျာယာကို

ခတ်ရော။ နဂိုက သက်သက်သာသာ နေချင်တယ်ဆိုပါမှ ဒီလူ

ကြီးကလည်း သူအလုပ်သူမလုပ်ပဲနဲ့ လာခိုင်းနေသေးတယ်လို့ 

တွေးပြီး ပူလောင်တာတွေရော၊ မကျေနပ်တာတွေရော၊ ပူပင်

တာတွေရော သူစိတ်က ပူကိုပူလောင်နေလေရောပဲ့။

ညီလေးတို့ ….စိတ်ပူပင်စွာနဲ့ အလုပ်လုပ်နေတဲ့  လူတစ်ယောက်

ကို မင်းတို့ မြင်ကြည့်စမ်းပါဦးဦးကွာ….အခု အစ်ကို့ အတွေ့ အကြုံကို

ခင်းပြတဲ့ နေရာမှာ အစ်ကို စီထားတဲ့ စကားလုံးတွေကိုတော့

ခံစားလို့ ရမယ်ထင်တယ်….

ကျွန်နော် မကြိုက်သော ကော်ဖီခါးခါးတစ်ခွက်သည် ငြိမ်သက်

စွာ အေးစက်လျက်။ ကျွန်နော်သည်လည်း ကော်ဖီတစ်ငုံသောက်

လိုက်၊ နားထောင်လိုက် ၊ခေါင်းညိမ့်လိုက်နဲ့ ၊ လျှာပေါ်မှ ချဉ်သလိုလို၊

ခါးသလိုလို၊ ချိုသလိုလို ၊ငန်သလိုလို ဖြစ်လာရင် လျှာကို လိပ်၊

အာခေါင်နဲ့ ထိပြီးစုပ်လိုက်နဲ့  ကော်ဖီခါးခါးသောက်တတ်

ခြင်း၊ ဒါမှမဟုတ် ခံစားတတ်ခြင်းအရသာသည် ရေးရေးပေါ်

လာတော့သည်။ အခုဆို ကျွန်နော် ကော်ဖီခါးခါးလေးကို

ခံစားတတ်နေပြီ။ အရသာခံတတ်နေပြီ။ သို့ သော် ကျွန်နော်

ကော်ဖီကိုတော့မကြိုက်ပါ။ ပူပူလေး တစ်ငုံစီသောက်ရင်း

လျှာကိုစုပ်ရင်း ချဉ်သလိုလို၊ ခါးသလိုလိုအရသာလေးကို

ခံစားရင်း….ကော်ဖီခါးခါးလေး တစ်ခွက်သည်

……………………………………………………………

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, December 11, 2010

ဥယျာဉ်မှူး


ရေလောင်းလိုက်
ပေါင်းသင်လိုက်
စိုက်သူကတစ်ယောက်။

မော့မော့ပန်
ကြော့ကြော့စံ
ပန်သူကားတစ်ယောက်။.........။


ဖေဖေ(နဝဒေး)


ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ အဖေ့ရဲ့ကဗျာလေးကို မှတ်မိသလို ပြန်ချရေးလိုက်တာပါ။
ဒီကဗျာလေးရဲ့သက်တမ်းဟာ အနည်းဆုံး နှစ်ပေါင်း (၄၀)လောက်တော့ရှိပါလိမ့်မယ်။

ဆက်ဖတ်မယ်ဆိုရင် ...

Monday, December 6, 2010

ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်လွှမ်းလျက်။ လမိုက်ည။

မိုးအုပ်နေ၍ ကြယ်တွေတောင်မရှိ။ ပုရစ်အော်သံများကို

နားထောင်လျက် အမည်မသိငှက်များ တွေဝေမှိန်းမောလျက်။

ဓနိမိုးထားသော တဲအိမ်တစ်လုံး၏အထဲ မှိန်ဖျော့ဖျော့ မီးရောင်

နဲ့ အတူ လူသားနှစ်ဦး ။ အဖိုးအိုတစ်ဦး၊ အသက်

နှစ်ဆယ်ကျော်ကျော် ကောင်လေးတစ်ယောက်။ အဖိုးအမြေး။

တဲအပြင်မှ လေရိုင်းတို့ သည် ဦးတည်ရာမဲ့တိုက်ခတ်နေတုန်း။

ကောင်လေးသည် အဖိုးအိုကို ပုံပြင်တစ်ပုဒ်ပြောပြဖို့ ပူဆာနေ

လေသည်။

အဖိုးအိုသည် ပြုံးလိုက်ပြီး ပုံပြင်တစ်ပုဒ်ကို စတင်ပြောလေသည်။

“ဟိုး……..ရှေးတုန်းက တိုင်းပြည်တစ်ခုမှာ ဘုရင်ကြီးတစ်ပါးအုပ်ချုပ်မင်း

လုပ်နေသတဲ့။ ဘုရင်ကြီးဟာ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေးကို စိတ်ဝင်

မစားပဲ သူ၏အာဏာတည်မြဲရေး၊ သူ့ မိသားစု ဆွေမျိုးတိုးတက်ကြီးပွား

ရေးကိုသာ လုပ်ဆောင်နေသတဲ့။ ဒါကြောင့်သူ့ တိုင်းပြည်ဟာ မွဲသထက်

မွဲလာပြီး သူ့ အသိုင်းအ၀ိုင်းသာ ချမ်းသာနေကြသတဲ့။ တိုင်းပြည်အတွင်း

မှာလည်း တရားဥပဒေစည်းမျဉ်းတွေ အပေါ်ကျော်လွန်ပြီး လာဘ်

ပေးလာဘ်ယူမှုတွေ၊ ကြီးနိုင်ငယ်ညှင်းမှုတွေ၊ သြဇာအာဏာတွေ

သာ လွမ်းမိုးနေသတဲ့။ ပြီးတော့ သဘာဝဘေးအန္တရာယ်တွေဖြစ်လာ

ရင်လည်းဘုရင်ကြီးက သိပ်ဂရုမစိုက်ပါဘူးသတဲ့။ လွတ်လပ်မှု၊တရား

မျှတမှုကိုလိုလားတဲ့သူတွေဟာ ဆန္ဒတွေထုတ်ဖော်ကြ၊ အခွင့်အရေး

တွေတောင်းဆိုကြသတဲ့။ ဒီလိုဖြစ်လာရင် ဘုရင်ကြီးဟာစစ်တပ်နဲ့ 

နိုမ်နှင်းပစ်လေ့ရှိသတဲ့။ ဒီလိုနဲ့ တိုင်းသူပြည်သားတွေဟာ ဘုရင်

ကြီးကိုမုန်းလာကြသတဲ့။ ဒါပေမဲ့ မုန်းသာမုန်းနေရတယ် ဘာမှမတတ်

နိုင်ကြဘူးတဲ့။ ဘုရင်ကြီးဟာ သူသဘောသူလုပ်၊ တိုင်းသူပြည်သား

တွေဟာ မွဲသထက်မွဲလာဆိုတော့ ပုန်ကန်မှုတွေ ဖြစ်လာပါရောတဲ့။

ဒီလိုဖြစ်လာရင်လည်းဘုရင်ကြီးဟာ ရက်ရက်စက်စက် စစ်တပ်အားကိုး

နဲ့ တိုက်ခိုက်နိုမ်နှင်းလေ့ရှိသတဲ့။

ဒီလိုဖြစ်ပျက်နေတဲ့ အချိန်တွင်းမှာပဲ့ တိုင်းပြည်အတွင်း၌ အထူး

လူသိများကျော်ကြားသော ဖြောင့်မတ်မှန်ကန်သည့် သူငယ်ချင်းနှစ်

ဦးရှိနေသတဲ့။ မောင်ဖြူနဲ့မောင်နီလို့ ခေါ်သတဲ့။ မောင်ဖြူဟာ

တိုင်းပြည်အတွင်း တရားဥပဒေ စိုးမိုးရေး၊ လူတိုင်းသာတူညီမျှအခွင့်

အရေးရရေး၊ ပြည်သူပြည်သားတိုင်း ဆင်းရဲခြင်းမှလွတ်ကင်းရေး

ဆိုသည့်အချက်တွေကို ဟောပြောလျက် ပြည်သူလူထုကို စည်းရုံး

ဟောပြော၍ ဘုရင်ကြီးဆီ ငြိမ်းချမ်းစွာ ဆန္ဒပြ အခွင့်အရေးတွေ

တောင်းဆိုနေသတဲ့။ မောင်နီကား ဘုရင်ကြီး အပိုင်စားပေးထား

သော ရွာကြီးတစ်ရွာ၌ ရွာသူကြီးဖြစ်နေသတဲ့။ ရွာသူကြီးဆိုသည့်

ဂုဏ်ပုဒ်နဲ့ အညီ ဘုရင်ကြီးပေးထားသည့်အာဏာကို အသုံးချပြီး

သူ၏ရပ်ရွာကောင်းကျိုး၊ပြည်သူလူထုအကျိုးကို စွမ်းစွမ်းတမံ

အားထုတ်လုပ်ဆောင်ပေးနေသတဲ့။ မောင်ဖြူရဲ့ လုပ်ဆောင်မှုတွေ

ကိုလည်းဘုရင်ကြီးမသိအောင် ထောက်ပံ့ပေးနေသတဲ့။ ဒီလိုနဲ့ 

မောင်ဖြူနဲ့ မောင်နီဟာ လူထု၏အနာဂတ်အတွက် မရှိမဖြစ်

သားကောင်းတွေဖြစ်နေသတဲ့။

တနေ့ တော့ …ဘုရင်ကြီးသည် မောင်နီ၏ အိမ်သို့ သူ၏

စစ်တပ်နဲ့ အတူ ရောက်ရှိလာသတဲ့ ။ ပြီးတော့ မောင်နီကို

တာဝန်တစ်ခုပေးသတဲ့ ။

အဖိုးအိုသည် ငြိမ်သက်စွာနားထောင်နေသော ကောင်လေး

ကို အကဲခတ်ကြည့်လိုက်လေ၏။ ကောင်လေး၏နဘေးမှ

ရေနွေးကြမ်းအိုးလေးသည် ကောင်လေးနဲ့ အတူ ငြိမ်သက်လျက်။

အဖိုးအိုသည် ဆက်ပြောလေသည်။

ဘုရင်ကြီးက မောင်နီကို ……….မေးသတဲ့။

ဘုရင်ကြီး= မောင်မင်း မောင်နီ မင်းဟာ ငါကျွေးတဲ့ ထမင်းကို

စားနေရတဲ့ သူမဟုတ်လား။

မောင်နီ = ဟုတ်ပါတယ်အရှင်။

ဘုရင်ကြီး = မောင်နီ မင်းဟာ ငါချီးမြှောက်ထားတဲ့ ရွာသူကြီး

မဟုတ်လား။

မောင်နီ =ဟုတ်ပါတယ်အရှင်။

ဘုရင်ကြီး =ဒါဆိုငါပေးသည့်တာဝန်ကို ကျေပွန်အောင်ထမ်း

ဆောင်ရမည်မဟုတ်လား။

မောင်နီ = ထမ်းဆောင်ပါမည်အရှင်။ အမိန့် ရှိပါ။

ဘုရင်ကြီး = မင်းသူငယ်ချင်း မောင်ဖြူရဲ့ ခေါင်းကိုငါလိုချင်သည်။

မင်းသတ်ပေးရမည်။ အကယ်၍ ငါပေးသည့်တာဝန်ကို

မင်းကျေပွန်အောင် မထမ်းရွက်နိုင်ခဲ့လျင် ပထမဦးစွာမင်း

မိသားစုနဲ့ တစ်ကွ မင်းရဲ့ ဆွေခုနှစ်ဆင့်၊ မျိုးခုနှစ်ဆင့်ကို မင်း

ရှေ့ မှာတင် သတ်ရလိမ့်မယ်။ ပြီးတော့မင်းရဲ့ ရွာသူရွာသားနဲ့ 

တကွ မင်းရွာကြီးကိုပါ မီးလောင်တိုက်သွင်းရလိမ့်မယ်

လို့ ဆိုသတဲ့။ မောင်ဖြူသည် လူထု၏ခေါင်းဆောင်၊ လူထု၏အနာ

ဂတ်ကို ဦးဆောင်လမ်းပြပေးနေသူ၊ ပုံဖော်ပေးဖို့ ကြိုးစားနေသူ။

မောင်နီသည် မောင်ဖြူကို ထောက်ပံ့နေသူ။ သူတို့ နှစ်ယောက်

စလုံးသည် ညီမျှနေသောချိန်ခွင်တစ်ခု။ သူတို့ နှစ်ယောက်စလုံးသည်

အမှန်တရားကို ချစ်မြတ်နိုးသူ။

“ကဲ…ဘယ်လိုလဲ………..ကောင်လေး………”

အဖိုးအိုသည် ကောင်လေးကို မေးလေ၏။

“ မောင်ဖြူကို မင်းသတ်ခဲ့မယ်ဆိုရင် မင်းဟာ လူထု၏ ရန်သူ

ဖြစ်ရလိမ့်မယ်။ လူထု၏အနာဂတ်ကို ဖရိုဖရဲဖြစ်အောင်လုပ်သူ

ဖြစ်လိမ့်မယ်။ လူထု၏ ပယ်ခြင်းကို ခံရလိမ့်မယ်။

မင်းဟာ မောင်နီကို မသတ်ဘူးဆိုရင်လည်း ပထမ မင်းရဲ့

မိသားစုနဲ့ အတူ ဆွေခုနှစ်ဆင့်မျိုးခုနှစ်ဆင့်ကို မင်းရှေ့ မှာ

သတ်တာကိုမြင်ရလိမ့်မယ်။ ပြီးတော့ တစ်ရွာလုံးမီးလောင်

တိုက်သွင်းတာကို မြင်ရမယ်။ ပြီးနောက်မင်းလည်းသေရမယ်။

ကဲ….ကောင်လေး…ဘယ်လိုလဲ…….

ထမင်းတစ်လုပ်နဲ့အမှန်တရားဆိုတဲ့ ဂုဏ်ကိုလှဲမလား။

ဒါမှမဟုတ်…..ထမင်းတစ်လုပ်ကိုယူမလား။

ဒါမှမဟုတ်…အမှန်တရားဆိုတဲ့ ဂုဏ်ကို ယူမလား။

ကောင်လေး…..

အဖြေပေးဦး……….”

???????????????????????????????????????

////////////////////////////////////////////////

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, December 4, 2010

အစ်မဖွေး


စာအုပ်ပုံကြားမှာ မွေးဖွားလာတဲ့
ငါတို့တစ်မိသားစုလုံး
စိတ်ကူးစံတွေနဲ့ နပန်းလုံးနေတုန်း
ပြုံးပြုံးလေးနဲ့ လက်တွေ့ကျသူ။

လူတကာရဲ့အကြံပေး၊ သူ့မောင်လေးကို
ပိဿလေးနဲ့ဘေးပစ်၊ ဆန်းစစ်ဖို့ ဝန်မလေးသူ။

လူအရာအထောင်ကို ဦးဆောင်နေတဲ့သူ့မောင်
ကြောင်ရင် ကြောင်တယ်၊ ယောင်ရင် ယောင်တယ်
မရှောင်မဖယ် ဗြောင်တွယ်တတ်သူ။


အစ်မဖွေး
သူ့ကိုသာ အရင်ဆုံးမမွေးခဲ့ရင်
ငါ မတွေးဝံ့ဘူး။

သူဟာ
ငါတို့ မိသားစုရဲ့ အခန်းကဏ္ဍမှာ
အချက်အချာကျကျ ဇာတ်နာခဲ့ရသူ။
(သူကတော့ ဒီလိုတွေးမှာမဟုတ်ဘူး။)


အစ်မဖွေး ...
၈၈ ကားလိပ်ကာအချ
ကျောင်းဆရာမအမေ နယ်မှာတာဝန်ကျရာက
မီးဖိုချောင်ဇာတ်ဝင်ခန်းစခဲ့ရသူ။

ဆန်အိုးထဲကို ဆန် အချိန်မှန်ရောက်ဖို့ကအစ
ဆန်အိုးထဲက ဆန် အချိန်တန်ယူချက်ဖို့အဆုံး
အားလုံးကိုတာဝန်ယူခဲ့သူ။

ငါတို့စားဖို့ ထမင်းတစ်စေ့အတွက်
သူ ဘယ်လိုကျားကွက်ရွှေ့ခဲ့ရသလဲ၊
ဟင်းအိုးထဲကို ဆီတစ်စက်ချဖို့
သူ ဘယ်လောက်တွက်ဆခဲ့ရသလဲ၊
သူကိုယ်တိုင်မှပဲ သိမယ်။

ပဉ္စမတန်းသင်ရိုးညွန်းတမ်းမှာမပါပေမယ့်
လူငါးယောက်စာအတွက် ကြက်ဥတစ်လုံး
ဆန်မှုန့်ဘယ်လောက်သုံးရမလဲဆိုတာ
သူအကျွမ်းကျင်ဆုံးသချာင်္။


အစ်မဖွေး ...
သူဟာ
သူ့မောင်လေးကို လွမ်းတဲ့အခါ
"I remember ပါ" လို့ရေးရှာတဲ့
သူ့ခေတ်သူ့အခါရဲ့ မဟာဘွဲ့ပိုင်ရှင်။

မှတစ်ပါး အခြားမရှိတဲ့
တက္ကသိုလ်ပညာရေးအတွက်
ဆယ်စုနှစ်တစ်ခုစာ ကျောင်းနေသက်ကြာခဲ့ရသူ။

စာမေးပွဲအမှတ်စာရင်းတွေနဲ့အချိုးကျ
လှပတဲ့ ဘဝကိုမရခဲ့သူ။

သူ့ကိုယ်ပေါ်က မွေးညင်းတစ်ပင်တိုင်းမှာ
သူ့ခေတ်ရဲ့သမိုင်းဟာ
နက်ရှိုင်းစွာအရိပ်ထင်နေသူ။


အစ်မဖွေး ...
အစ်မတို့ကို ပြဋ္ဌာန်းခဲ့တဲ့ခေတ်ကို
မောင်လေးတို့ အသစ်ရေးဆွဲမယ်ဆိုတဲ့စကား
မွေးနေ့လက်ဆောင်ပါးပါတယ်။................။



မာရေးသျှင်
(၄၊ ၁၂၊ ၂၀၁၀။ အစ်မဖွေးမွေးနေ့)



ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, December 1, 2010

ကျွန်နော့် အိမ်အကြောင်းပြောပြမည်။

ကျွန်နော့် စိတ်အကြောင်းပြောပြမည်။

ကျွန်နော့် အပြုအမူအကြောင်းပြောပြမည်။

ကျွန်နော့် ခေတ်အခြေအနေ….

