Tuesday, March 24, 2009

true love

“အချစ်စစ်”

  • ချစ်
ဟိုမှာလည်းချစ် ဒီမှာလည်းချစ်
အသစ်လာလည်းချစ် အပြစ်မှာလည်းချစ်
ရေစုန်မှာချစ် ရေဆန်မှာချစ်
အမှတ်တမဲ့မှာချစ် အမှတ်တရမှာချစ်
ချစ် -
ဒို့ ကမ္ဘာကြီးကို ချစ်။.....။
သုခမိန်

4 comments:

Anonymous said...

ကဗျာလေး ကောင်း၏ဗျား
တိုတိုနဲ့ လိုရင်း ရောက်ပြီး
ဘယ်လို ချစ်ရမယ်၊ ဘာကို ချစ်ရမယ်ဆိုတာကို
သိသွားတယ် မြင်သွားပါတယ်ဗျာ ...း)

Anonymous said...

ကမ္ဘာလောကကြီးထဲမှာ ပုံသဏ္ဌာန်မျိုးစုံနဲ့ တည်ရှိနေတဲ့ အချစ်..။ လူသားတစ်ယောက် အနေနဲ့ ထားရှိသင့်တဲ့ ချစ်ခြင်းမေတ္တာလေးကို မြင်ယောင်ကြည့်မိပါတယ် ခင်ဗျာ။ အားလုံး အပေါ် ညီမျှတဲ့ မေတ္တာစိတ်လေး ထားတတ်ဖို့ သတိပေးနေသလို ခံစားရပါတယ်။ ကျေးဇူးပါ ခင်ဗျာ။ လေးစားလျက်ပါ။

Anonymous said...

သင့် လုပ်ဖော်ကိုင်ဖက်က တစ်ကိုယ်ကောင်းသမားလား။ (သူ့ကိုချစ်ပါ)
သင့် မိတ်ဆွေက သင်ကောင်းသလို ပြန်မကောင်းဘူးလား။ (သူ့ကိုချစ်ပါ)
သင့် မိသားစုဝင်တွေက သင့်ကို နားမလည်ကြဘူးလား။ (သူတို့ကိုချစ်ပါ)
သင့်ကိုသင် အားမလိုအားမရ ဖြစ်နေသလား။ (သင့်ကိုသင်ချစ်ပါ)
အချစ်ဆိုတာ ဝမ်းနည်းတာလို၊ ဒေါသထွက်တာလို ခံစားမှုသက်သက်မျှ မဟုတ်ပါ။
အချစ်ဆိုတာ သွားတာလို၊ စားတာလို ပြုလုပ်ရမယ့် ကြိယာ။
ကဲ သုံးသွယ်သောလောက သတ္တဝါဝေနေယျ *ချစ်နိုင်စွမ်းကို မြှင့်တင်ကြ။
*(မောင်ချောနွယ်ရဲ့ကဗျာစာသားဖြစ်မည်။)

မသက်ဇင် said...

ချစ်---------?
ချစ်နိုင်ပါစေ---သုခမိန်