A story by Kahlil Gibran ဆိုပြီး Paulo Coelho ရေးထားတာကို ဘာသာပြန်တာပါ။
ကျနော် စိတ္တဇဆေးရုံထဲက ပန်းခြံထဲမှာ လမ်းလျှောက်ရင်း ဖီလော်ဆိုဖီစာအုပ်တအုပ်ကို ဖတ်နေတဲ့ လူငယ်တယောက်ကို တွေ့ဆုံခဲ့ပါတယ်။ သူ့သွင်ပြင်နဲ့ သိသိသာသာကောင်းမွန်လှတဲ့ သူ့ကျန်းမာရေးက အခြားသူများကြားမှာ ထင်ပေါ်နေတယ်။
ကျနော် သူ့ဘေးမှာ ထိုင်ပြီး မေးလိုက်တယ်။
- ဒီမှာ ဘာလုပ်နေလဲ။
သူက ကျနော့်ကို ကြည့်တယ်၊ အံ့သြသွားတယ်။ ကျနော်က ဆရာဝန်မဟုတ်ဘူးဆိုတာလည်း သိတော့ ကျနော့်ကို စကားပြန်ပြောတယ်။
- အင်း ဒီကိစ္စက သိပ်ရိုးရှင်းပါတယ်ဗျာ။ ကျနော့် အဖေက အောင်မြင်တဲ့ ရှေ့နေတယောက်ပါ၊ သူက ကျနော့်ကို သူ့လို ဖြစ်စေချင်တယ်။ ကုန်တိုက်ကြီးတခုကို ပိုင်ဆိုင်တဲ့ ကျနော် ဦးလေးကလည်း ကျနော် သူ့လမ်းစဉ်ကို လိုက်မယ်ထင်နေတယ်။ အမေကတော့ သူ့ချစ်ဖခင် ကျနော့်ဖိုးဖိုးလို ဖြစ်စေချင်တာ။ ကျနော့်အမကလည်း သူ့ခင်ပွန်းကို သိပ်အောင်မြင်တဲ့လူတယောက်ဆိုပြီး မိတ္တူအနေနဲ့ ကျနော့်ကို ထုတ်ထုတ်ပြောတယ်။ အကိုကကျတော့ သူ့လို အောင်မြင်တဲ့ အားကစားသမားတယောက် ဖြစ်စေချင်တာ။
ကျောင်းရောက်တော့လည်း ပုံစံတူအဖြစ်အပျက်တွေက ဖြစ်တာပဲ။ ပီယာနိုဆရာမရယ် အင်္ဂလိပ်ဆရာမရယ်က သူတို့က အားကျဖွယ်ကောင်းတဲ့၊ အတုယူဖို့ အကောင်းဆုံးသော ဥပမာတွေလို့ သူတို့ဘာသာ ယုံကြည်နေကြပြန်တယ်။ ဘယ်သူကမှ ကျနော့်ကို လူတယောက်အနေနဲ့ မကြည့်ဘူး၊ မှန်တချပ်လိုပဲ ကြည့်နေကြတယ်။
ဒီတော့ ကျနော် ဒီဆေးရုံကိုလာနေဖို့ ဆုံးဖြတ်လိုက်တယ်။ အနည်းဆုံးတော့ ဒီမှာ ကျနော်က ကျနော်ဖြစ်နေနိုင်တယ်လေ။
ဆုံရပ် 1st Dec 2024
2 weeks ago
5 comments:
သဘောကျတယ်။
ရွေးချယ်မှုတစ်ခုကို ကိုယ့်စိတ်က ကျေနပ်နေဖို့က အထိကပဲလို့ စဉ်းစားမိလို့ပါ။
သုခမိန်
“ဒီတော့ ကျနော် ဒီဆေးရုံကိုလာနေဖို့ ဆုံးဖြတ်လိုက်တယ်။ အနည်းဆုံးတော့ ဒီမှာ ကျနော်က ကျနော်ဖြစ်နေနိုင်တယ်လေ။”
ပီဘိ သနားစဖွယ်ကောင်လေးပါပဲ။ စိတ္တဇဆေးရုံက စိတ်ရောဂါကုဆရာဝန်တွေ၊ စိတ်ပညာရှင်တွေ၊ သူနာပြုတွေ၊ လူမှုဝန်ထမ်းတွေဟာ လူသားတွေပဲဆိုတာ ကောင်လေးသိပုံမရရှာဘူး။
ကောင်းလိုက်တဲ့အတွေးဗျာ.. တပါးသူလွှမ်းမိုးမှုမခံရတဲ့နေရာလေးပေါ့
ဘယ်သူကမှ ကျနော့်ကို လူတယောက်အနေနဲ့ မကြည့်ဘူး၊ မှန်တချပ်လိုပဲ ကြည့်နေကြတယ်။
ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်က အကောင်းဆုံးပါပဲ--
E - Journal လာဖတ်သွားပါတယ်ရှင့်
ကောင်းပါတယ်
Post a Comment