-သူများနိုင်ငံအတွင်းလာအလုပ် လုပ်နေရသည်။

-ကျွန်နော့် ပညာရေးသည် မပြီးသေး။ ပြီးဖို့ လည်းအတော်လိုအုံးမည်။

အဘယ်ကြောင့်ဆိုသော် သင်ခန်းစာ ခေါင်းစဉ်အောက်က မရုံးထွက်နိုင်လို့ ။

-ကျွန်နော့်စိတ်သည် ဘာသာရေးအငွေ့ အသက်များများနဲ့ ကြီးပြင်းလာခဲ့သည့်

အတွက် အရာရာကို ဘာသာရေးစိတ်နဲ့ ဆုံးဖြတ်အကဲဖြတ်ခဲ့သည်။ ဘာသာ

ရေးအကြောင်းသိလားဆိုတော့ သေသေချာချာမသိ။

-ကျွန်နော့် ရည်မှန်းချက်ဘာလဲဟု ကျွန်နော့် ကိုမေးခဲ့လျင် တိကျစွာ

မဖြေတတ်။ ဖြေတတ်အောင်လည်း တစ်ခါမှမစဉ်းစားခဲ့။ ကြုံဆုံခဲ့သည့်

ပတ်ဝန်းကျင်ထဲကအတိုင်း ကျွန်နော်ကိုယ်တိုင်ယောင်ဝါးဝါး။

-ကျွန်နော့်စိတ်သည် သူများထက်ပိုပြီးသိချင်၊ တတ်ချင်၊ ပိုပြီးထင်ပေါ်

ချင်ခဲ့သည်။ သို့ သော် ထိုသို့ ဖြစ်အောင် တစ်ခုမှ မကြိုးပမ်းခဲ့ ။ သူများ

ယောင်လို့ ကိုယ်ယောင်တာပဲ့ ရှိခဲ့၊ အဆုံးထိရောက်အောင်မလုပ်ခဲ့။

-ကျွန်နော့်စိတ်သည် ပြဿနာ ကိုကြောက်သည်။ ဒါကြောင့်ပြဿနာတွေ

ကိုလည်း ကောင်းကောင်းမဖြေရှင်းတတ်။

-ကျွန်နော့်စိတ်သည် ကိုယ်မမြင်ဘူးတာ၊ မကြားဘူးတာ သူများလုပ်ထား

ရင် အထင်ကြီးသည်။ အားကျသည်။ ကိုယ်တိုင်လုပ်နိုင်တယ်ဆိုတာကို

ဘယ်တော့မှမတွေး၊ တွေးဖို့ လည်း မေ့နေလေရဲ့။ လေ့လာဖို့ ဆိုဝေးရော။

-ကျွန်နော့် စိတ်သည် စိတ်ကူးအိပ်မက်တွေနဲ့ ပြည့်နေတတ်သည်။

သို့ သော် တစ်ခါမှ လက်တွေ့ ကျကျမလုပ်ခဲ့။ စကားတွေချည်းပြော၊

လေတွေချည်းပွားနေသည့် အပြောသမား။

-ကျွန်နော့် စိတ်သည် ကိုယ့်ကိုယ်ကိုလည်း တိုးတက်ချင်၏။ အမျိုးအဆွေ

ကိုလည်း တိုးတက်ချင်၏။ သို့ သော် ကျွန်နော်သည် “ ဒီနေရာမှာ အမှိုက်

မပစ်ရ” ဆိုသည့် စည်းကမ်းကိုတောင် မလိုက်နာနိုင်ခဲ့။

-ကျွန်နော့်စိတ်သည် အားလုံးကို လုပ်နိုင်သည်၊ တစ်ခါလုပ်ပြရင် တတ်သည်

ဟုထင်နေ၏။ သို့ သော် ဘာမှမတတ်။ ဟန်ဆောင်နေတတ်သည်။ ဝေဖန်

ပြောရမည်ကိုလည်း မရဲတင်း၊ အားလုံးတတ်သည်ဟုလိမ်ညာနေ၊ ဖြီးဖြန်း

နေတတ်သည်။

-ကျွန်နော့် စိတ်သည် တစ်ဘ၀လုံး ထမင်းစားနိုင်သည့် အလုပ်တစ်ခု

ကို သိထားတတ်ထား၏။ သို့ သော် သိထား၊တတ်ထားသောအကြောင်း

ကို တပါးသူအား ဖွင့်ပြောရမှာ၊ သင်ပြရမှာ၊ ပြောပြရမှာ တွန့်တိုနေတတ်

သည်။ သူတစ်ပါးရသွားမှာကို အရမ်းကြောက်နေတတ်သည်။ ရှင်းရှင်း

ပြောရရင် သူတစ်ပါး တော်သွားမှာ၊ တတ်သွားမှာ ကိုမနာလိုခြင်း။

-ကျွန်နော့်စိတ်သည် ကိုယ့်အသိုင်းအ၀ိုင်းထဲမှ တစ်ယောက်ယောက်

ကိုယ့်ထက် ထင်ပေါ်ခဲ့လျင်၊ တတ်ခဲ့လျင်၊ တစ်မူထူးစွာ လုပ်ဆောင်

ခဲ့လျင် ထိုသူအပေါ် ပုတ်ခတ်ပြောဆိုခြင်း များနာလိုခံခက်စကားများ

ကို ပြောပြီးနှိမ့်လေရှိသည်။ လုံးဝ မတွန်းတင်ပေး။ လုပ်ချင်သည့်စိတ်ကို

ချိုးနိုမ်လေ့ရှိသည်။

-ကျွန်နော့်စိတ်သည် ကြားရသည့်သတင်းများထဲ လုံးဝယုံကြည်နေတတ်

သည်။မှန်လား၊ တကယ်လား ဆိုသည်ကို မတွေး၊ မလေ့လာ၊ ပြီးတော့

အပြစ်တွေချည်းဖို့ မည်။ ကိုယ်တိုင်ဒီလိုဖြစ်ရင်ဘာလုပ်နိုင်မည်နည်း

တစ်ခါမှမစဉ်းစား၊ ဘာလုပ်ပေးနိုင်မည်နည်း လုံးဝမစဉ်းစားခဲ့။

-ကျွန်နော့်စိတ်သည် အလုပ်အပေါ် စိတ် တစ်သတ်မှတ်တည်း

မထား။ အလုပ်ခွင် လူကြီးရှိလျင် တစ်မျိုးလုပ်။ လူကြီးမရှိလျင်

တစ်မျိုး လုပ်။ တွေးလိုက်သေးသည်။ ဒီနေ့ လူကြီးမလာဘူး။

အားလုံးအေးဆေးပဲ့။ လူကြီးရှိနေရင် ခေါင်းကိုက်တယ်။

-ကျွန်နော့်စိတ်သည် တာဝန်တစ်ခုကို ယူချင်စိတ်မရှိ။ အလုပ်တစ်ခု

လုပ်ခဲ့ရင်လည်း အစပိုင်းသာတက်ကြွသည်။နောက်ပိုင်းအချောင်ခိုလာသည်။

ပြဿနာဖြစ်လာခဲ့ရင်လည်း ကိုယ်တိုင်မဖြေရှင်း။ တပါးသူအပေါ်အပြစ်ပုံချ။

ကိုယ်ကတော့ခေါင်းရှောင် ၊လုပ်သက်ရလာလို့ လူကြီးဖြစ်လာရင်လည်း

လုပ်သက်လူကြီးပါးဝလာရော။

-ကျွန်နော့်စိတ်သည် ကိုယ့်အတွက်ပဲ့ ဦးစားပေးကြည့်သည်။ တပါးသူကို

အလေးမထား၊ ကိုယ့်အတွက်က များများ၊တပါးသူအတွက်က

နည်းနည်းလုပ်ပေးသည်။ စေတနာပါလို့ မဟုတ်။ ကိုယ့်အတွက်လိုချင်လို့ ။

အတ္တကြီးသည်။

-ကျွန်နော့်စိတ်သည် သူတပါးက ကောင်းစေချင်လို့ အမှားထောက်ပြသည်

ကိုမကြိုက်။ ရန်လိုတတ်သည်။ ပိတ်ပြောတတ်သည်။ ဒါကြောင့် တပါးသူ၏

စိတ်ထားကို နားမလည်။ နားလည်အောင်လည်း မလုပ်တတ်။

-ကျွန်နော့်စိတ်သည် အချိန်ကိုမလေးစား၊ လုပ်ရင်ဖြစ်သည်ကိုလည်း

မယုံ၊ကြီးပြင်းရာပတ်ဝန်းကျင်အငွေ့ အသက်၊ အရိပ်အောင်မှ ဖောက်ထွက်

ဖို့ လည်း မကြိုးစား၊ အဆီးအတားရှိရင် အားပျော့ချင်၊ ဇွဲမရှိ၊ လမ်းဟောင်း

ကြီးအတိုင်းသွားနေကြသည်။ ကိုယ်တိုင်လမ်းဖောက်ဖို့ မစဉ်းစား။ မတွေးတော။

-ကျွန်နော့်စိတ်သည် ကိုယ့်ပတ်ဝန်းကျင်အမြင်နဲ့ ကျေနပ်နေသည်။ အပြင်

မထွက်၊သူတပါးအကြံမယူ၊ တိုးတက်နေတာတွေကိုမကြည့်၊ တိုးတက်သော၊

သိသင့်သော၊ တတ်သင့်သော အရာတွေကိုလည်း မလေ့လာ၊ စာလည်းမဖတ်၊

မသိဘဲ တစ်ယောက်တည်းအမြင်တွေချည်းပြော၊ ငြင်းခုန်နေသူ။

-ကျွန်နော့်စိတ်သည် ငါသိသည်၊ငါတတ်သည်။ ဒါဆိုဒါပဲ့ ဒီလိုလုပ် ဆိုသည်

ကို အသေဆုပ်ကိုင်ထားသည်။ ၀င်လာသမျှအကြံအဥာဏ်တွေကို ဖမ်းယူ

ဖို့ စိတ်တွေကို ဖွင့်ထားချင်းမရှိ။

-ကျွန်နော့်စိတ်သည် အလုပ်တွင်း၌လည်း အရေးကြီးဆုံးတာဝန်ကို မခွဲတတ်၊

မရွေးတတ်၊ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို လည်းခွဲလို့ မတတ်။အလုပ်တွင်း

၌လည်း အလုပ်အကြောင်းချည်း စိတ်သွင်းလို့ မတတ်၊ အလုပ်ကိုလည်း

ပေါ့ပေါ့တန်တန် လုပ်သည်။ အလုပ်အကြောင်းကိုလည်း မလေ့လာ၊

ဆက်ပြီးမလေ့လာတော့။

-ကျွန်နော့် စိတ်သည် အချောင်ခိုသမားစိတ်နဲ့ အတူ ဆင်ဖြူတော်မှီပြီး

ကြံစုပ်ချင်သည်။ အရိပ်အားကိုးပြီး မော်ကြွားမော်ကြွားလုပ်ချင်သည်။

-ကျွန်နော့်စိတ်သည် ကိုယ်ပိုင်လွတ်လပ်မှုဆိုသည်ကိုလည်း နားမလည်။

-ကျွန်နော့်စိတ်သည် လူမူရေးရာတွေကိုလည်း သေသေချာချာနားမလည်။

-ကျွန်နော့်စိတ်သည် ကျန်းမာရေးရာတွေကိုလည်း သေသေချာချာနားမလည်။

-ကျွန်နော့်စိတ်သည် ရာဇ အရေးတွေကိုလည်း သေသေချာချာနားမလည်။

-ကျွန်နော့်စိတ်သည် ဓမ္မရေးရာတွေကိုလည်း သေသေချာချာနားမလည်။

-ကျွန်နော့်စိတ်သည် သိအောင်၊နားလည်အောင်လည်း အားမထုတ်။

-ကျွန်နော့်စိတ်သည်………………………………………………………………။

-ကျွန်နော့်စိတ်သည်………………………………………………………………။

-ကျွန်နော့်စိတ်သည်……………………………………………………………..။

ကျွန်နော့်စိတ်သည် ဒီလိုရှိ၏။ ဒီလိုတွေဖြစ်နေ၏။ ကျွန်နော့်၏အမျိုး

အဆွေတို့် သည်လည်း ဒီလိုတွေဖြစ်နေ၏။ ဒီလိုဖြစ်နေသည့်အကြောင်း

အရာများသည် ကျွန်နော့်၏အပြုအမှုဖြစ်ပါသည်။ အမျိုးအဆွေတို့ ၏

အပြုအမှုလည်းဖြစ်ပါသည်။ ဒီလို အပြုအမှုများသည် ကျွန်နော့်တို့ 

တိုင်းပြည်၏ အဆင့်အတန်းပင်ဖြစ်ပါသည်။ယခုခေတ်ကာလ ကျွန်နော့်

တို့ တိုင်းပြည်၏ အဆင့်အတန်းသည် ယခုလက်ရှိ ကျွန်နော်တို့ 

လူပ်ရှား၊နေထိုင်၊ ပြုမူ၊ပြောဆို၊ ဆက်ဆံနေသည့် အရာအားလုံးပင်ဖြစ်ပေ

သည်။ကျွန်နော့်စိတ်သည် နှမ်းတစ်လုံးဖြစ်သည်။ အမျိုးအဆွေတို့ သည်

နှမ်းတွေအများကြီး ဖြစ်သည်။ ပြန့်ကျဲနေကြသည်။ နှမ်းတို့ မည်သည်

အနှစ်သာရတွေပေးရမည်။ ရှင်းရှင်းပြောရရင် ဆီဖြစ်စေရမည်။

ထို့ ကြောင့် နမ်းတစ်လုံးတည်းနဲ့ ဆီမဖြစ်ပေမဲ့ နမ်းတွေအများကြီး

ပေါင်းလိုက်ရင် ဆီဖြစ်ဖို့ အတွက် နမ်းတွေအများကြီးဖြစ်အောင်ပျိုးထောင်

ရတော့မည်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သည် ဆိုသည့်

စကားပုံကို ပြောင်းပြန်လှန်ပစ်ရမည်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်

လှေလုံး မွှေးစေရမည် ဖြစ်စေရမည်။ လုပ်ဆောင်ရမည်။ လုပ်ကိုလုပ်

ရတော့မည်။ ပြောင်းကိုပြောင်းရတော့မည်။ လုပ်ဆောင်ရာတွင် အစ

ပိုင်း အခက်အခဲတွေအများကြီးတွေ့ ရမည်။ ကြုံရမည်။ ရှိနေသည်။

ဒါပေမဲ့ ကျွန်နော်တို့ အားလုံး ထက်ထက်သန်သန် လုပ်ကြရင်

ဒီအခက်အခဲအားလုံး ပြေလည်နိုင်သည်။ နမ်းတစ်လုံးမှ တစ်လုံးသို့ 

ပွားနိုင်ပါစေ။ မွှေးသော ငါးခုံးမကောင်းများ ဖြစ်ကြပါစေ။

သိကြပါစေ။ ၀န်ခံတတ်ကြပါစေ။ အမှန်မြင်တတ်ကြပါစေ။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, November 26, 2010

အဖေနဲ့ သား

…..လူတစ်ယောက်သည် သူ၏စိတ်၊ သူ၏အတွေ့ အကြုံ၊ သူ၏အသိ၊

သူ၏ခံယူထားသော စိတ်နှင့်အတူ လုပ်ဆောင်လေ့ရှိသည်။

…….လူတစ်ယောက်သည် သူ၏စိတ်၊ သူ၏အတွေ့ အကြုံ၊ သူ၏အသိ၊

သူ၏ခံယူထားသော စိတ်နှင့်အတူ မေးမြန်းပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

အဖေတစ်ယောက်သည် ခလေးငယ်ကိုပြောနေ၏။

“ ဆေးလိပ်မသောက်နဲ့ …..ဆေးလိပ်သောက်ရင် ရောဂါဖြစ်မယ်။

အသက်တိုလိမ့်မယ် “ တဲ့…။

ခလေးသည် အဖေ့ စကားနားမထောင်ဆက်သောက်လေသည်။ အဖေသည်

ဒေါသတကြီး ဆူပူငေါက်ငမ်း၏။ ခလေးက

“ အဖေ…..ဆေးလိပ်သောက်ရင်ဘာဖြစ်လဲ.. အဖေပြောတဲ့ဟာတွေ

ဖြစ်ရင်လည်းဖြစ်ပေါ့။ နောက်မှ ဖြစ်တာ၊ အခုသောက်ရင် ဘယ်လိုရှိလည်း

သိရတာပေါ့၊ အဖေပြောတဲ့ ဟာတွေကို ဂရုမစိုက်ပါဘူး “ တဲ့…..

