Monday, June 8, 2009

"Reason for Nothings"

“အကြောင်းမရှိအတွက် ဆေးတစ်ခွက်”

အကြောင်းမရှိလို့ ငါပြောမယ်စဉ်းစားတော့၊
အော်.. ပေါ်လာလိုက်တဲ့အကြောင်းအရာတွေ။
ဒါပေမဲ့ ရှိနေခြင်းဟာ မရှိခြင်းမှာဖြစ်တည်နေတယ်။
ဟုတ်တာပေါ့။ ငါ့မှာရှိနေတယ်ဆိုတာတွေက မရှိခြင်းတွေကိုး။
မရှိခြင်းတွေ ရှိနေကြောင်းကိုတော့ သက်သေပြဖို့မလိုပါဘူးကွယ်။
မမြင်ရတဲ့အရိပ်။ မကြားရတဲ့စကားသံနဲ့ ငါ့အတွက်မဟုတ်တဲ့ မင်းကိုယ်နံ့၊ ဒါ..
“မိုး” စိမ့်စိမ့်ရွာနေသလို။
ရွာပါစေ-ဒီ“မိုး”လို့ ငါကလက်လျော့သလိုပြောပြောနေရတာ။
အအေးဓါတ်ကိုမွေးထုတ်ရင် ဒါ - “မိုး”ဟုတ်တယ်လေ။
အချမ်းကြောက်သူအတွက် အသူရာတစ်ခွက်ရှိနေရင် ကိစ္စ ပြီးစေပါတယ်ချစ်သူ။

သုခမိန်

5 comments:

ကဗျာဦး said...

အချမ်းကြောက်သူအတွက် အသူရာတစ်ခွက်ရှိနေရင် ကိစ္စ ပြီးစေပါတယ်ချစ်သူ။

အဲဒါဆို ချစ်သူမလိုတော့ဘူးပေါ့

မြစ်ကျိုးအင်း said...

စကားလုံတိုင်းက ဒဿနဆန်နေတယ်
တကြောင်းပြီးတိုင်း တခေါက်စဉ်းစားရတယ်

KHINMYAWIN said...

အအေးဓါတ်ကိုမွေးထုတ်ရင် ဒါ - “မိုး”ဟုတ်တယ်လေ။ ဟုတ်လား။
မဟုတ်ပါဘူး။
ဆောင်း လည်း အအေးဓါတ်မွေးထုတ်ပေးတာပဲဟာ။
ဟုတ်ဖူးလား။
အသူရာက အသူရာ၊ ချစ်သူက ချစ်သူ။
မတူဘူးလေ။ မရောနဲ့။

Ðaywalker[Soul] said...

အကောင်းဆုံးက.. ချစ်သူရာ လေး ရှိရင် ပိုကောင်းတာပေါ့ဗျာ... ဟား ဟား။ 2 in 1 လေ၊ ချစ်သူရာ...

မသက်ဇင် said...

ဒါပေမဲ့ ရှိနေခြင်းဟာ မရှိခြင်းမှာဖြစ်တည်နေတယ်။
ဟုတ်တာပေါ့။ ငါ့မှာရှိနေတယ်ဆိုတာတွေက မရှိခြင်းတွေကိုး။

ကိုသုရေ
ရှိနေတာတွေဟာ
မရှိခြင်းပါပဲ
ခင်မင်လျက်