Saturday, July 4, 2009

Comment on "What Is Love???" (2)


“ချစ်ခြင်းတိုင်းဟာ အံ့အားသင့်စရာချည်းပဲ။”



“မင်းဟာက ချစ်တာလား။ ချစ်တယ်လို့ ထင်နေမိတာလား။ ချစ်တာဆိုရင်ဖြင့် ကိစ္စပြတ်တယ်။ ချစ်တယ်လို့ ထင်တာပဲဆိုရင်တော့ ရှည်ရှည်ဝေးဝေး ပြောကြရလိမ့်ဦးမယ်။”


“မင်း နားလည်လက်ခံရယူလိုက်တဲ့ ချစ်ခြင်းရဲ့ ဘောင်အတွင်းက မင်းဆုံးဖြတ်တာ။ ငါ့အကြံဉာဏ်လည်း မယူနဲ့။ ဘယ်သူ့ဘယ်ဝါရဲ့ အကြံဉာဏ်ကိုမျှ မလိုဘူး။ အကြောင်းက ချစ်ခြင်းဆိုတာကို ဘယ်သူကမျှ ရေရေရာရာ မသိကြဘူး။ သိထားကြရင်လည်း ပုဂ္ဂလသိမှု အတိုင်းအတာကလေးအထဲဆီကပဲ။ တွေးခေါ်ရှင် အီမာန်နျူအလ်ကန့် ပြောသလို ယေဘုယျကျနေတဲ့ အကြောင်းတစ်ရပ်ထဲက ပုဂ္ဂလိက အတိုင်းအတာနဲ့ သိမှုကလေးတစ်ခုပဲ။ ဘာမျှ ကြီးကြီးကျယ်ကျယ် သိထားကြတာ မဟုတ်ဘူး။”


“ချစ်တယ်ဆိုတာ ဆင်ခြင်တုံတရားရဲ့ အပြင်ဘက်က။ ပြီးတော့ လူတစ်ယောက်ချင်းစီနဲ့ ဆိုင်တဲ့ကိစ္စ။ ယေဘုယျကျတဲ့ ချစ်ခြင်းဟာ နာမ်ဘဝကနေ ချစ်တယ်ဆိုတဲ့ ကြိယာဘဝကို ပြောင်းသွားတာနဲ့ သီးခြားပုဂ္ဂလိကပိုင်ဆိုင်မှု ဖြစ်သွားတာပဲ။”


(ပင်လယ်ထဲက မိုးရေ ချောင်းရေနဲ့ မြစ်ရေ - မြင့်သန်း - (နှာ ၆၅-၇၇) - ချင်းတွင်းမဂ္ဂဇင်း အမှတ် (၄၀)၊ ဇူလိုင်လ၊ ၂၀၀၉ မှ ဇာတ်ကောင် ”ကျွန်တော်“ ၏ စကားအချို့ ကို ထုတ်နုတ်ထားခြင်း ဖြစ်ပါသည်။)



3 comments:

Anonymous said...

ချစ်တယ်..... ဒီစကားက လူတဦးစီပေါ်မူတည်တယ် ထင်တာပဲ။ တချို့က ပြီးစလွယ်ပဲ၊ တချို့က ဒီယုန်မြင်လို့ ဒီချုံထွင်တာ၊ တချို့လဲ စားပြီးနားမလည် လုပ်ချင်လို့ စကားကို လျှာရိုးမရှိတိုင်းပြောတယ်၊ တချို့လဲ တကယ်ကိုရင်ထဲက ဖြစ်တည်လာတဲ့စကား၊ တချို့လဲ ရင်ထဲက ချစ်ခြင်းကို ဘယ်လိုစာဖွဲ့ပြရမှန်း မသိလို့ ချစ်တယ် ဆိုတဲ့ စကားလုံးကို ပြောတာတောင် နက်ရှိုင်းတယ်၊ ကျယ်ပြန့်တယ်၊ နူးညံ့တယ်........... စသည်ဖြစ်ပေါ့ဗျာ..။ ဒီတော့ ဒီစကားက လူတဦးချင်းစီပေါ် မူတည်တယ်လို့ ထင်တာပဲဗျ။ ပို့စ်နဲ့တော့ ဘာမှမဆိုင်ပါဘူး ဒါပေမဲ့ မြင်မိတာလေး ပြောချင်လာလို့ ပြောလိုက်တာပါဗျာ...။

မသက်ဇင် said...

“ချစ်တယ်ဆိုတာ ဆင်ခြင်တုံတရားရဲ့ အပြင်ဘက်က။ ပြီးတော့ လူတစ်ယောက်ချင်းစီနဲ့ ဆိုင်တဲ့ကိစ္စ။ ယေဘုယျကျတဲ့ ချစ်ခြင်းဟာ နာမ်ဘဝကနေ ချစ်တယ်ဆိုတဲ့ ကြိယာဘဝကို ပြောင်းသွားတာနဲ့ သီးခြားပုဂ္ဂလိကပိုင်ဆိုင်မှု ဖြစ်သွားတာပဲ။”

ဝေငှပေးတာကျေးဇူးပါ
ခင်မင်လျက်

တားမြစ် ထားသော... said...

ချစ်ခြင်းတိုင်းဟာ အံ့အားသင့်စစရာချည်းပဲ...

အဲဒီ့စကားစုကိုပဲ စိတ်ဝင်စားနေမိတယ်။

မှတ်မှတ်ရရ ကွန်မန့်ပိုစ့်ကို ကောင်းတဲ့ပိုစ့်ပါလို့ ထပ်ကွန်မန့်ပါတယ်။

သုခမိန်