နှင်းအမှုံအမှုံ
မြင်ကွင်းအကုန်ဝေဝါး
ရထားထွက်ခဲ့ပြီ။..........။
လေတွေတဝုန်းဝုန်း
မိုးတွေတအုန်းအုန်း
တဂျုံးဂျုံးတဂျက်ဂျက်နဲ့။..........။ .နွေခေါင်ခေါင်
ရေယောင်ယောင်
ဟန်ဆောင်သူတံလျှပ်တွေနောက်
တကောက်ကောက်လိုက်ဖို့။..........။
မာရေးသျှင်
(၂၀၀၈-ခုနှစ်၊ဇွန်လ၊(၁၇)ရက်-ရက်စွဲနဲ့ E-Journalမှာ ဖော်ပြခဲ့တဲ့ ကျနော့်ရဲ့ ပထမဆုံးပို့စ်ပါ။ E-Journal မှာပါဝင်ရေးသားခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြန်လည်ဖော်ပြလိုက်တာပါခင်မျာ။ ဒါဟာ E-Journal ဝိုင်းတော်သားများနှင့် E-Journal ရဲ့ မိတ်ဆွေ၊ မောင်နှမများကို ကျေးဇူးစကားဆိုခြင်းလည်း ဖြစ်ပါတယ်။)
ဆုံရပ် 1st Dec 2024
2 weeks ago
3 comments:
ကိုမာရေးသျှင်ရေ
တနှစ်လွန်ပေမဲ့
မနေ့တနေ့ကလို့မထင်လောက်အောင် စိတ်မှာရင်းနှီးနေပါတယ်။ ကောင်းတဲ့ စာတွေ၊ ကဗျာတွေအတွက်လည်း ကျေးဇူးပါ။ ဆက်လက်လို့ ချီတက်ပါအုံးဗျာ။
ဘာမှမဟုတ်တောင် ကိုယ့်စိတ်ကို အစာကျွေးသလိုနဲ့ပေါ့။
ပျော်ရွှင်အဆင်ပြေပါစေသား။
သုခမိန်
မာရေးသျှင် ရဲ့ ဘလောဂ့်တနှစ်မြောက်ပြီနော်
တနှစ်သားလေးမှသည် အသက်၁၂၀ ရှည်တိုင်
အနုပညာ ကဗျာ စာပေများ ဆက်လက် မွေးထုတ်နိုင်ပါစေ
ခင်မင်စွာဖြင့်
ကိုကြီးရေ... အားပေးနေတယ်နော်..
Post a Comment