“ ဘာကွ. မင်းဘာပြောတာလဲ….နားမလည်ဘူးလား ငါပြောတာ

တိရစ္ဆာန်ကောင်……ငါမျှော်လင့်ထားတာက မင်းဟာ နားလည်မယ်လို့ 

ထင်ထားတာ…..အခုတော့ ပြန်ပြောဦးကွာ…

ဗြန်း…ဗြန်း..ဗြန်း…….”၊

အဖေသည် သားလက်ကို ဆွဲပြီး တဗြန်းဗြန်းရိုက်လျက်။

ယူကြုံးမရစိတ်နှင့်အတူ ဒေါသ ပေါက်ကွဲလျက်။

ခလေးသည်လည်း ငိုယိုပြောဆိုလျက်။

ပတ်ဝန်းကျင်သည်လည်း အံ့သြလျက်။

အဖေ ဒေါသထွက်လျက်…၊ ရိုက်လျက်….၊

ခလေးငိုလျက်….၊ ပြောဆိုလျက်…..၊

ပြောဆိုလျက်……၊ ရိုက်လျက်………၊

နောက်ဆုံးတော့ အဖေ လက်ပန်းကျသွားပြီ။ ခလေးသည် ပြောဆို

ငိုလို့ ကောင်းတုန်း။ အဖေ က မလုပ်နဲ့ လို့ ပြောသည်။ သားက

အကြောင်းပြချက်ပေး၏။ ဒီလိုနဲ့  နောက်ဆုံးရလဒ်သည် အဖေ မော

ခလေး ငိုတုန်းပေါ့…နောက်ဆုံးတော့ ခလေးစိတ်ထဲ အဖေရဲ့ အပြုအမူတချို့ ကို

မှတ်ယူတော့သည်။ “ အဖေ သည် ဤလိုမျိုး “….

ပညာရှိသောအဖေသည် သားဆေးလိပ်သောက်နေသည်ကို

ကြည့်နေလိမ့်မည်။ သား၏ အကြောင်းပြချက်၊ အမေးစကား၊ တောင်းခံမှု

ဖြေရှင်းချက်တွေကို နားထောင်မည်။ သား၏စိတ်ထဲ အမြင်များနဲ့အတူ

ခံယူမှုအချို့ ကို ၀ိုးတ၀ါးဖမ်းယူမည်။ ဒီလိုလုပ်ခဲ့ရင် ရလဒ်တစ်ခုသည်

ကွဲပြားစွာထွက်လာလိမ့်မည်။ အခုတော့ ခလေး၏အကြောင်းပြချက်

ခံယူမှုအချို့ ၊ပြန်ပြောစကားကို အဖေကိုယ်တိုင်သိ၏။ သို့ သော်…

သူ၏အသိ၊ သူ၏အတွေ့ အကြုံ၊ သူ၏ခံယူချက်စိတ်ထားနှင့်အတူ

ပိတ်ပြောခဲ့လေသည်။ အဖေ၏ အသိသည် ခလေး၏အသိနှင့်နှိုင်းယှဉ်

လို့ မရ၊ ခလေး၏ အသိသည် အဖေ၏ အသိနှင့်နှိုင်းယှည်လို့ မရ။

ခလေးသည် သူ့ အသက်လောက်သာသိမည်။ နည်းနည်းပိုချင်လည်းပိုမည်။

အဖေသည် သူ့ အသက်လောက်သာသိမည်။ နည်းနည်းပိုချင်လည်းပိုမည်။

အဖေကသိလို့ ပိတ်ပြော၏။ သားက မသိလို့ မေး၏။အကြောင်း

ပြချက်ပေး၏။ အဖေက လက်မခံ..ပိတ်ပြော၏။ ဘက်နှစ်ဖက်သည် မညီမျှ

တော့။ အဖေ့ အတွက် သူပြောသမျှမှန်၏။ ခလေးအတွက် အဖေသည်

သူ့ အတွက် မတရားဟုခံယူပြီ။ ဘက်နှစ်ဖက်သည် မညီမျှခဲ့ လျင် မှန်ကန်

သော တရားမဟုတ်တော့ပေ။ မှန်ကန်သော တရားသည် ဘက်နှစ်ဖက်လုံး

အတွက်ညီတူညီမျှရှိနေလိမ့်မည်။

ပညာရှိသောအဖေသည် သား၏ခံစားမှု၊ ခံယူချက်တွေကို ဖမ်းယူမည်။

မေးမြန်းမည်။ ထို့ နောက်သူဆုံးဖြတ်မည်။ အဖေသည် ခလေးကို ဆေး

လိပ်မသောက်စေချင်ခဲ့လျင် ဆေးလိပ်အကြောင်းကို ခလေး၏စိတ်နှင့်အတူ

ပြောမည်။ အခုဆို အဖေ သည် ခလေး ဖြစ်သွားပြီ။

“ ကောင်လေး…ငါတို့ ဆေးလိပ်အကြောင်း ပိုသိအောင်လုပ်ကြစို့ ။

ကောင်လေး….ဆေးလိပ်က ဘယ်ကလာတာလဲ။ သောက်ပြီးဘယ်လို

အကျိုးများတာလဲ။ ဆိုးကျိုးတွေကရောဘယ်လိုလဲ။ စမ်းသပ်ကြစို့ …”

ဥပမာ..ဆေးလိပ်သောက်တဲ့ လူတွေ လေ့ကျင့်ခန်း လုပ်တဲ့ နေရာတွေ

ကိုခေါ်သွားပြမည်။ ဆေးလိပ်သောက်သူတွေ၏ နောက်ဆုံးဘ၀တွေအကြောင်း

ကိုပြောဆိုမည်။ ဆေးလိပ်သောက်ပြီး သူဝါသနာပါသည့် အားကစားတစ်ခုခုကို

လုပ်ခိုင်းမည်။ ဆေးလိပ်သောက်ပြီးလုပ်တာနဲ့  မသောက်ဘဲ လုပ်သည့် အလုပ်

ဘယ်လို ကွဲပြားခြားနားသလဲဆိုသည်ကို မပြောပဲနှင့်သိလာအောင်လုပ်ပေးမည်။

ဆွေးနွေးမည်။ နားလည်အောင်ရှင်းပြမည်။ ဤသို့ ဆိုလျင်……

သား၏ အကြောင်းပြချက်တွေ အမေးတွေကို အဖေက ညင်သာစွာ၊နားလည်

အောင်ပြောပြခဲ့လျင်…အပြန်အလှန် ကိုယ့်အမြင်၊ သူ့ အမြင် ဆွေးနွေးခဲ့လျင်၊

ရှေ့ ဆက်လမ်းကြောင်းပေါ် အဖေ၏ တာဝန်များ ၊ စိတ်ကူးများကို သား၏

ပုခုံးပေါ် တင်ပေးကောင်း တင်ပေးနိုင်ပေလိမ့်မည်။

သား၏စိတ်ထဲ အဖေ၏ ကိုင်တွယ်ပုံနည်းလမ်းကောင်းအချို့ ၊ ဖြေရှင်းချက်အချို့ 

ကိုသင်ယူလိမ့်မည်။

ထို့ ကြောင့် အဖေအချို့ ..သားသမီးတွေ၏ အကြောင်းပြချက်၊ အမြင်၊ ပြန်ပြော

စကားတစ်ချို့ ကို ပိတ်ပြီးမပြောပါနဲ့ ၊ မရပ်ခိုင်းပါနဲ့ ၊ အတင်းအကျပ်မလုပ်ပါနဲ့ ၊

နားထောင်ပေးလိုက်ပါ၊ ဆွေးနွေးလိုက်ပါ၊ လုပ်ဆောင်ပေးလိုက်ပါ၊ အမြင်များ

ဖလှယ်ပါ။ ညင်သာစွာ၊ သိမ့်မွေ့ စွာ၊ နားလည်စွာ ဖြစ်စေချင်သော ဆန္ဒများကို

သင်ပြပေးနိုင်သော အဖေများ ဖြစ်ကြပါစေလို့ ….

ဆက်ဖတ်မယ်ဆိုရင် ...

Monday, November 22, 2010

ပစ္စက္ခသမိုင်း


လွတ်မြောက်လိုစိတ်မှာ အကျဉ်းမကျကြဖို့
မိတ်ဆွေအချို့ကို သတိပေးရင်း
သတင်းတွေသက်သက်နဲ့ ဟင်းတစ်ခွက်မဖြစ်ကြောင်း
ထပ်လောင်းပြောဖြစ်ခဲ့ပြန်တယ်။........။

မာရေးသျှင်
၂၂ ရက်၊ နိုဝင်ဘာ၊ ၂၀၁၀၊ ည ၁၀ နာရီခန့်။

ဆက်ဖတ်မယ်ဆိုရင် ...

Friday, November 12, 2010

ချန်ရစ်ခဲ့သူ၏ ဝေဒနာ

“ချန်ရစ်ခဲ့သူ၏ ဝေဒနာ”
နင့်အနားမှာနေ
နင်စေရာသွား
ဘာ စကားပဲ ဆိုဆို
ငါလေ. . . စိတ်မတိုဖြစ်ခဲ့ပါဘူး . . . ။
ငါ့ရဲ့မျှော်လင့်ခြင်း
ကောင်းကင်က လမင်းမို့
ဝေးလှတဲ့ ဘ၀ကို . စိတ်ဓါတ်ကျတာ မဟုတ်ပဲ
ရင် အကွဲခံပြိး မြိုသိပ်
နင့်ကို . အရိပ်အောက်မှာ ထားရစ်ခဲ့တာပါ။
ကြေကွဲစွာ စူးနစ်
ရူးသွပ်မိတဲ့ ဒဏ်ရာ ဗရပွ
ရင်မှာ ထိရှနေလျက်နဲ့
မကြေငြာရဲ ခဲ့တဲ့ ငါ့အဖြစ်ကို
အိမ် မက်လို့ပဲ . . . စိတ်စွဲ လိုက်ပါတော့ . . .။


ကျောင်းတုံးက ကျနော့် သူငယ်ချင်း ကောင်လေးနဲ့ ကောင်မလေး နှစ်ယောက်ကြားကနေပြီး သူတို့အဖြစ်ကို အားမရလွန်းလို့ ကောင်လေးနေရာကနေ ခံစားပြီး ရေးဖြစ်ခဲ့တဲ့ ကဗျာ တစ်ပုဒ် ပါ။ အဲဒီ နှစ်ယောက်က အထက်တန်းကျောင်း ကထည်းက အတူတူ တက်လာခဲ့ပြီး Master ဘွဲ့ရတဲ့ အထိ အတူတူ။ ကောင်မလေးက ကောင်လေးထက် ပိုတော့ ချမ်းသာတာပေါ့လေ။ ပြောမနာ ဆိုမနာ၊ လိုက်လည်း လိုက်ဖက်ညီတယ်လို့ အားလုံးက အသိအမှတ်ပြုကြတဲ့ နှစ်ယောက်ပါ။ ဒါပေမယ့် ကျောင်းသာ ပြီးသွားတယ် သူတို့ နှစ်ယောက်က အဲဒီ အခြေအနေပဲ။ ကောင်လေးက ကျနော်တို့လို သူငယ်ချင်းတွေကိုတောင် သူ့ခံစားချက်ကို ဖွင့်မပြောသလို၊ ကောင်မလေးဘက်ကလည်း အေးဆေး လွန်းတယ် ထင်ပါတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ဇတ်လမ်းက ပြီးသွားပြီး နောက်တော့ အလုပ်တွေထဲကျမှ ဆိုင်သူ ကိုယ်စီ ရကြပြီးတော့ ခုဆို ကလေးအဖေတွေ ၊ ကလေး အမေတွေ ဖြစ်ကုန်ကြပြီ။
အဲဒီကဗျာလေးက ပြီးခဲ့တဲ့ ရက်တုံးကမှ အဲဒီ သူငယ်ချင်းက ပြန်ရွတ်ပြလို့ အမှတ်တရလေး ကျနော်တို့ e-journal မှာ တင်တာပါ။ ကဗျာလေး ခေါင်းစဉ်က အတည် မဖြစ်တာ အဲဒီ အချိန်ကတည်းက။ ကျနော်တို့ သူငယ်ချင်းတစ်စု Proposed လုပ်ခဲ့ကြတဲ့ ခေါင်းစဉ်တွေက “တဘတ်သတ် အချစ်” ၊ “ချန်ရစ်ခဲ့သူ၏ ဝေဒနာ” ၊
“သံယောဇဉ် ဖြတ်စာ” ၊ “ထူးကဲတဲ့ အချစ်” နဲ့ “မိကြည် သို့” ။

ကျနော်ကတော့ “ချန်ရစ်ခဲ့သူ၏ ဝေဒနာ” ဆိုတာလေးကို ပိုသဘောကျလို့ အခုတော့ အဲဒီခေါင်းစဉ်လေး တပ်လိုက်ပါတယ် ။

လေးစား ခင်မင်လျက်

တာတူး

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, November 4, 2010

နှမြောစရာ့လေ

ဒီကနေ့ အမှတ်တရပေါ့….ဖတ်ဖူးတဲ့  စာတစ်ပုဒ်ပေါ့လေ….


“ ဟဲ့ ထီးပါလား “

“ မပါဘူး “

“ ထီးယူမှပေါ့ဟယ် “

“ မယူဘူး “

ကိုကျော်သိုင်းသည် ဘောပင်လ်ကို ပစ်ချကာ ခေါင်းထောင်ကြည့်သည်။

လှေကားရင်းသို့ ရောက်နေသော သားငယ်နှင့် လှေကားထိပ်၌ ရပ်နေသည့်အိမ်ရှင်မ။

“ ပြန်တက်ခဲ့ စမ်းဟေ့ “

“ ဘာ….လုပ်ဦးမလို့ လဲ အဖေကလည်း”


သားငယ်သည် အသက် ၂၀-ကျော်ခဲ့ ပြီဖြစ်ငြား နွဲ့ဆိုး ဆိုးဆဲပင်ရှိသေး၏။ အမှည့်လွန်သော သရက်သီးတစ်လုံးနှယ် ရှုံ့ မဲ့ ရင်း အိမ်ပေါ်သို့  ညည်းညည်းညူညူတက်လာ၏။

“ ပြော….ဘာလဲ “

ဖအေ့ ဘေးသို့ လာရပ်၏။ အဖေ့ ကို အမေထက် ပိုပြီးရိုသေခံ့ညားရသောကြောင့် ချဉ်းကပ်လာရငြား မကြည်သာလှ။

ကိုကျော်သိုင်းသည် သားငယ်၏ နဖူးရေအတွန့် ကြီးကို တစ်ချက်ကြည့်လိုက်ရာက ပြတင်းပေါက်၏ အပြင်ဘက်သို့ ငေးနေ၏။ မိုးသားတိမ်လိပ်များ ပြေးလွှားနေသော နေသာသည့် နေ့ တစ်နေ့ ပင်။

ကောင်းကင်တွင် မုန်လာဂေါ်ဖီအခင်းကြီးတစ်ခင်း ရောက်နေ၏။ တိမ်ဖြူ အဆုပ်အခဲများသည် ညင်သာစွာ စီးမျောနေ၏။ တိမ်မည်းတိမ်ညိုအတန်းသည် ဂေါ်ဖီထုပ်အခင်းပေါ်မှ ဖြတ်လွှားနေသည်။

