ကမ္ဘာကြီးမှာ
အိုဇုန်းလွှာပေါက်ပြဲ အပူချိန်ကလွန်ကဲ
တောမီးလည်းလောင် တောလည်းပြောင်ခဲ့ပြီ။
ဆူနာမီဆိုလား ၊ လာနီညာဆိုလား
နာဂစ်ဆိုလား ၊ ဘာဖြစ်ဆိုလား
ရေလှိုင်းကြားကအသံ ဆူညံစွာနဲ့ပေါ့။
ရေခဲတောင်တွေပြိုကွဲ မြစ်ရေတွေလျှံဆဲ
မိုးခေါင်လို့ပတ်ကြားအက် ၊ ရေတက်လို့မြေပြို
ငလျင်တွေဆိုတာ မရပ်မနား။
သတ္တဝါတွေမှာ ကျီးလန့်စာစား။
ဒါနဲ့တောင်မှ ၊ လောဘနဲ့ပူလောင်
တဏှာရဲ့ရှေ့ဆောင်မှုနဲ့
စစ်မက်တွေဖြန့်ခင်း
သဘာဝမြက်ခင်းစိမ်းများ
အနက်ရောင်ဖြစ်သွား
လောကအလှတရား ပျောက်ကွယ်လုနီးပါး။
သက်ရှိသတ္တဝါများ ၊ ခိုကိုးရာရှား
ကယ်သူမဲ့ပြီလား။
မိုးကောင်းကင်တစ်နေရာ
အလုအယက်ဖွေရှာပြီး
သတ္တဝါများ နေရာဦးထားကြရအောင်။..........။
မေမေ (နဝဒေး)
Tuesday, August 24, 2010
တွယ်ရာမဲ့တိုရဲ့ကောက်ရိုးမျှင်
ခံစား၊ ဝေမျှ၊ တင်ပြသူက မာရေးသျှင် at 6:25 PM
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, ဝေမျှခြင်း ကဗျာများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment