Tuesday, June 2, 2009

Lost in Summer!



(image link)

နွေအလွမ်း

မဝေခင်ကကြွေ

ရင်ကိုပူစေတဲ့နွေလား။

မနမ်းခင်ကပြယ်

အလွမ်းတွေကိုသယ်တဲ့လေလား။

မလှမ်းဝံ့ခင်မြေမှာခ

ကြွေကာကျတဲ့ဒီမျက်ရည်

ရင်တွင်းအပူကိုခဏသိမ်း

တစိမ့်စိမ့် နှိပ်စက်နေတဲ့ နွေ။

Rhyme

6 comments:

တားမြစ် ထားသော... said...

ညီမလေး Rhymeရဲ့ ကဗျာလေးတစ်ပုဒ်ပါ။ e-mailမှာရောက်နေတာနဲ့ ကျွန်တော်ကပဲ တင်ပေးလိုက်ပါတယ်။

စကားမစပ် နွေဆိုတာကိုက အလွမ်းပိုစေတဲ့ရာသီပဲမဟုတ်လား Rhymeရေ...း)

သုခမိန်

မသက်ဇင် said...

နွေအလွမ်း တဲ့လားကွယ်
လွမ်းမောစွာခံစားဖတ်ရှုသွားပါတယ်
ခင်မင်လျက်

ကဗျာဦး said...

ပန်းချီပုံနဲ့ကဗျာစားနဲ့
မိုက်တယ်

ကဗျာဦး said...

မလှမ်းဝံ့ခင်မြေမှာခ

ကြွေကာကျတဲ့ဒီမျက်ရည်

ရင်တွင်းအပူကိုခဏသိမ်း

တစိမ့်စိမ့် နှိပ်စက်နေတဲ့ နွေ။

ဒီအပုဒ်လည်းခံစားရတယ့့် 

Ðaywalker[Soul] said...

Rhymeရဲ့ ကဗျာလေးတွေက ရိုးရိုးအေးအေးလေးနဲ့ လှတာဗျ၊ သတိထားမိတယ်....

Anonymous said...

နွေ အသံကြားတာနဲ့ လွမ်းမိတတ်ကြတာ..။ အော်.. နွေအလွမ်း.. အလွမ်းတွေ လျှံနေတဲ့ ကဗျာကောင်းလေး ပါပဲ။ လွမ်းမောရပါတယ်။ နှစ်သက်ဖွယ်ရာ..။