“ ဟာဗျာ…ဘာမှန်းလည်းမသိဘူး “

သားငယ်ညူးတွားသံဖြင့် ဆုတ်ခွာတော့မှ ကိုကျော်သိုင်း သတိဝင်လာ၏။

“ ဘာမှန်းမသိတဲ့ လူကို သိအောင်ပြောချင်လို့ ခေါ်တာ “

“ ဒါဖြင့်….ပြော “

“ နေပါဦးကွာ။ မင်းအခုစကားပြောနေတာဟာ မင့်လက်အောက်ငယ်သားလား။

မင့်နဲ့ ရွယ်တူတန်းတူလား “။

သားငယ် မျက်နှာအထားရခက်သွား၏။

“မေးတာကို ဖြေစမ်းပါကွာ “

သားငယ်သည် အရှုံ့ အမဲ့ ကို မပြင်ဘဲ၊ တွေတွေ ကြီးရပ်နေ၏။ ဖအေ့ မေးခွန်း

နောက်တွင် ဆက်တွဲလာမည့် စကားအစိုင်အထုကို သူခန့် မှန်းနေဟန်

ရ၏။

“ မင်းစိတ် ဘယ်လောက်ရိုင်းစိုင်းနေတယ်ဆိုတာကို မင့် ရဲ့လက်ငင်းအပြု

အမူက သက်သေခံနေပြီလေ။ မင်းနဲ့ အခုစကားပြောနေသူဟာ ရှင်းရှင်း

ကလေးပဲ့။ မင့် လက်အောက်ငယ်သားမဟုတ်ဘူး။ မင်းနဲ့ရွယ်တူ တန်း

တူလည်းမဟုတ်ဘူး။ ဒါလောက်တောင်မှ မဖြေနိုင်လောက်အောင် ရိုင်းနေ

ရသလား။

သားငယ်တွန့် သွားသည်။ အမူအယာ ပြင်မှဖြစ်တော့မည်ဟု ရိပ်မိသည်။

အမေ့ အား ပေါ့ပေါ့တန်တန်ပြောမိသည်ကို ထောက်ပြတော့မည်ဟု သိသည်။

သို့ ကြောင့်တွန့် နေသည့် နဖူးခွံကို ပြင်သည်။

“ မင့်အမေ ကို စေတနာနဲ့ စိုးရိမ်တကြီး ထီးပါလားလို့  မေးတာကို မင့်

ဘယ်လိုဖြေသတုံး “

ခံတွင်းမဲ့သော ငါးဟူသည် သည် သားငယ်ပဲ့ ဖြစ်ပေလိမ့်မည်။

“ မပါပါဘူး ခင်ဗျားလို့  ကိုယ့်အမေကို ရိုရိုသေသေ ဖြေရင် သေတတ်

လို့  မရိုမသေ ဖြေတာလားဟေ။ မရှိပါဘူး၊ မသိပါဘူး၊ မလားပါဘူး ဆိုတဲ့ 

“ ပါ “ ဆိုတာကလေးလောက်မှ ထည့်မပြောတတ်ဘူးလား။ အေးလေ မပြော

တတ်တာ မဟုတ်ပါဘူး။ မပြောတာပါ “

ယခုမှ သားငယ် စဉ်းစားမိသည်။ ဤကား ယဉ်ကျေးဖွယ်ရာသော အသုံးအနှုန်း၊

ဤကား မယဉ်ကျေးသော အသုံးအနှုန်းဟူ၍ မိမိတစ်ကြိမ်တစ်ခါမျှ မတွေးမိသော၊

မဆင်ခြင်မိပါတကား။

“ မေးတဲ့ အခါ သစ်ငုတ်။ ပြောတဲ့ အခါ သစ်တုံးကြီးဖြစ်နေလို့  မင့်မှာ

ဘာအကျိုးရှိသလဲ လူကလေး။ အဖေ မင့်ကိုပြောနေတာဟာ မင်းကောင်း

ဖို့ အတွက် ပြောနေတာ၊ အပြစ်ရှာနေတာ အပြစ်တင်နေတာမဟုတ်ဘူး”

အမေသည် သားအဖအား တစေ့တစောင်း ကြည့်နေသည်။ အဖေ့ အသံ

သည် ကျယ်ကျယ်လောင်လောင် မဟုတ်သေးသရွေ့  စိုးရိမ်စရာမရှိ။

သို့ သော် အဖေသည် အခေါက်အထစ် ၀ါသနာပါ၏။ စားပွဲပေါ်တွင်လည်း

ခေါက်စရာ ထစ်စရာ တွေက ပေါ်ပါဘိသနှင့်။ စိုးရိမ်ငြားကြားမ၀ငါရဲ။

“ သူတစ်ပါးရဲ့ အောက်က နေရတဲ့ အခါ သဘောမကျဘူး။ ဒါပေမဲ့

သူတစ်ပါးရဲ့ ခေါင်းပေါ်က နေရအောင်တော့ မကြိုးစားဘူး။ ပြောတာတော့

လွယ်တယ်လေ။ လက်တွေ့ မှာတော့ သူတစ်ပါးတွေ လေးနာရီ ပျော်ရွှင်နေ

ရင် ကိုယ်က တစ်နာရီပဲ့ ပျော်ရွှင်ပြီး ကြိုးစားမှ သူတစ်ပါးထက် သာမှာ။

သည်တော့ ပင်ပန်းတယ်ဆိုပြီး ရေသာခို အလွယ်လိုက်ရာက ပေါ့ပေါ့နေ

ပေါ့ပေါ့စားဘ၀ကို ရောက်တော့တာပဲ့။

အဖေပြောမှသာ သားစဉ်းစားမိသည်။ မိမိသည် ကြိုးပွားတိုးတက်လို

သူလော။ ပေါ့ပေါ့နေ ပေါ့ပေါ့စားကာ ဖြစ်သလို နေလိုသူလော။

“ ပေါ့ပေါ့နေ ပေါ့ပေါ့စားတာဟာ မိမိကိုယ်ကိုတောင် မိမိတာဝန် မယူ

တဲ့ သဘောပဲ လူကလေး။ ပေါ့ပေါ့နေ ပေါ့ပေါ့စား၊ ဘာမှ အလေးအနက်

မထားဖန်များတဲ့အခါ အကြောင်းနဲ့ အကျိုးတောင် မဆင်ခြင်တတ်တော့

ဘူး။ အခု ကြည့်လေ သည်လိုပြောရင် အမေ ကို မရိုသေရာများ ကျမလား၊

မဆင်ခြင်မိဘူး။ သတိမထားမိဘူး။ ပြောချလိုက်တာပဲ”

အမေသည် ၀င်မပြောရဲ။ သားအလုပ်နောက်ကျတော့မည်ဟု

သတိပေးသောအားဖြင့် လူယောင်ပြသည်။ နံရံကို ကြက်မွှေးဖြင့် လှည်း

သယောင်ယောင်၊ ပစ္စည်းပစ္စယများ ဟိုရွှေ့ သည်ပြောင်း လုပ်လေဟန်။

“ ငါ့ သား လေးလေးနက်နက် စဉ်းစားပါ၊ ဘာသာပြန်ပုံပြင်တစ်ပုဒ်မှာ

ဓါးခုတ်ကောင်က ၀ရီးဝရီးနဲ့ လျှောက်မြူးနေချိန်မှာ ပုရွှက်ဆိတ်က တကုတ်

ကုတ်နဲ့ အလုပ်လုပ်တယ်။ ဟော ..မိုးရာသီရောက်လို့ အစားအစာ ရှားပါချိန်

လည်းရောက်ရော၊ ၀ရီးဝရီးသမား ဓါးခုတ်ကောင်ဟာ ပုရွှက်ဆိတ်ဆီသွားပြီး

မျက်နှာအောက်ချ အကူအညီတောင်းရပါလေရော”

အဖေသည် တစ်စောင်းအနေအထားမှ သားဘက်သို့ တည့်တည့်လှည့်ပြီး

ထိုင်၏။ စိတ်ပါ လက်ပါ ဆက်ပြီး ပြောတော့မည့်သဘော။

“ အဲဒါကြောင့် ဓါးခုတ်ကောင်လို ပေါ့ပေါ့နေပေါ့ပေါ့စား မလုပ်စေချင်ဘူး။

ကျိုးကြောင်းတွဲစပ်တဲ့ ဆင်ခြင်တုံတရား ထားသင့်တယ်။ စကားစကို

ပြန်ကောက်ရရင် မင့်အမေက ´ထီးပါလား´ မေးတာကို ´မပါပါဘူး

ခင်ဗျားလို့ ´ ပြောရမယ်။ ´ ဟဲ့ ယူသွားမှပေါ့ ´ လို့ မင့်အမေက ပြောတဲ့

အခါ ´မယူတော့ပါဘူးခင်ဗျား´ ဒါမှမဟုတ် ´ မယူတော့ပါဘူး အမေရယ်´

လို့ ဖြေရမယ်။ သည်လို ပြောတဲ့ ဆိုတဲ့ အကျင့်ရှိထားမှသာ ကိုယ်က

သင်ပြညွှန်ကြား ရမယ့်သူတွေကို သည်အသုံးအနှုန်းက အရိုင်း၊ သည်

အသုံးအနှုန်းက အယဉ်ဆိုတာကို ခွဲခြားသင်ကြားနိုင်မယ်လေ”

အမေ ၀င်မပြောသာပါ၊ သားလုပ်ပုံက ဟန်မကျကြောင်းသိသည်။

အဖေ ပြောသောကြောင့်ူသာလည်း သဘောပေါက်လောက်ပြီ။ သို့ သော်

အဖေ့ မှာ ပြောဖွယ်ရာ ကုန်စင်သေးဟန်မတူ။

“ ဟုတ်ပြီ အဲဒါက အောက်လက်ငယ်သားအပါအ၀င် သား သမီးကို ဒါက

အယဉ်၊ ဒါကအရိုင်း သွန်သင်ဆုံးမမှု မပြုနိုင်ရင်၊ ဆိုကြပါစို့  မင့်သားသမီး

တွေဟာ အရိုင်းအစိုင်းတွေပဲ့ ဖြစ်ကုန်တော့မှာပေါ့။ ကောင်းရာကောင်း

ကြောင်းမညွှန်ပြနိုင်၊ အကောင်းအဆိုးမသိဘဲနဲ့  လူ့ လောက မြေမဟီမှာ

အသက်ရှင်ရပ်တည်နေရင် မဟာပထ၀ီမြေကြီးကို အားနာဖို့ ကောင်းသကွာ”

မြေကြီးကို အားနာသင့်သည်ပြောခြင်းမှာ သေဖို့ ကောင်းသည်ဟု ဆိုခြင်း

ဖြစ်ပေသည်။ သားနားလည်သလော၊ မလည်သလော အမေ မေးလို သည်။

အမေက မူ အဖေ့ စကားရင့်သီးသည်ဟုထင်၏။ ကြားထဲက ၀င်ပြီးရင်နာ၏။

“ အဖေ ကျွန်တော်”

သားသည် နာရီကို ငုံ့ ကြည့်ပြီး မရဲတရဲပြော၏။

“ သြော်….အလုပ်ချိန်ကိုတော့ လေးစားရကောင်းမှန်းသိသားပဲ့။ ဒါဟာကောင်း

တဲ့ လက်ဏ္ခာဖြစ်တဲ့ အတွက် ငါ့သားဟာ လွှင့်မပစ်ရသေးဘူး။ အင်းမဆိုးဘူး။

သည်လို ဆိုရင် အထက်အရာအရှိကို ဘယ်လို ပြောဆိုဆက်ဆံရမယ်ဆိုတာ

နားလည်မှာပေါ့နော် လူကလေး”

“ ဟုတ်ကဲ့ “

အဖေ့ ရှေ့ တွင်လာရပ်ပြီးကတည်းက သားသည် စကားနှစ်ခွန်းပြောခဲ့

ပြီးပေပြီ။

“ အထက်အရာရှိကို တော့ ရိုရိုသေသေ ပြောရမှန်းသိပြီး မအေကို

ရိုရိုသေသေ ပြောရမှန်းမသိတာတော့ဆိုးသကွာ။ ဒါပေမဲ့  အထက်အရာ

ရှိကို လေးလေးစားစား ရိုရိုသေသေဆက်ဆံရုံနဲ့ မပြီးသေးဘူးကွ။ အမိန့် ကို

နာခံတတ်ဖို့ ၊စည်းကမ်းကို ရိုသေဖို့ လည်း လိုအပ်သေးတယ်။ ဘယ့်နှယ်တုံး

သား။ စည်းကမ်းကော ရိုသေရဲ့ လား။ အမိန့် ကိုကော နာခံရဲ့လား။

“ ဟုတ်ကဲ့ ……ဟုတ်ကဲ့ ….အဖေ”

အဖေ ရယ်မောသည် ။ မရယ်ချင့် ရယ်ချင်ဖြင့် လုပ်ရယ် ရယ်ခြင်းဖြစ်သည်။

“ အဖေ တော့ မထင်ဘူးကွ။ မအေ က ထီးယူသွားဟဲ့ ပြောပေမယ့်

ယူမသွားဘူး။ မအေက သည်ဟာကို သည်မှာမထားနဲ့ ပြောတယ်။ မင်း ထား

တယ်။ မအေက သည် ဟာကို သည်လိုမလုပ်နဲ့ ။ မင်းလုပ်တယ်။ အဲသည်လို

လုပ်တာ အကျင့်ကြီးပါနေမှတော့ အထက်အမိန့် လည်း နာခံမှာ မဟုတ်ပါဘူးကွာ။

အထက်အမိန့် ကို မနာခံမှတော့ ဘယ်လိုလုပ်ပြီး ရာထူးတက်တော့မှာတုံး။ သည်

တော့ မင်းအလုပ်လုပ်နေတာဟာ အချိန်ဖြုံးရာမရောက်ပေဘူးလား”

သား၏ ရင်ဝယ် ဆို့ နင့်ဝေဒနာ ဖြစ်ပေါ်လာသည်အထိ အဖေ့ စကားက

တာသွားလှသည်။

“ ရိုရိုသေသေ ကျိုးကျိုးနွံနွံ လုပ်တတ်တဲ့  လူတစ်ယောက် ငါ့သားနေရာ

ကို ရောက်လာရင် ဘယ်လောက်ကောင်းမတုံး။ လူကောင်း သူကောင်းတွေ

အတွက်လည်း ငါ့သားဟာ အနှောင့်အယှက်အမှိုက်သရိုက် ဖြစ်နေပြီ

လား မသဘူး”

အဖေ ထရပ်သည်။

အဖေ လက်တစ်ကမ်းမှ လွတ်အောင် သတိတရဖြင့် သားဆုတ်၏။

“ သည်အရွယ်မှာ သည်လို အသေးအဖွဲ့ ကလေးကို ပြောနေရတာ

မကောင်းဘူး။ ကမ္ဘာမြေကြီးပေါ်မှာ အသက်ရှင် ရပ်တည်နေတဲ့အတွက်

မဟာပထ၀ီ မြေကြီးကို အားနာသောအားဖြင့်  အသက်အရွယ်နဲ့ လိုက်

လျောတဲ့အသိ၊ ပြောဆိုနေထိုင် ဆက်ဆံမှုရှိဖို့  ကောင်းတယ်။ ဒါပဲ….

ဒါပဲံ…..သွားတော့ “

သား……ချာကနဲ လည့်ထွက်သွား၏။

အဖေ ….ခေါင်းခါ၏။ သက်ပြင်းမောကို ရှိုက်ချ၏။ ထို့ နောက် တီးတိုး

ရေရွတ်၏။

“ လေကုန်တာပဲ့ အဖတ်တင်ပါကလား “

တစ်လှမ်းဖြစ်စေ…နှစ်လှမ်းဖြစ်စေ ဆုတ်ပြီးမှ လှည့်ထွက်သွားလျှင်

အဖေ ပြုံးကောင်း ပြုံးမိရှာပေလိမ့်မည်။……………

(၁၉၉ ခှနှစ်၊ တောင်သာ မဂဇင်း)

ဆင်ဖြူကျွန်း အောင်သိန်း အဖေ၀တ္ထုများ စာအုပ်မှ ကူးယူ၍ဖော်ပြခဲ့သည်။

ကျွန်နော့်အတွက်....ဤစာတစ်ပုဒ်လုံးသည် အမှတ်တရပါပဲံ…

4.11.2010

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, October 28, 2010

ဒုက္ခသည်


မုန်တိုင်းရဲ့အဝေးမှာ
မုန်တိုင်းဘေးသင့်ရတဲ့အဖြစ်၊
တကယ်တော့ .....
မုန်တိုင်းရဲ့ဗဟိုချက်မက
ငါ့အတ္တပဲ။..........။


မာရေးသျှင်
၂၂၊ ၁၀၊ ၂၀၁၀။
(မိဝေးဖဝေး၊ “ဂီရိ”နံဘေးက အငယ်လေးအတွက် ပူဆွေးနေကြတဲ့ မိဘဘိုးဘွား မောင်နှမများသို့ ...)

