“အချစ် # ဘဝ”
ရွှေဘုံနန်းမှာ စံမြန်းရတဲ့မင်း
ဘဝကြမ်းမှာ ကြီးပြင်းရတဲ့ငါ
ဘဝချင်းက ခြားနား
အခြေအနေတွေက ကွာခြားလို့
တံတိုင်းများလည်း ကာဆီးထားခဲ့ပြီလေ။
ပန်းခင်းလမ်းမှာ လျှောက်ရတဲ့မင်း
ဆူးခင်းလမ်းမှာ နင်းလျှောက်နေတဲ့ငါ
မိုးနဲ့မြေပမာ အလှမ်းကွာဝေးလှလို့
ငါ့ဘဝနဲ့ငါ မင်းဘဝနဲ့မင်း
ရှိပါစေတော့လေ။
မင်းဘဝက
နန်းသုံးတော်ဝင် ပန်းသဇင်
ငါ့ဘဝက
ယာယီသာအသုံးကျ
အဆင်းမလှတဲ့ ပန်းတမျှသာ။
အဆင်းလှတဲ့ပန်း၊ အဆင်းမလှတဲ့ပန်း
နန်းတော်ကပန်း၊ လမ်းပေါ်ကပန်း
ဘယ်လိုပန်းပဲဖြစ်ဖြစ်
ပန်းသဇင်လို နန်းတော်ဝင် မဖြစ်ရလဲ
ပန်းခရေလို နွမ်းကာကြွေသည့်တိုင်
အဆင်းမရှိလည်း အချင်းကတော့ ရှိနေဆဲပါလေ။…..။
Rhyme
4 comments:
ကဗျာလေး ကောင်းတယ်
(အားငယ်ပါနဲ့ အနော်လဲ အဖော် ရှိပါသေးတယ်)
အချင်းရဲ့ ရနံ့သည်သာ ထာဝရ မပျက်ပြယ်သည်မို့..။ ကဗျာလေး အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ နှစ်သက်စွာ ခံစားသွားပါတယ်။
လှပတဲ့ကဗျာတပုဒ်ဖြစ်ဖို့---
ခံစားမှုအကြောင်းအရာကို--
စိတ်ကူးရုပ်ပုံလွှာနဲ့---
လှပအောင်---အထပ်ထပ်--ဖွဲ့စည်း
ခြယ်မှုန်း--ရတာပါပဲ---
ကဗျာလေးကိုဖတ်ရှုခံစားသွားပါတယ်...
Post a Comment