Saturday, July 4, 2009

သတင်းနှင့် အတွေးအမြင် ... .. .

သည်လိုနှင့် ၂၀၀၄ ခုနှစ်တွင် လောကီသက်သက် အစိုးရအဖွဲ့တစ်ခုကို အိန္ဒိယလူထုက ရွေးကောက်တင်မြှောက်နိုင်ခဲ့သည်။ အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သူကား ”မန်မိုဟန်ဆင်း“။ ၁၉၉၁ ခုနှစ် နွေရာသီက အိန္ဒိယစီးပွားရေးကို တံခါးဖွင့်ဖို့ ကြိုးစားခဲ့ဖူးသော ဘဏ္ဍာရေးဝန်ကြီးဟောင်း ဖြစ်သည်။ ဤနေရာတွင် ကျေးဇူးတင်ကြရမည့် နောက်တစ်ဦးမှာ ရွေးကောက်ပွဲတွင် မဲအများဆုံး ရခဲ့သော်လည်း အမှန်တကယ် စွမ်းဆောင်ပေးနိုင်သူကို ခေါင်းဆောင်ရာထူး လွှဲပြောင်းပေးခဲ့သော ကွန်ဂရက်ပါတီခေါင်းဆောင် ဆွန်နီယာဂန္ဓီပင် ဖြစ်သည်။
အကျိုးဆက်ကား လုံးဝပင် ရင်သပ်အံ့သြဖွယ်ရာဟု ဆိုရပါလိမ့်မည်။ အမြဲတစေလို ရုန်းရင်းဆန်ခတ် ဖြစ်နေသော အကျင့်ပျက် ချစားမှုများဖြင့် တောထနေခဲ့သော နိုင်ငံရေးစနစ်တစ်ရပ်မှ ဉာဏ်ပညာ အမြော်အမြင် ကြီးရင့်သည်နှင့်အမျှ အပြစ်ဆိုဖွယ်ရာ စိုးစဉ်းမျှ မရှိသော၊ ဂုဏ်သိက္ခာ သမာဓိ မြင့်မားသည်နှင့်အမျှ အတွေ့အကြုံနက်ရှိုင်းသော ခေါင်းဆောင်တစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ”ဆင်း“ မှာ အောက်စဖတ်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရသူ ပညာရှင်ဖြစ်သည်။

(မဟာမိတ် - ကျော်ဝင်း - ချင်းတွင်းမဂ္ဂဇင်း အမှတ် (၄၀)၊ ဇူလိုင်လ၊ ၂၀၀၉)

2 comments:

မသက်ဇင် said...

ဖတ်တယ် စဉ်းစား တွေးတော သွားပါတယ်
ခင်မင်လျက်

တားမြစ် ထားသော... said...

ကိုမာရေးသျှင်ရေ..
ကောင်းတဲ့ ဝေမျှမှုပါပဲ။ စေ့စေ့တွေးတော့ ရေးရေးပေါ်တဲ့။ တစ်ချို့ဟာတွေကျတော့လည်း ရေးရေးတွေးရုံနဲ့ အင်း... ပေါ်နေပြန်ရောဗျ။

သုခမိန်