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, October 26, 2010

နှလုံးလှဖို့ အလှဆုံးသို့ (၉)


ကျွန်တော့်ဇနီးသည်က ပြဿနာပိုက်ပြီး ကျွန်တော့်ဆီလာတဲ့အခါမှာ အဖြေကို သူမ ချက်ချင်း မလိုချင်ဘူးဆိုတာ ကျွန်တော် ရှာဖွေတွေ့ရှိလိုက်ရတာက ကျေးဇူးတင်စရာကောင်းလှပါတယ်။ သူမက ဖြစ်စဉ်ကို ကျွန်တော့်ကို ရင်ဖွင့်နေခြင်းဖြစ်တယ်။ သူမပြဿနာကို ကျွန်တော် နားထောင်ပေးပြီး၊ သူမ ခံစားချက်ကို ထောက်ခံပေးဖို့ ဖြစ်တယ်။

“ဟာ၊ အဲဒါက ပြဿနာပေါ့။ ဒီလောက်ကြီးတဲ့ ပြဿနာများကို ရင်ဆိုင်ရမယ်လို့ ကိုယ် တစ်ခါမှ မတွေးခဲ့မိဘူး။ မင်းနေရာမှာသာ ကိုယ်ရှိနေရင်တော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမှန်းတောင် သိမှာ မဟုတ်ဘူး”လို့ ပြောဖို့ပဲ ဖြစ်တယ်။ အဲဒီလို ပြောလိုက်တာနဲ့ သူမကိုချစ်တယ်၊ သူမကို အားပေးတယ်လို့ ခံစားလိုက်ရတယ်။ ကျွန်တော် ဘာကိုမှ မဖြေရှင်းပေးရသေးဘူး။

သူမကလည်း ပြဿနာဖြေရှင်းပေးစေချင်တာ မဟုတ်ဘူး။ သူမက ကျွန်တော့်ကို နားထောင်စေချင်တာဖြစ်တယ်။ ကျွန်တော် ထောက်ခံတာကိုပဲ လိုချင်တယ်။ သူမက ကျွန်တော့်ကို ချက်ချင်းထခုန်ပြီး “ဦးဖြေရှင်း” လုပ်စေချင်တာ မဟုတ်ဘူး။


(THE PURPOSE DRIVEN LIFE by RICK WARREN ဘဝခရီးနှင်စေသော ရည်ရွယ်ချက် - ရက် ၄၀ ရည်ရွယ်ချက် - အဖွဲ့ငယ်သင်ရိုးညွန်းတမ်း - ခေါင်းဆောင်အတွက်လမ်းညွန်စာအုပ် - မှ ထုတ်နုတ်ကူးယူပါသည်။ )

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, October 23, 2010

မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လ၊ လပြည့်နေ့ ၊စနေနေ့အမှတ်တရ


ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံသီးသီး၌ ထူးခြား၊ထင်ရှားသည့်ပွဲတော်များရှိကြလေသည်။ ဤပွဲတော်များသည် တိုင်းနိုင်ငံပေါ်၌ မှီတင်းနေထိုင်ကြကုန်သော လူမျိုးများ၏ ယုံကြည်မှု၊ စိတ်ခံစားချက်များကို လွမ်းမိုးသော ဓလေ့များနှင့်အတူ ဖော်ပြကျင်းပကြလေသည်။ ထိုဓလေ့များသည် ထိုလူမျိုးများ၏ အကျင့်စာရိတ္တ၊ ယဉ်ကျေးမှုအဆင့်အတန်း၊ တန်ဖိုးထားမှုတို့ဖြင့် ထင်ဟပ်နေလေရာ ထိုပွဲတော်များသည် ထိုလူမျိုးတို့အတွက် အသက်တမျှ တန်ဖိုးကြီးလေသည်။ ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံများထဲမှ အရှေ့ တောင်အာရှတွင်ရှိသော မြန်မာနိုင်ငံသည် THE COUNTRY OF FESTIVALS ဟု ကမ္ဘာပေါ်တွင်ထင်ရှားကျော်ကြားလေသည်။

မြန်မာ့ ပြက္ခဒိန်တွင် တစ်နှစ်သည် ဆယ့်နှစ်လရှိ၏။ ထိုဆယ့်နှစ်လလုံးလုံး လတိုင်းလတိုင်းတွင် ပွဲလမ်းသဘင်များတည်ရှိလေသည်။ ထိုပွဲလမ်းသဘင်များသည် ထိုလများကို ကိုယ်စားပြုလျက် ကျင်းပဆင်နွဲလေ့ရှိသည်။ ထို့ ကြောင့် ပွဲတော်များ လတိုင်း ဆင်နွဲနိုင်သည့် လူမျိုးများ၏ စိတ်သဘာဝ၊ စရိုက်သဘောထားများကိုလည်း သိရှိနိုင်လေသည်။

တစ်ချို့အဖြစ်အပျက်များသည် ပြုလုပ်ပြီးတာနှင့်ကြာလာတော့ ပြုလုပ်သူတို့အတွက် နေ့ထူးနေ့မြတ်တွေ ဖြစ်သွားကြသည်။ တချို့အဖြစ်အပျက်တွေသည် ပြုလုပ်သူတို့အတွက် အမှတ်တရ မေ့မရသည့်နေ့တွေဖြစ်လာကြသည်။ တစ်ချို့အဖြစ်အပျက်တွေသည် မေ့လို့မသွားအောင် အမှတ်တရဖြစ်နေအောင် ပြုလုပ်ကျင်းပကြလေသည်။ ထိုသို့ ပွဲတော်များပြုလုပ်ကျင်းပကြရာတွင် ပညာရှင်များသည် သူတို့ လက်ခံသိရှိထားကြသည့် အတွေးအမြင်၊ ခံစားချက်တွေနှင့် မှတ်တမ်းတင်သည်။ မှတ်ထားကြသည်။ လက်ဆက်ကမ်း ဟောပြောကြသည်။


မြန်မာလူမျိုးအများသည် အခမ်းအနားအပြောင်းအလဲများ၊ ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများ ဆင်ယင်ကျင်းပရာတွင် နေ့ထူးနေ့ရက်တွေ၊ အခါကောင်း အချိန်ကောင်းတွေ ဟုသတ်မှတ်ထားသည့် အချိန်အခါ နေ့ရက်မျိုးတွင် ပြုလုပ်ကျင်းပကြလေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာလူမျိုးအများသည် မှတ်တမ်းမှတ်ရာများကို ပေတို့၊ စာတို့ဖြင့်ရေးမှတ်ရမည်ကို အလွန်ပျင်းလှသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် မှတ်ရလွယ်သော၊ နေ့ထူးနေ့ရက်တွေ၊ ထု့ခြားသည့် နေ့ရက်တွေမှာ ပွဲလမ်းသဘင်များပြုလုပ်ကြလေသည်။ ထိုသို့လုပ်ခြင်းဖြင့် လက်ဆက်ကမ်းမှတ်သားဖို့ ထိုလူမျိုးများအတွက် ပို၍လွယ်ကူသောကြောင့်၊ ပို၍မှတ်မိသောကြောင့် ဖြစ်လေသည်။


ပွဲတော်များဟုဆိုရာတွင် မြန်မာလူမျိုးများ၌ သုံးမျိုးသုံးစား ရှိလေသည်။ ဘာသာရေးနှင့် စပ်ဆိုင်သောပွဲတော်၊ ရိုးရာယုံကြည်မှုအတိုင်းဆင်နွဲသည့်ပွဲတော်၊ ရာသီအလိုက်ဆင်နွဲသည့်ပွဲတော် ဟူ၍ ခွဲခြားလို့ ရလေသည်။


သီတင်းကျွတ် မီးထွန်းပွဲတော်။


ဒီကနေ့ သည် မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်၊ သီတင်းကျွတ်လ၊ လပြည့်နေ့ ၊ စနေနေ့ ၊ 2010 October 23 ရက်နေ့ဖြစ်လေသည်။ ထိုနေ့သည် ဗုဒ္ဓဘာသာဝင်အပေါင်းတို့အတွက် အမှတ်တရ၊ အဖိုးမဖြတ်နိုင်သည့် ကုသိုလ်အပေါင်း စုပေါင်းလုပ်ဆောင်ကြသည့်နေ့ ဖြစ်လေသည်။ မြန်မာဗုဒ္ဓဘာသာဝင်များအတွက် မီးများထွန်းညှိပူဇော်ခြင်း၊ ဓမ္မတရားများရွတ်ဖတ်ခြင်း၊ အလှူအတန်းလုပ်ခြင်း၊ သက်ကြီးရွယ်အိုများအားပြုစုခြင်း၊ ကန်တော့ခြင်း၊ မာန်ကိုချ၍ သီးခံမှုများဖြင့် တစ်ရက်တိတိ အဓိဌာန်ဝင်ကြခြင်း၊ ဘုန်းကြီးကျောင်းသွားခြင်း၊ သီတင်းကျွတ်မုန်များ စုပေါင်းပြုလုပ်ခြင်း၊ ဆွေမျိုးညာတကာထံသွားရောက်လည်ပတ်ခြင်း၊ လက်ဆောင်ဖြင့်ကန်တော့ခြင်း၊ မရှိဆင်းရဲသားများကိုပေးကမ်းလှူဒါန်းခြင်း၊ မီးပုံးပျံများ လွတ်တင်ပူဇော်ခြင်း၊ ဒီနေ့သည် ပျော်ရွင်မှုအပြည့်၊ ကြည်နူးမှုအပြည့်ဖြင့် ဒီနေ့သည် ထင်ရှားသော တစ်နှစ်အတွက် အမှတ်အသားတစ်ခု ဖြစ်လေသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာဝတိံသာ နတ်ပြည်၌ ၀ါတော်ကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿီတနတ်သားအား အမူးပြု၍ စကြ၀ဋ္ဌာနေရာအနှံ့မှ နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မာတရားတော်မြတ်ကို ဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူ့ပြည်ဖြစ်သော သင်္ကဿနဂိုရ်ပြည်သို့ ပြန်လည်ဆင်းသက်ကြွမြန်းတော်မူသည်။

ထိုအချိန်၌ လူအပေါင်းသည် မီးများထွန်းညှိပူဇော်၍ ကြိုဆိုကြလေသည်။ ဤသီတင်းကျွတ်လပြည့်နေ့သည် ဘုရားရှင်သည် မွေးမိခင်ကျေးဇူးကို ဆပ်နိုင်သည့်နေ၊ သံဃာတော်များ ၀ါတွင်းသုံးလလုံးလုံး သီတင်းသုံးရာနေရာမှ အခြားနေရာသို့ တရားဒေသနာတော်များ ကြွချီဖြန့်ဝေနိုင်သည့်နေ့ ကုသိုလ်အပေါင်းကိုအားထုတ်သည့်နေ့ ဖြစ်နေသည့်အတွက် အထူးမွန်မြတ်စွာ တန်ဖိုးရှိစွာ၊ အဓိပါယ်ရှိစွာ၊ ပြည့်ဝစွာ ရှိနေတည်နေသော နေ့ရက်နေ့မြတ် ဖြစ်လေသည်။

ထိုကြောင့် ဤနေ့၊ ဤရက်၊ ဤအချိန်၊ ဤကာလသည် ဤသီတင်းကျွတ်မီးထွန်းပွဲတော်တွင် မြန်မာတို့၏ တစ်ဦးနှင့်တစ်ဦး ရိုသေလေးစားတတ်သော ၊မာန်မာနကို နိုမ့်ချလျက်၊ အပြန်အလှန် မေတ္တာစေတနာထားတတ်သော၊ ယဉ်ကျေးသိမ့်မွေ့သော စိတ်နေစရိုက်သဘောထား၊ နိုင်ငံနှင့်လူမျိုးဂုဏ်၊ အမျိုးသားရေးဂုဏ်ကို မြင့်တင်ပေးနေသည့် ရိုးရာအစဉ်အလာနှင့်အညီ ကောင်းသောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံးတို့ပေါ်တွင် ထင်ဟပ်စေလျက် ထင်ရှားသောပွဲတော်ဖြစ်လာခဲ့သည်မှာငြင်းလို့မရပေ။ ထို့ကြောင့် လောကဓံတရားများကို ရင်ဆိုင်ကျော်လွားနိုင်သော၊ ရောင့်ရဲတင်းတိမ်တတ်သော စိတ်နှလုံးကို ခေတ်အဆက်ဆက် ပိုင်ဆိုင်ခဲ့ကြသူများဖြစ်သည့်အလျောက် အေးချမ်းသည့် ဘ၀များဖြင့် နေထိုင်နိုင်ကြပါစေဟု စာဖတ်သူများနှင့်တကွ ဆက်နွယ်သူအပေါင်း သီတင်းကျွတ်လတွင် အမှတ်တရ ဆုတောင်းမေတ္တာပို့ သလိုက်ပါသည်။

အေးချမ်းကြပါစေ…….

ပညတ်တရားပေါ်အခြေခံပြီး အမှန်အသိများပိုင်ဆိုင်ကြပါစေ..

ဆက်ဖတ်မယ်ဆိုရင် ...

Friday, October 22, 2010

၂၁၊၁၀၊၂၀၁၀။ ဒီကနေ့ .....



ဒီကနေ့ ခလေးတစ်ယောက် မွေးဖွားလာခဲ့သည်။

ဒီကနေ့ အမိမြန်မာနိုင်ငံတော်အလံ ပြောင်းလဲသည့်နေ့။

ဒီကနေ့ လူတစ်ယောက်သေဆုံးသွားခဲ့သည်။

ဒီကနေ့ သည် အတိတ်၊ ပစ္စုပ္စန် ၊အနာဂတ် သုံးရပ်လုံးပြည့်စုံနေခဲ့လေပြီ။


၁၊ သေဆုံးလူ= သူ့ ဘ၀သက်တမ်းတစ်လျောက်လုံး လုထုအကျိုးတတ်နိုင်မျှ

ထမ်းဆောင်ခဲ့သည်။ သူ့ ကိုလေးစားပါ၏။ သူ့ ဆိုတာ သူရဲ့ ခန္ဒာကိုယ် ကိုမဟုတ်။

သူ၏ နှလုံးသားထဲက မွန်မြတ်သည့် စိတ်ကို ။သူရေးဆွဲခဲ့သည်။ သူလျှောက်လမ်း

ခဲံသည်။ သူ၏ အားနည်းချက်၊ အားသာချက်၊ အမှား၊ အမှန် တွေအများကြီးပြသ

ခဲ့ပြီ။ သူ၏ အမှားအမှန်များသည် အမှန်တွေလား အမှားတွေလားဆိုသည်ကို အချိန်

က ဆုံးဖြတ်သွားလိမ့်မည်။သေချာတာကတော့ မွန်မြတ်သော စိတ်စေတနာများ

စိုက်ထူခဲ့သည့် သူ၏သမိုင်းကို မေ့လို့ ရမည်မဟုတ်ပေ။


၂၊မွေးဖွားသူငယ်=ဆာလောင်မှုနဲ့ အတူ ပြင်းပြသောစိတ်နှင့်လောကထဲဝင်ရောက်

လာသူ သူငယ်လေး သို့ မဟုတ် ခလေး။ သူသည် လောကအကြောင်း ဘာမှမသိ။

ပူသည်၊ အေးသည်၊ စားမည်၊အိပ်မည်ပဲ့ သိသည်။သူ၏ခေါင်းသည်ကြီး၏။ ရင်ဘတ်

သေးငယ်၏။ခန္ဒာကိုယ်သည် ပျော့ဖတ်ဖတ်။ သူ၏ခြေဖ၀ါး၊လက်ဖ၀ါးများသည်

သေးငယ်လှ၏။ သို့ သော် သေးငယ်သော လက်ဖ၀ါးများသည် အနာဂတ်မှာ

လူထုအကျိုးကို ဆုပ်ကိုင်နိုင်သူဖြစ်လာနိုင်သည်။ သေးငယ်သော ခြေဖ၀ါးသည်

အနာဂတ်မှာလောကလမ်းကို ရှင်းလင်းစွာ ဖောက်ထွင်းလမ်းပြနိုင်သူ ဖြစ်လာနိုင်

သည်။ သူ၏ ဦးခေါင်းထဲ အသိဥာဏ်နှင့် ယုံကြည်မှု၊ မယုံကြည်မှုတို့ ကို ထည့်သွင်း

ပေးရလိမ့်မည်။ထည့်သွင်းပေးထားသည့်အရာများကို ဖောက်ထွက်နိုင်အောင်

သင်ကြားပေးရမည်။ မာယာနှင့်အတူ ရက်စက်မှုကို ပြောပြရမည်။ တည်ငြိမ်မှု

နှင့်အတူ နူးညံ့သော နှလုံးသားတစ်ခုရှိနေကြာင်းပြောပြရမည်။ သူ၏ ခန္ဒာကိုယ်

သည် အကောင်းအဆိုး ကိုခြုံရင်း လောက ကို လဲလျှောင်းအိပ်စက်နိုင်လာသူ

ဖြစ်စေရမည်။


အပြောင်းအလဲ သို့  အလံအို=နိုင်ငံတစ်ခု၏ အမှတ်အသား၊ဦးညွတ်ရာ သို့ မဟုတ်

အသက်ဆိုသည့်ဂုဏ်ပုဒ်တွေ ပိုင်ဆိုင်ခဲ့သော အလံတစ်ခု အနားယူသည့်နေ့ ။

လူထု ဦးညွတ်ခဲ့ သည်။ ဒီကနေ့ အထိ(၂၁၊၁၀၊၂၀၁၀)၊။ နိုင်ငံတစ်ခု အပေါ်မှ

မားမားမှတ်မှတ်ရပ်တည်လျက် ကမ္ဘာ အလယ်မြန်မာဟု ဥဒါန်းကျူးအောင်

သက်သေတည် သမိုင်းထိုးခဲ့ပြီ။ အနီ၊အပြာ ကာလာပေါ် ကြယ်ဖြူဆယ့်လေး

လုံးဝန်းရံထားသည့် စက်ဝန်းထဲ စပါးနှံနှင့်အတူ အဓိပါယ်ပြည့်ဝစွာနိုင်ငံဂုဏ်

ကိုထည်ဝါစေခဲ့ပြီ။ ပြောင်းလဲ ခေတ်ရေစီထဲမျှောရင်း လူထု၏ ပျော်ရွှင်မှု ၊၀မ်း

နည်းမှုတို့ ကို သက်သေပြုရာ၊ အသိအမှတ်ပြုရာ အမှတ်အသားဖြစ်ခဲ့ပြီ။ စိတ်`

ဓါတ်တွေ၊ ခွန်အားတွေ ဖော်ပြရင်းနဲ့ အမြဲမတည်မြဲ ဆိုသည့် သဘောအတိုင်း

ဒီကနေ့  (၂၁၊၁၀၊၂၀၁၀) အနားပေးလိုက်ပြီ။ သို့ သော်...လူထုနှလုံးသားထဲ

ခိုင်ခံ့ထည်ဝါစွာ၊ အဓိပါယ်ပြည့်ဝစွာ နဲ့ အလံအို ကိုဘယ်တော့မှ မေ့လိမ့်မည်

မဟုတ်ပေ။


အပြောင်းအလဲ သို့  အလံအသစ်=မွေးကတည်းကနေ ဒီကနေ့ အထိ(၂၁၊၁၀၊၂၀၁၀)

အလံအိုအောက်မှာကြီးပြင်းလာသော လူထုအတွက် အလံသစ်သည် ခံစားမှုစိမ်းနေ၏။

လူထုအတွက်စိမ်းနေသေးသည်။ စောင့်ကြည့်ခြင်းခံယူ၍ ရင်းနှီးလာလိမ့်မည်။ လှုရှား

ပြောင်းလဲနေသည့်ခေတ်အချိန်အတွင်း အလံအသစ်ရဲ့ လက်ထက်ဘာတွေပြောင်းလဲ

လာလိမ့်မနည်း။ အ၀ါ၊အစိမ်း၊အနီ သုံးရောင်ကာလာတန်းအလယ်ကြယ်ဖြူကြီးကြီး

တစ်လုံး မားမားဝံ့လျက် ရုတ်တရက် လူထုအတွက် သူစီမ်းဖြစ်နေပြီ။ နိုင်ငံ၏အထိမ်း

အမှတ်၊ လူထု၏ အသိအမှတ်ပြုရာ တာဝန်ကို ဒီကနေ့ (၂၁၊၁၀၊၂၀၁၀) မှာယူလိုက်

ပြီ။ အခုချိန်ကအစ လာမယ့်အနာဂတ် ခေတ်အချိန်အတွင်း လူထု၏ပျော်ရွှင်မှုများ၊

ဒါမှမဟုတ် လူထု၏ ၀မ်းနည်းမှုများ ဒါမှမဟုတ် ဘယ်လို သမိုင်းရေးထိုးမလဲဆိုသည်

ကို စောင့်ကြည့်လျက် အလံသစ်ရေ....ပြောင်းလဲမှုများစ လိုက်ကြပါစို့ ........။

ဆက်ဖတ်မယ်ဆိုရင် ...

Monday, October 11, 2010

ဆန္ဒ

လမ်းကောက်ရင် လမ်းဖြောင့်
မြစ်တွေ့ရင် တံတားဆောက်
တောင်တွေ့ရင် ဥမင်ဖောက်
ကြောက်နေရင် လိုချင်တာမရ
စောင့်နေရင် အချိန်တွေပြန်မရ
အမှားထင်ရင် အမှန်ပြင်မှ
တရားမင်ရင် ကိုယ်ချင်းစာကြ
ဒါမှ သာယာလှပ
ငြိမ်းချမ်းတဲ့လောက။............။

မေမေ(နဝဒေး)
၁၃၊ ၈၊ ၂၀၁၀။

ဆက်ဖတ်မယ်ဆိုရင် ...

Saturday, October 2, 2010

ပန်းခြံထဲမှာ


နဖူးဆံစ
ပင့်တင်မ၍
ခြွေးခဆံတို
ပိုကရိုကို
မငြိုမငြင်ဖြီးပေးချင်သည်
သခင် ... ခေါင်းကလေးမော့ပေးပါ။..........။


မာရေးသျှင်
ပြည်သူ့ဥယျာဉ် ၊ ၁၉၉၉။

ဆက်ဖတ်မယ်ဆိုရင် ...

Monday, September 27, 2010

သုံးဆယ်မို့ ပြုံးရယ်ဖို့ အနော်မာသို့ ခြေလှမ်းများ

(အနော်မာစစ်တမ်း)

အယူမှားလို့များ
အပူများခဲ့လေသလား
လူသားဖြစ်ရတဲ့ ဒီဘဝ။

အေးအေးလူလူ
အချိန်ယူပြီး
ပူပူပင်ပင်ဖြစ်ခဲ့ဖူးသလား။

သင်လည်း လူသား
အတ္တများနဲ့ ဖြစ်ပျက်ကောင် …
ငါလည်း လူသား
မောဟများနဲ့ ဖြစ်ပျက်ကောင် …

ဥပေက္ခာတရားက
ဥပေက္ခာထားနေသမျှ
ကိလေသာနဲ့နေသားကျခဲ့ကြ။

ကိလေသာရယ်
ရှိနေတာသိလျက် အနှင်ခက်
စဉ်ဆက်မကွာ ဒီတစ်သံသရာလုံး
အခု ငါတို့မုန်းသင့်ပြီ။

တကယ်တော့
ဘဝဆိုတာ
သံဇကာကြားမှာ
မတော်တဆညပ်နေတဲ့
သစ်ရွှက်အကြွေတွေလိုပါပဲ။
ညာခြေထောက်ပေါ်ကဘဝ
ဘယ်ခြေထောက်ပေါ်မှ ကျပါ့ဦးမလား …
ဘဝကား အနိစ္စ။
ဒီလိုပဲ
ကိုယ့်လှေနံ ကိုယ်ဓားထစ်
ကိုယ့်တရားစစ်နဲ့ ကိုယ်ပျော်ခဲ့။

အင်္ကျီအဖြူ
ဘောင်းဘီအဖြူ
စိတ်ကိုဖြူအောင် ဘယ်လိုလုပ်ရပါ့။
အသားကပ်စွပ်ကျယ်တစ်ထည်လို
ငါ့စိတ်ကို ငါ စွဲချွတ်လို့ရမလား။

အရှိအမှန်သဘာဝကို အသိညဏ်ဗလာကျ
သင်္ခါရတွေက မမြဲဘူး
အစွဲတွေကြောင့်မြဲခဲ့တယ်။
ငါ့ကိုငါမမြင်၍
ငါ့ကို “ငါ”ထင်ခဲ့တာလား။
ငါ့ကို “ငါ”ထင်လို့
ငါ့ကိုငါမမြင်ခဲ့တာလား။

စိတ်သွားတိုင်းကိုယ်ပါဖို့သာ ဆုတောင်းနေကြ
ကိုယ်သွားတိုင်းစိတ်ပါဖို့ဆိုတာ ဆုတောင်းလို့မှမရတာ။

(ဟေ့! တော်
ကဗျာမှော်အရှုပ်
ငါ ကလော်တုတ်လိုက်ရမလား။)

ဖြစ်၊တည်၊ပျက်နဲ့
စစ်ချီထွက်လာတဲ့အခါ …
အဲဒီပစ္စုပ္ပန်
ငါ့တို့ကိုတည့်တည့်မှန်အောင်
မရှောင်မှဖြစ်မယ်။
ငါတို့တွေရှောင်ရှောင်နေလို့သာ
ကတွတ်ပီ အမဲရရနေတာ။

မယိမ်းမယိုင်
ခိုင်မာတဲ့စိတ်ထားဆိုတာ
ပေါ့ပေါ့ပါးပါး ညင်ညင်သာသာထားရတယ်။

အယူမမှားတဲ့
လူသား
ဘုရားဖြစ်ခဲ့တယ်။………။


မာရေးသျှင်

ယောဂီငြိမ်း (ငြိမ်းဧရာ) သို့ မွေးနေ့လက်ဆောင်ကဗျာ
(တော်သလင်းလဆန်း - ၁၄ ရက်၊ ၁၃၇၂)
အနော်မာသောင်ကမ်း (သို့) ပင်လယ်အတုထဲကကျွန်း

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, September 26, 2010

ကျွန်း၌ ရိပ်သာဝင်ခြင်း


အဲဒီ (၁၀)ရက်လုံးလုံး
လှိုင်းတွေတဝုန်းဝုန်း
ငါ့ရှေ့ကပင်လယ်ရှုံးခဲ့တယ်။..........။

မာရေးသျှင်
၂၄၊ စက်တင်ဘာ၊ ၂၀၁၀။
(အနော်မာသောင်ကမ်း)

ဆက်ဖတ်မယ်ဆိုရင် ...

Tuesday, August 24, 2010

တွယ်ရာမဲ့တိုရဲ့ကောက်ရိုးမျှင်


ကမ္ဘာကြီးမှာ
အိုဇုန်းလွှာပေါက်ပြဲ အပူချိန်ကလွန်ကဲ
တောမီးလည်းလောင် တောလည်းပြောင်ခဲ့ပြီ။

ဆူနာမီဆိုလား ၊ လာနီညာဆိုလား
နာဂစ်ဆိုလား ၊ ဘာဖြစ်ဆိုလား
ရေလှိုင်းကြားကအသံ ဆူညံစွာနဲ့ပေါ့။

ရေခဲတောင်တွေပြိုကွဲ မြစ်ရေတွေလျှံဆဲ
မိုးခေါင်လို့ပတ်ကြားအက် ၊ ရေတက်လို့မြေပြို
ငလျင်တွေဆိုတာ မရပ်မနား။
သတ္တဝါတွေမှာ ကျီးလန့်စာစား။

ဒါနဲ့တောင်မှ ၊ လောဘနဲ့ပူလောင်
တဏှာရဲ့ရှေ့ဆောင်မှုနဲ့
စစ်မက်တွေဖြန့်ခင်း
သဘာဝမြက်ခင်းစိမ်းများ
အနက်ရောင်ဖြစ်သွား
လောကအလှတရား ပျောက်ကွယ်လုနီးပါး။

သက်ရှိသတ္တဝါများ ၊ ခိုကိုးရာရှား
ကယ်သူမဲ့ပြီလား။
မိုးကောင်းကင်တစ်နေရာ
အလုအယက်ဖွေရှာပြီး
သတ္တဝါများ နေရာဦးထားကြရအောင်။..........။


မေမေ (နဝဒေး)

ဆက်ဖတ်မယ်ဆိုရင် ...

Friday, August 20, 2010

အလွမ်း.........

ဝေးကွာနေသည့် အချိန် သတိရစွာ လွမ်းနေသည်။ သန့် ရှင်းစိုအေးသည့်မြေသင်းအနံ့ ကို လွမ်းလျက်။
တောင်စဉ်တန်းကြီးသည် မြောက်မှ တောင်သို့ သွယ်တန်းနေ၏။
တောင်ခြေရင်း၌ ရွာကလေး တစ်ရွာ။ ရွာအလယ်လမ်းမကြီးသည် တောင်စဉ်တန်းနှင့်အပြိုင်
မြောက်မှ တောင်သို့ ဖောက်လုပ်ထားလေသည်။ မြေနီလမ်းကလေး တစ်ခုသည် ရွာအလယ်
လမ်းမကြီးမှ ခွဲထွက်ပြီး တောင်ကုန်းလေး တစ်ခုအပေါ်သို့ တက်သွား၏။

တောင်ကုန်းလေး အပေါ်ညီညီညာညာရပ်နေကြသည့် သစ်တိုင်ခြံစည်းရိုးလေးတစ်ခု၊
တံခါးစောင့်တစ်ယောက်လို စူးစမ်းနေတတ်သည့် မချက်စုခေါ်သရက်ပင်အိုကြီးတစ်ပင်၏
အနောက်နား သဲဖြူပါးပါးခင်းထားသည့် ခပ်ကျယ်ကျယ် မြေကွက်လပ်အဆုံးမှာတော့ ဓနိမိုးထား
သည့် ခြေတံရှည်ရှည် သစ်အိမ်လေးတစ်ဆောင် သို့ မဟုတ် အမေ့အိမ်..........။
မိဘ၏ မေတ္တာရနံ့ များထုံသင်းနေတတ်သော၊ ညီအစ်ကို မောင်နှမများ၏ နွေးထွေးမှု
များလွမ်းခြုံနေတတ်သော နေရာလေးတစ်ခုပေါ့......။
အေးစိမ့်စိမ့် လေတိုက်လျက် မှိုင်းဝေနေသည့် ကြယ်ရောင်အောက် အမေ့အိမ်ခေါင်မိုး
ထက်မှာ မြူတွေ နားနေတတ်၏။ ဒီလို မနက်စောစောဆို ပတ်ဝန်းကျင်က အိပ်မောကျနေလေရဲ့။
အွတ်....အီး.......အီး........
ကြက်ဖကြီး၏ သြကာသလောကကိုပထမဆုံး နိုးလိုက်တဲ့ အချိန်မှာတော့ အိပ်မောကျနေသည့်
ပတ်ဝန်းကျင်က အိပ်မှုံစုံဖွား အလန့် တကြားနိုးထခဲ့လေရဲ့။ ချမ်းအေးလန်းဆန်းလှသည့် မနက်ခင်း
အာရုံတက်ချိန်မှာ မီးခိုးတအူအူနှင့် ငါ့လင်၊ငါ့သားစားဖို့ ချက်ပြုပ်နေသည့် အမေအိုနား ရေနံဆီမီး
ခွက်ငယ်လေးတစ်လုံးက မှိန်တုတ်မှိန်တုတ်အဖော်ပြုနေလေရဲ့။
သြကာသမှအစ၊ အမျှအမျှ....သတ္တဝါများကျန်းမာပါစေ၊ သတ္တဝါများချမ်းသာပါစေ၊
အမေ့ရဲ့ မေတ္တာပို့ သံအဆုံးမှာတော့" ကျွတ်...ကျွတ် " လို့ အိမ်မြှောင်စုတ်ထိုးသံလေးကို အမေအို
နားထောင်ရင်း ပြုံးနေမှာပေါ့လေ။
အဖေ့ရဲ့ မျက်နှာသစ် ပလုပ်ကျင်းသည့်အသံ၊ အမေ့ရဲ့ "သားထတော့ စာကျက်ချိန် ရောက်
ပြီ "ဆိုတဲ့ အသံက စိမ့်အေးအေးတိုက်နေသည့် ဆောင်းလေနှင့်အပြိုင် အိပ်ယာထဲ ဆက်ကွေးချင်နေ
သည့် ငပျင်းလေးတွေကို " ငါတို့ သေရင် သားတို့ ကိုပေးဖို့ ပစ္စည်းဥစ္စာမရှိဘူး...ငါတို့ ပေးနိုင်တာ
ကျောင်းပညာပဲ့ရှိတယ်။ စာကြိုးစားကြ၊ စာထကျက်ကြ " ဟု ခပ်ငေါက်ငေါက်အော်နိုးနေသည့်
အမေ့ရဲ့ အသံက ပညာတတ်ဖြစ်စေချင်သည့်ဆန္ဒတွေနဲ့ အတူ တစ်အိမ်လုံးကိုလွှမ်းမိုးနေလေရဲ့။
သားတို "့လာကြည့်ကြ "ဆိုတဲ့ အဖေ့ရဲ့အသံနှင့်အတူ.............
အမေ့အိမ်လေသာစင်မှ အရှေ့ကို မျှော်ကြည့်လိုက်ရင် မျက်စိတစ်ဆုံးမှာ မှိုင်းပြပြအရှေ့ရိုးမ
တောင်တန်းကြီးက ဝါဂွမ်းလိုခပ်ထူထူ မြူနှင်းတွေကို ခြုံရင်းလဲလျောင်းနေလေရဲ့။ ရုတ်တရက်
ပတ္တမြားလို နီရဲရဲနေလုံးကြီးက မြူနှင်းခြုံထားသည့် တောင်တန်းကြီး၏ ခေါင်းရင်းမှ ဖြည်းညင်းစွာ
ခေါင်းပြူ၍မဝံ့မရဲချောင်းကြည့်နေလေရဲ့။ နေလုံးကြီး မဝံ့မရဲဖြစ်နေသည့်အချိန် မှိုင်းညို့ညို့ကောင်းကင်မှာ
ပန်းချီဆရာတစ်ယောက်က ဆေးရောင်စုံကိုအဝတ်ဖြူတစ်ခုအပေါ်ပက်ဖျန်းလိုက်သလို နီ၊ဝါ၊ရွှေ၊ပြာ
ရောင်စဉ်တန်းတွေနဲ့လှပနေလေရဲ့။ ဆေးရောင်စုံနှင့်လှပနေသည့်တိမ်လွှာများ
လည်းပျော်ရွှင်စွာကခုန်နေလေရဲ့။ ရှင်းသန့် လတ်ဆတ်သည့် လေနုအေးအေးတစ်အုပ် မြူနှင်းပါးပါး
ခေါင်းပေါ်ခြုံအိပ်မောကျနေသော ရွှေဝါရောင်စပါးခင်းလယ်ကွင်းများအပေါ်တိုးဝှေ့ နေလေရဲ့။
ရွာလယ် လမ်းမကြီးတစ်ဖက်တစ်ချက် တောသူတောင်သားလယ်သမားတို့ ရဲ့
မှိန်တုတ်မှိန်တုတ်မီးရောင်နဲ့ အတူ ညီညီညာညာဝပ်နေကြသည့် ဓနိမိုးအိမ်လေးများ၏ ခေါင်မိုး
ပေါ် မီးရထားစက်ခေါင်းလိုတလူလူထွက်နေသည့် မှိုင်းညစ်ညစ်မီးခိုးများ ယှက်သိုင်းလျက်ပေါ့။
ခွန်အားအသစ်တွေနဲ့အတူ နိုးထလာကြသည့် ကျေးငှက်တွေရဲ့ နှုတ်ခွန်းဆက်သံ မာဂဓဘာသာ
စကားနဲ့ အတူ သဘာဝပန်းချီကားဟာ အသက်ဝင်နေလေရဲ့။
ငယ်ငယ်က ငပျင်းလေး၏ အသက်ဝင်နေသော အမေ့အိမ်နံနက်ခင်းအာရုံတက်ချိန်လေးပေါ့။
အမေ့အိမ်ကို လွမ်းသည်။ နံနက်ခင်းလေးကိုလွမ်းသည်။ သားလာကြည့်ဆိုသည့် အဖေခေါ်ပြသည့်
အသက်ဝင်နေသည့်ပန်းချီကားကို လွမ်းသည်။

ဆက်ဖတ်မယ်ဆိုရင် ...

Wednesday, August 18, 2010

မြင်းမိုရ်တေးသံ (သို့) အမေ့ထံမှပေးစာ


၁၃၊ ဂ၊ ၁၀

သားကြီးရေ

အမေလေ
အသက်သာငါးဆယ်ကျော်
ငါ့သားလောက် မတော်တော့
ရှက်လိုက်တာ သားရယ်။

ဒီသား ဒီသမီးတွေအတွက်
မျှော်လင့်ချက်တွေတသီကြီးနဲ့
ပြည့်တယ်လို့ကို မရှိ
လောဘကြီးခဲ့မိတယ်။

အမေလေ
မျက်နှာကိုမော့ ခါးကိုကော့ပြီး
လက်မကိုထောင် အတ္တကောင်ပီပီ
ကြွားချင်ခဲ့မိပေါ့။

တကယ်တော့
အနတ္တခန္ဓာ အနိစ္စပါလို့ မမြင်
နိစ္စလို့ထင်ခဲ့။
ဒုက္ခကို သုခလိုမင်ပြီး
ပင်ပန်းခြင်းကိုမသိခဲ့။

ပီတိကိုစားအားရှိ နွမ်းရိတဲ့ကိုယ်ခန္ဓာ
ဝေဒနာမျိုးစုံနဲ့ချိနဲ့၊
အဝိဇ္ဇာ တဏှာ ထောက်တိုင်နဲ့ ကျားကန်
အမှားအမှန်မခွဲခြား တရားသဏ္ဍာန်မကွဲပြား
အမေ့သားလို မငြိမ်းချမ်းခဲ့။

အခုတော့
သားညွှန်တဲ့လမ်း အမေလှမ်းလျှောက်
လမ်းမပျောက်တော့ပါဘူးကွယ်။...........။

မေမေ (နဝဒေး)



ထုံးစံအတိုင်း အမေလက်တန်းရေးပြီး လူကြုံနဲ့ပေးလိုက်တဲ့ စာ(သို့)ကဗျာပါ။ ဒီစာကို ဟိုး မိုင်ထောင်ချီဝေးတဲ့အမေ့အိမ်ကနေ တကူးတက သယ်ယူလာပေးခဲ့တဲ့ သူငယ်ချင်း ဖြူမရဲ့ ကျေးဇူးတရားကို ဒီကဗျာနဲ့အတူ ဂုဏ်ယူစွာ မှတ်တမ်းတင်ထားပါရစေ။..........။

ဆက်ဖတ်မယ်ဆိုရင် ...

Monday, August 16, 2010

သုံးဆယ်မို့ ပြုံးရယ်ဖို့ အနော်မာသို့ ခြေလှမ်းများ (၃)


ကျေးတောလက်မှာ သီတင်းသုံးတော်မူကြတဲ့ ရဟန်းတော် ၃-ကျိပ်တို့ဟာ ဘုရားဖူးရအောင် သာဝတ္ထိမြို့ကို လာကြပါတယ်။ နောက်တစ်နေ့မှာ သာဝတ္ထိမြို့တွင်းကို ဆွမ်းခံဝင်ကြပါတယ်။ ထောင်နားကို ရောက်သွားတဲ့အခါ ထောင်ထဲမှာ ချုပ်ထားတဲ့ ခိုးသားတွေကို တွေ့လာကြရပါတယ်။ ညနေချိန်မှာ ဘုရားဆီ ဆည်းကပ်ပြီး -

“ရှင်တော်မြတ်ဘုရား၊ ဒီနေ့ ဆွမ်းခံသွားရင်း ထောင်ထဲမှာ ထိတ်တုံးတွေ၊ ကြိုးတွေ၊ သံခြေကျင်းတွေနဲ့ ချည်နှောင်ချုပ်ထားတဲ့ ခိုးသားတွေကို တွေ့လာကြရပါတယ်။ သူတို့တစ်တွေဟာ အင်မတန် ဆင်းရဲဒုက္ခ ရောက်နေကြပါတယ်။ အဲဒီ အချုပ်အနှောင်တွေကို ဖြတ်ပြီး မပြေးနိုင်ကြတော့ပါဘူး။ ဒါထက် ခိုင်မြဲတဲ့ အခြားအနှောင်အဖွဲ့များ ရှိပါသေးသလား”။

ဒီလို လျှောက်ထားကြပါတယ်။ အဲဒီစကားကို ကြားရတော့ ဘုရားရှင်က -
“ရဟန်းတို့ ၊ ဒီအနှောင်အဖွဲ့မျိုးဟာ ပြောပလောက်တဲ့ အနှောင်အဖွဲ့မျိုး မဟုတ်ပါဘူး။ ဥစ္စာ၊ စပါး၊ သား၊ မယားစတဲ့ဟာတွေကို တပ်မက်တတ်တဲ့ “တဏှာ” ဆိုတဲ့ အနှောင်အဖွဲ့ဟာ အဲဒီထိတ်တုံးတွေ၊ ကြိုးတွေ၊ သံခြေကျင်းတွေထက် အဆအရာ၊ အဆအထောင်၊ အဆအသိန်းမကအောင် ခိုင်မြဲလှပါတယ်”။
ဒီလို ဘုရားရှင် မိန့်တော်မူလိုက်ပါတယ်။


အရှင်ကုမာရ ၏ ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်နည်း” ၊ ပဉ္စမအကြိမ်၊ ၁၉၉၈ မတ်လ၊ စာ ၃၃၈-၃၃၉ မှ ထုတ်နုတ်ပါသည်။

ဆက်ဖတ်မယ်ဆိုရင် ...

Thursday, August 12, 2010

ဓမ္မပူဇာ

ကိလေသာပူပူ
ကြွပ်ကြွပ်ဆူသည်
ဘယ်သူမပြု ၊ မိမိမှုဟု
ယခုသိက ၊ ခုအေးမြ၍
အကာလိက ၊ မြတ်ဓမ္မကို
ရွှင်ပျရိုကျိုး ၊ လက်စုံမိုး
ရှိခိုးပါ၏ဘုရား။.........။

မာရေးသျှင်
သြဂုတ်လ ၁၂ ရက်၊ ၂၀၁၀ - နံနက် ၉ နာရီ။

ဆက်ဖတ်မယ်ဆိုရင် ...

Sunday, August 8, 2010

ကဗျာဆရာ လူငယ်တစ်ယောက်သို့ ပေးစာ အမှတ်နှစ်

အမှန်မင်္ဂလာရှိတဲ့ သန်စင်တဲ့ အသက်ရှင်နည်းဖြစ်လို့ အဲဒီနည်းအတွက် ခင်ဗျားကိုယ်ခင်ဗျား လေ့ကျင့်ပါလေ။ လာသမျှကိုယူ ယုံကြည်စိတ်ချလျက်နဲ့ယူ။ ခင်ဗျားရဲ့ ဆန္ဒက ထွက်လာသမျှ ခင်ဗျားရဲ့ အဇ္ဈတ္တလိုအင်က ထွက်လာသမျှ ကိုယ့်အပေါ်မှာတင်လိုက်ပါ။ ဘယ်အရာကိုမှ မမုန်းလိုက်နဲ့။ ရမ္မက်စိတ်ကတော့ ခက်ခဲတဲ့ဟာ အမှန်ပဲ။ ဒါပေမယ့် ယုံကြည်လေသမျှ ဘယ်အရာမဆို ခက်ခဲတာချည်းပဲ။ လေးနက်လေသမျှ အရာတွေဟာ ခက်ခဲတာချည်းပဲ။ အင်း….ဘယ်အရာမဆိုကလည်း လေးနက်ဖို့ လိုတာချည်း။ ခင်ဗျားအနေနဲ့ အဲသလိုသာ သတိပြုမိပြီး ကိုယ့်ပါရမီနဲ့ ကိုယ်သဘာဝအလျောက် ကိုယ့်အတွေ့အကြုံနဲ့ ကိုယ့်အင်အားနဲ့ ကိုယ့်ကိုယ်ကိုယ်ဆုံးရှုံးမှာကို ကြောက်တော့မယ်မဟုတ်။


ဝပ်စ်ဝီဒီ၊ဘရီမင်

၁၆ ဇူလိုင်၊၁၉၀၃



ဆရာလေး



လွန်ခဲ့တဲ့၁၀ရက်က ကျူပ်ပါရီကထွက်ခဲ့တော့ ပင်ပန်းပြီး ကောင်းကောင်းလည်း နေမကောင်း။ မြောက်ပိုင်းလွင်ပြင်ကြီးရဲ့ ကျယ်ပြန့်ခြင်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ မိုးကောင်းကင်ဟာ ကျုပ်ကိုနေကောင်းအောင် လုပ်နိုင်ကောင်းပါရဲ့။ ဒါပေတဲ့ ကျုပ်ရောက်တာက မိုးရွာနေတဲ့အချိန်။ ဒီကနေ့တော့ မိုးစဲလေသာတဲ့ ပထမဆုံးနေ့။ တောက်ပနေတဲ့အခိုက်အတန့်ကိုပဲ အခွင့်ကောင်းယူပြီး ခင်ဗျားကို နှုတ်ဆက်လိုက်ပါတယ်။


ချစ်ခင်သော ဆရာလေး၊ ခင်ဗျားရဲ့စာတစ်စောင်ကို မပြန်ပဲထားတာကြာပြီ။ မေ့လို့မဟုတ်ပါ။ တကယ်တော့ အဲဒီစာက တစ်ကြိမ်တလေတော့ ပြန်ဖတ်ရတဲ့ စာအမျိုးအစား။ အဲဒီစာထဲမှာ ခင်ဗျားနဲ့ ကျုပ်နဲ့ဟာ အလွန်နီးနေသလိုဖြစ်၏။ မေလ ၂ ရက်ကရေးတဲ့စာကို ခင်ဗျားမှတ်မိပါလိမ့်မည်။


အကွာအဝေးကြောင့် တိတ်ဆိတ်နေဆဲ၊ ခင်ဗျားရဲ့စာကို ကျုပ်ဖတ်နေရင်း ဘဝအတွက် ခင်ဗျားသောက ရောက်နေတာကို ကျုပ်ခံစားရသည်။ ပါရီမှာထက် ပို၏။ ပါရီမှာက အရာဝတ္ထုတွေဟာ ပဲ့တင်ထပ်လိုက် အဝေးကို မှိန်ဖျော့ပျောက်သွားလိုက်နဲ့ ဆူညံနေကြလွန်းလို့ တုန်ခါနေသည်။ သည်ဆီမှာတော့ ဧရာမ ရှုခင်းကျယ်ကြီးက ကျုပ်ကိုဝိုင်းထား၊ ပင်လယ်က လာတဲ့လေတွေက ရှုခင်းကျယ်ကြီးကိုဖြတ်ပြီး ရွေ့နေ။ ကျုပ်ထင်တာကတော့ ခင်ဗျားရဲ့ မေးခွန်းတွေ၊ ခင်ဗျားရဲ့ ဝေဒနာတွေကို ဖြေနိုင်သူ ဘယ်ဆီဘယ်ဝယ်မှာ ဘယ်သူမှ ရှိမည်မဟုတ်။ မေးခွန်းတွေနဲ့ ဝေဒနာတွေက သူတို့ ကိုယ်ပိုင်အသက်ရှိနေသကိုး။ စကားတတ်ပါတယ်ဆိုတဲ့ သူတွေတောင်မှ ဖြေနိုင်မည်မဟုတ်။ စကားလုံးတွေနဲ့ပြောဖို့က အလွန်သိမ်မွေ့လွန်းတာကိုး။ ပြောလို့မဖြစ်နိုင်တဲ့ဟာတွေကိုး။ ဒါပေတဲ့လည်း ခင်ဗျားအနေနဲ့ ပြေလည်အောင် မဖြေရှင်းဘဲ ဒီအတိုင်းနေလို့ကလည်း မဖြစ်ဘူးလို့ ထင်သည်။ အကယ်လို့သာ ယခု ကျုပ်မျက်စိနဲ့ မြင်နေရတဲ့ အရာတွေကဲ့သို့သော အရာဝတ္ထုတွေအပေါ်မှာ ခင်ဗျားယုံကြည်မှုရှိတယ်ဆိုပါရင်။ အကယ်၍သာ ခင်ဗျားအနေနဲ့ သဘာဝကြီးကိုယုံ၊ သဘာဝထဲက ရိုးတဲ့ရှင်းတဲ့အရာတွေကို ယုံတယ်ဆိုရင်။ ပထမတော့ မြင်ဖို့ခက်ခဲပေတဲ့ ရုတ်တရက်ချက်ချင်း အဆုံးအစမရှိ အလွန်ကြီးလေးလာတတ်တဲ့ အရာဝတ္ထုသေးသေးလေးတွေကို ယုံတယ်ဆိုရင်။ အကယ်၍သာ နှိမ့်ချရိုကျိုးခြင်းကိုချစ်တဲ့စိတ် ခင်ဗျားမှာရှိပြီး ဆင်းရဲသားတွေရဲ့ ယုံကြည်မှုကိုရဖို့ အကျိုးဆောင်နေတဲ့သူတစ်ယောက်လို ရိုးရိုးသားသား ကြိုးစားတယ်ဆိုရင်။ အဲသလိုဆိုရင်တော့ ဘယ်အရာမဆိုဟာ ခင်ဗျားအတွက် လွယ်ကူလာမှာ အမှန်ဖြစ်သည်။ ပိုပြီးတော့ အညီအညွှတ် ပြေပြေပြစ်ပြစ်ဖြစ်လာမည်။ သိစိတ်ထဲတော့ ဟုတ်ချင်မှဟုတ်မည်။ နောက်ဆီမှပဲ ဖြစ်မည်။ ခင်ဗျားက အလွန်ငယ်သေးသည်။ အစနိဒါန်းတောင်မှမပျိုးသေးတဲ့အရွယ်။


ဆရာလေး၊ ခင်ဗျားကို ကျွန်တော် တောင်းပန်ချင်တာက ခင်ဗျားအသည်းနှလုံးနဲ့ ပြေလည်အောင် မဖြေရှင်းနိုင်တဲ့ ဘယ်အရာကိုမဆို သည်းခံပါလေ။ မေးခွန်တွေကို ချစ်ပါလေ။ သော့ခတ်ထားတဲ့ အခန်းတွေလို၊ ကိုယ်မတတ်တဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ စာအုပ်တွေလို၊ ထိုထိုမေးခွန်းတွေကို ချစ်ပါလေ။ အဖြေတွေကိုမရှာလေနဲ့။ ခုချက်ချင်း ခင်ဗျားကို အဖြေပေးနိုင်မှာမဟုတ်လို့ဖြစ်သည်။ အဲသည်အဖြေတွေနဲ့ ခင်ဗျားနေနိုင်မှာမဟုတ်လို့ ဖြစ်သည်။ တကယ်က အားလုံးနဲ့နေလိုက်ဖို့ ဖြစ်သည်။ မေးခွန်းတွေနဲ့ပဲ ခုအချိန်မှာနေပါလေ။ အနာဂတ်တစ်နေ့နေ့မှာတော့ တဖြည်းဖြည်းနဲ့ အဖြေတွေ ခင်ဗျားရလိမ့်မည်။ သတိတောင် မထားမိဘဲရလိမ့်မည်။ တကယ်တော့ ခင်ဗျားရဲ့အထဲမှာ ဖန်တီးခြင်းတည်ဆောက်ခြင်းကို သယ်ကောင်းသယ်လာမှာကိုး။


အမှန်မင်္ဂလာရှိတဲ့ သန့်စင်တဲ့ အသက်ရှင်နည်းဖြစ်လို့ အဲဒီနည်းအတွက် ခင်ဗျားကိုယ်ခင်ဗျား လေ့ကျင့်ပါလေ။ လာသမျှကိုယူ ယုံကြည်စိတ်ချလျက်နဲ့ယူ။ ခင်ဗျားရဲ့ ဆန္ဒက ထွက်လာသမျှ ခင်ဗျားရဲ့ အဇ္ဈတ္တလိုအင်က ထွက်လာသမျှ ကိုယ့်အပေါ်မှာတင်လိုက်ပါ။ ဘယ်အရာကိုမှ မမုန်းလိုက်နဲ့။ ရမ္မက်စိတ်ကတော့ ခက်ခဲတဲ့ဟာအမှန်ပဲ။ ဒါပေမယ့် ယုံကြည်လေသမျှ ဘယ်အရာမဆို ခက်ခဲတာချည်းပဲ။ လေးနက်လေသမျှ အရာတွေဟာ ခက်ခဲတာချည်းပဲ။ အင်း….ဘယ်အရာမဆိုကလည်း လေးနက်ဖို့ လိုတာချည်း။ ခင်ဗျားအနေနဲ့ အဲသလိုသာ သတိပြုမိပြီး ကိုယ့်ပါရမီနဲ့ ကိုယ်သဘာဝအလျောက် ကိုယ့်အတွေ့အကြုံနဲ့ ကိုယ့်အင်အားနဲ့ ကိုယ့်ကိုယ်ကိုယ်ဆုံးရှုံးမှာကို ကြောက်တော့မယ်မဟုတ်။


ကိုယ်ကာယ နှီးနှောလို့ရတဲ့ အရသာက ဖသ အတွေ့အကြုံပဲ။ ကြည့်ခြင်းသက်သက်ကရတဲ့၊ သစ်သီးတစ်လုံးစားလို့ လျှာကရတဲ့ ခံစားမှုနဲ့ ဘာမှကွာတာမဟုတ်။ အတိုင်းအဆမဲ့ ကျွန်တော်တို့ သင် စရာလောကရဲ့ပညာဟာ ပညာတကာထဲက ခမ်းနားတဲ့ပညာပဲ။ ဒါကို လက်ခံတာဟာ မကောင်းဘူးရယ်လို့ မဟုတ်။ မကောင်းတာက ဖြုန်းတီးတာဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် စုစည်းဖို့နည်းလမ်း တစ်ခုအနေနှင့် မသုံးဘဲ ဘေးဖဲ့ထွက်သွားပြီး စိတ်ကြွဆေးတစ်ခုလို သုံးတာဖြစ်သည်။ ဥပမာ အစာစားတယ်ဆိုပါစို့။ စားခြင်းသည် လိုအပ်ချက်။ ဒါပေတဲ့ လူတွေက အစာစားခြင်းကို တစ်မျိုးတစ်မည် လုပ်ပစ်လိုက်ကြသည်။ ကြည်လင်နေတာကို နောက်ကျိအောင်လုပ်သည်။ တကယ်ကို လိုအပ်တဲ့ လိုအပ်ချက်ရိုးရိုးလေးတွေ (ဘဝဟာ ဒါလေးတွေနဲ့ ပြန်ပြီး အသစ်သစ်ပြန်ဖြစ်ရတာ) ဟာ နောက်ကျိကုန်သည်။ ဒါပေတဲ့ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ဟာ သူ့ ကိုယ်သူတော့ ရှင်းအောင်နေနိုင်သည်။ ကြည်လင်စွာ နေနိုင်သည်။ မှီခိုနေရတဲ့သူဆိုရင်တော့ ဒါမျိုးမလုပ်နိုင်ဘူးပေါ့။ ဒါပေတဲ့ အမှီအခိုကင်းတဲ့ တစ်ကိုယ်တည်း ပုဂ္ဂိုလ်ကတော့ ဒါမျိုးဖြစ်နိုင်သည်။


သူ့အနေနဲ့ အကောင်ပလောင်တွေနဲ့ အပင်တွေမှာရှိတဲ့ အလှဟာ ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ ကြာရှည်တည်တံတဲ့ အလှပုံသဏ္ဍာန်တစ်ခုပဲလို့ အောင်းမေ့နိုင်သည်။ အကောင်တွေ အပင်တွေဟာ ဇွဲနဲ့ စိတ်ထက်သန်မှု စုပေါင်းတယ်၊ တိုးပွားအောင် ရှင်သန်တယ်။ ရုပ်ပိုင်းအရသာကြောင့်မဟုတ် ရုပ်ပိုင်းဝေဒနာကြောင့်မဟုတ်ဘဲ ဒီနှစ်ခုထက်ပိုတဲ့ လိုအပ်ချက်ကြောင့်ဆိုတာတွေကြောင့်ပဲ။ အသက်ရှင်သန်ခြင်းဆိုတာက ဆန္ဒတို့ ခံနိုင်စွမ်းတို့ထက် ပိုပြီးအားကြီးတာကိုး။ လူသားတွေသာ ဒီလျှို့ဝှက်နက်နဲမှုကို ရိုရိုကျိုးကျိုး ရယူသိမ်းပိုက်နိုင်ရင်( ကမ္ဘာလောက အရာဝတ္ထုတွေတောင်မှ ဒါမျိုးတွေရှိနေသည်)။ ထမ်းပိုးနိုင်ရင်၊ သည်းခံနိုင်ရင် ပိုပြီးနည်းလမ်းတကျဖြစ်ရင် ဒီကိစ္စကို ပေါ့ပေါ့မဟုတ်ဘဲ အလွန်လေးနက်တဲ့အရာလို့ ခံစားမယ်ဆိုရင်။ လျှို့ဝှက်နက်နဲမှုအား ရိုကျိုးခြင်း၊ ထိုရိုကျိုးခြင်းရဲ့ ကျေးဇူးများပုံကို ပိုပြီးသိတယ်ဆိုရင်။ လျှို့ဝှက်နက်နဲမှုဟာ တကယ်တော့ တစ်ခုတည်း။ ရုပ်ရယ်၊ နာမ်ရယ်လို့ ခွဲနေပေတဲ့ စိတ်က ဖန်ဆင်းမှုဟာလည်း ရုပ်ကထွက်လာသော သူ့သဘာဝတစ်ခုမျှသာ။ ပို၍သိမ်မွေ့နူးညံ့ ပို၍ဘဝင်ခိုက် ကာယိကခံစားမှု ထပ်ခါတလဲလဲဖြစ်တာပဲ ကွာ၏။ ဖန်ဆင်းသူဖြစ်တယ်၊ မွေးစားသူဖြစ်တယ်၊ ပုံဖော်သူဖြစ်တယ်ဆိုတာမျိုးက၊ အဆက်မပြတ် သေချာအောင်လုပ်၊ ကမ္ဘာလောကထဲ ထင်ရှားဖော်ပြခြင်းမရှိရင် ဘာမှမဟုတ်။ အရာဝတ္ထုတွေ၊ တိရစ္ဆာန်တွေဆီက သဘောတူညီချက် အဆတစ်ထောင်မပါရင် ဘာမှမဟုတ်။ ဖန်ဆင်းလို့ရတဲ့ သောမနဿဟာ မဖော်ပြနိုင်အောင် လှနေ၊ ကြွယ်ဝနေသည်မှာ မွေးဖွားဖြစ်ထွန်းလာခြင်း ကုဋေကဋာဆီက အမွေရလာတဲ့ မှတ်ဥာဏ်တွေနဲ့ပြည့်နေလို့။


တီတီထွင်ထွင် အတွေးတစ်ခုဟာ မေ့လျော့နေတဲ့ အချစ်ညတစ်ထောင် အသက်ပြန်ဝင်ခြင်း။ အဲသလို အချစ်ညတစ်ထောင်က အလွန်ခမ်းနားတဲ့ အကြည်ဆိုက်ခြင်းနဲ့ ဖြည့်ပေးလိုက်သည်။ ပြီးတော့ ညတွေမှာ ရောက်ရှိလာလျက် ရွှင်မြူးခြင်းနဲ့ ယစ်နေသူတွေက ရိုသေလေးမြတ်ဖွယ်တစ်ခု လုပ်သည်။ အနာဂတ် ကဗျာဆရာတွေ သီဆိုဖို့ သီချင်းတွေအတွက် အင်အား၊ အနက်အရှိုင်းနှင့် အချိုအမြိန်ကို ရှာသည်။ ပြောလို့ မဖြစ်နိုင်တဲ့ပီတိကို ပြောဖို့ ကဗျာဆရာတွေက ပေါ်လာသည်။ သူတို့က အနာဂတ်ကို ဖော်ထုတ်သည်။ သူတို့ အမှားအယွင်း တစ်ခုတလေရှိသော်မှ မျက်စိစုံမှတ်ပြီးပြုသော်မှ အနာဂတ်က လာမည်၊ လူအသစ် ပေါ်ပေါက်လာမည်။ အဲသည်ဆီမှာ ပြီးမြောက်တယ်လို့ ထင်ရလျက် ကြုံကြုံကြိုက်ကြိုက်ဖြစ်ခြင်း အပေါ်၌ အခြေခံသော နိယာမတစ်ခု နိုးလာမည်။ အားရှိလျက် သန္နိဠာန်ချထားသော မျိုးစေ့သည် သူနှင့် တွေ့ဆုံရန် တာစူနေသော ဥဆဲလ်ဆီကို ထိုနိယာမအား ဖြင့်လမ်းပေါက်သွားမည်။


အပေါ်ယံရွှေမှုန်ကြဲတွေနဲ့ ဇဝေဇဝါမဖြစ်စေနှင့်။ နက်နက်ရှိုင်းရှိုင်း ဖြစ်ပြီဆိုရင် နိယာမတွေ ဖြစ်လာစမြဲ။ သို့သော်ငြား လျှို့ဝှက်နက်နဲမှုကို တလွဲသုံးတဲ့လူတွေကတော့ (ဒါမျိုးလူတွေအများကြီး) ထိုအရာတို့ကို ရလိုက်မှာမဟုတ်။ ပိတ်ထားသော စာအိတ်တစ်အိတ်ကို အထဲမှာ ဘာပါမှန်းမသိဘဲ လက်ဆင့်ကမ်းလိုက်တဲ့ သူလိုပဲဖြစ်မည်။ အမည်နာမတွေက အများကြီး။ ဘဝဆိုတာ ရှုပ်ထွေးပွေလီလှပါကလားလို့ ပဟေဠိဖြစ်မနေနှင့်။ အမည်တွေနဲ့ ပွေလီမှုတွေရဲ့ အထက်ဆီမှာ ကြီးကျယ်ခမ်းနားတဲ့ မိခင်ဆိုသော (မွေးဖွားပေးနိုင်သော) တစ်စုံတစ်ရာရှိလေရဲ့။ ကျွန်တော်ဆိုလိုသော မိခင်ဟူသည် နောင်ဖြစ်မည့်အကြောင်းအား စိတ်မှာ မြင်ယောင်နေပြီး ပြင်ဆင်နေခြင်း တမ်းတမ်းတတ မျှော်မှန်းနေခြင်းကို ပြောခြင်းဖြစ်သည်။ ကလေးမလေးတစ်ယောက်ရဲ့ အလှလိုဟာမျိုး၊ ဘာတစ်ခုကိုမှတော့ မပေါက်ရောက်သေး။ မိခင်ရဲ့အလှဆိုတာက မိခင်ဖြစ်ခြင်းပဲဖြစ်သည်။ မိန်းမအိုကြီးမှာတော့ မှတ်မိနေခြင်းပဲရှိသည်။ ယောက်ျားကြီး၌လည်း မိခင်ဖြစ်ခြင်းရှိသည်။ စိတ်ရောကိုယ်ရောရှိသည်ဟု ကျွန်တော်ထင်သည်။ ယောက်ျားကြီးတစ်ယောက်သည် မွေးဖွားခြင်း၏ ပစ္စယဖြစ်သည်။ သူ၏အဇ္ဈတ္တ၌ ပြည့်ဝလာသောအခါ ထိုကဲ့သို့ ဖြစ်လာ၏။


လိင်ဆိုတာက လူတွေထင်တာထက် ပိုပြီးနီးကပ်တဲ့အရာ ဖြစ်ကောင်းဖြစ်မည်။ ကမ္ဘာလောက ပြန်လည်ဆန်းသစ်ခြင်း၌ တစ်ခုသောအဖြစ်အပျက် ပါဝင်ကောင်းပါဝင်မည်။ ထိုအဖြစ်အပျက်ကား မိန်းမနှင့် ယောက်ျားသည် ဆန့်ကျင်ဖီလာဖြစ်နေခြင်းက လွတ်ကင်းလျက်၊ တစ်ဦးကိုတစ်ဦး ဆန့်ကျင်ဘက်တွေအဖြစ် မယူဆတော့ဘဲ နှမနဲ့မောင်လို တွေ့ရှိကာ လူသားကြီးတွေအဖြစ် ပေါင်းစည်းခြင်း ဖြစ်သည်။ ထိုအခါ သူတို့အပေါ်တင်သော ရာဂဆိုတဲ့ဝန်ကို စိတ်ရှည်စွာ ရိုးရှင်းစွာ စိတ်ထက်သန်စွာ ထမ်းနိုင်မည်။


လူတော်တော်များများအတွက် တစ်နေ့နေ့မှာ ဖြစ်လာနိုင်သောအရာမှန်သမျှကို တစ်ကိုယ်တည်းသမားက ယခုချက်ခြင်းပြင်ဆင်နိုင်သည်။ သူ့လက်တွေနဲ့ တည်ဆောက်နိုင်သည်။ အမှားနည်းနည်းပဲရှိမည်။ ဆရာလေးအနေနဲ့ ဧကစာတစ်ကိုယ်တည်းအနေကို နှစ်သက်ပါ။ တစ်ကိုယ်တည်း အထီးကျန်ုလို့ရတဲ့ ဝေဒနာကို သီချင်းသီဆိုလိုက်ပါ။ ခင်ဗျားအနားက လူတွေဟာ ခင်ဗျားနဲ့ဝေးသည်။ အဲသလို ခင်ဗျားရေးခဲ့သည်မှာ ခင်ဗျားရဲ့ပတ်ပတ်လည်က နေရာကျယ်လာလို့ဖြစ်လိမ့်မည်။ ခင်ဗျားအနားမှာရှိတဲ့ အရာတွေက အဝေးမှာ။ ဒါဆိုရင် ခင်ဗျားကိုယ်ရဲ့ ပြန့်ကျယ်ခြင်းဟာ ကြယ်တွေကြားမှာရောက်နေပြီ။ အလွန်ကြီးကျယ်သည်။ ခင်ဗျားရဲ့ ကြီးထွားလာခြင်းအတွက် ပျော်ရွှင်ပါလေ။ ခင်ဗျားအနေနဲ့ ခင်ဗျားနဲ့အတူ တစ်ယောက်တလေမှ ခေါ်မသွားနိုင်ဘူးဖြစ်လိမ့်မည်။ နောက်မှာ ကျန်ရစ်တဲ့သူတွေအပေါ် နူးညံ့ပါလေ။ သူတို့ရှေ့မှာ ယုံယုံကြည်ကြည်နဲ့ တည်တည်ငြိမ်ငြိမ်ရှိပါလေ။ ခင်ဗျားရဲ့ သံသယတွေနဲ့ သူတို့ကိ မညှဉ်းပန်းလေနဲ့။ ခင်ဗျားရဲ့ ယုံကြည်သက်ဝင်မှုနဲ့ဖြစ်စေ ရွှင်လန်းမှုနဲ့ဖြစ်စေ သူတို့နားမလည်နိုင်တာတွေနဲ့ မခြောက်လှန့်လေလနဲ့။ သူတို့ရဲ့ ခံစားချက်နဲ့ တူသော ရိုးရှင်းတဲ့ ခံစားချက်များကို ခင်ဗျားမှာ ရှာဖွေပါလေ။ ကိုယ်က ပြောင်းလဲသွားသော်ငြား ထိုခံစားချက်မျိုးမှာ လိုက်ပြီးမပြောင်း။ သူတို့နဲ့တွေ့သည့်အခါ ကိုယ့်ဘဝမဟုတ်သော်ငြား သူတို့ဘဝကို ချစ်ပါလေ။ အိုမင်းသွားတဲ့ လူတွေကိုလည်း အခွင့်အရေးပေးပါ။ ခင်ဗျားနှစ်သက်တဲ့ တစ်ကိုယ်တည်းဘဝကို သူတို့ကတော့ ကြောက်နေမှာမို့ပါ။ မိဘနဲ့ သားသမီးကြားက ဆွဲဆန့်ထားလို့ တင်းနေတဲ့ ဇာတ်လမ်းကိုတော့ ပိုတင်းအောင်မလုပ်ဘဲ ရှောင်ရှားပါလေ။ ဒါမျိုးက ကလေးတွေရဲ့အင်အားကို ကုန်စေပြီး လူကြီးတွေရဲ့မေတ္တာကို ဖြုန်းပစ်သည်။ လူကြီးတွေဆီက ဘာအကြံဥာဏ်ကိုမှမတောင်းလေနဲ့။ နားလည်လာလိမ့်မည်လို့လည်း မျှော်မှန်းမနေနဲ့။ အမွေပေးဖို့ သိမ်းထားသလို ခင်ဗျားသိမ်းဆည်းထားတဲ့ ချစ်ခြင်းမေတ္တာအပေါ်မှာ ယုံကြည်လိုက်ပါ။ ချစ်မေတ္တာတွေထဲမှာ အားလည်းရှိ ကောင်းချီးသြဘာ မင်္ဂလာလည်းရှိလေရဲ့။ ချစ်မေတ္တာ ဘယ်ကလောက်ကြီးသလဲဆိုရင် ထိုမေတ္တာထဲ၌ ဘေးဘက်ကို ထွက်သွားဖို့ မလိုဘဲနဲ့ ခင်ဗျားကြိုက်သလောက် ခရီးဆန့်လို့ ရသည်။


မကြာခင် အလုပ်တစ်ခုရပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်မှာကတော့ ကောင်းသည်။ အလုပ်ကြောင့် ခင်ဗျားရဲ့ အဇ္ဈတ္တဘဝ ကျပ်တည်းကျဉ်းမြောင်းသွားလေမလားကိုတော့ စိတ်ရှည်ရှည်နဲ့စောင့်။ ဒါမျိုးက တော်တော်တော့ခက်သည်။ ပုံမှန်လုပ်စရာတွေက ဖိစီးနေပြီး ကိုယ့်နဲ့အဆင်ပြေအောင်လုပ်ဖို့ အခွင့်အရေး မရှိတတ်။ ဒါပေတဲ့ ခင်ဗျားရဲ့ တစ်ကိုယ်တော်နေတတ်ခြင်းက အထောက်အပံ့ အကူအညီပေးလိမ့်မည်။ နားခိုရာ ရမှာပါ။ ကိုယ်နဲ့အလွန်စိမ်းတဲ့ အခြေအနေတွေကြားမှာ နေရသော်ငြားပေါ့။ ဒီလိုအခြေအနေထဲကပဲ ခင်ဗျားရဲ့လမ်းတွေကို ခင်ဗျားတွေ့လိမ့်မည်။ ကျွန်တော်ဆုတောင်းပေးနေပါသည်။


ခင်ဗျားအပေါ်ကျွန်တော် ယုံကြည်မှုရှိနေ၏။


သင့်ရဲ့


ရိန်နာမာရီယာရီလ်ကီ


ရီလ်ကီ၏ပေးစာများ - ကိုတာ၊ ကိုရင်တာ နှစ်ပါးသွား၊ ချင်းတွင်း မဂ္ဂဇင်း၊ အမှတ် ၅၂၊ ဇူလိုင်လ၊ ၂၀၁၀ မှ ထုတ်နုတ်ကူးယူမျှဝေခြင်းဖြစ်ပါသည်။

ဆက်ဖတ်မယ်ဆိုရင် ...