Tuesday, March 3, 2009

Thank You !!!!

ကျေးဇူးတင်ပါတယ်…

အစက…
ငယ်ငယ်တုန်းက . . .
"ကျေးဇူးတင်ပါတယ်" ဆိုတဲ့စကားကိုပြောဖို့တော်တော်ဝန်လေးတယ်…
တကယ်စိတ်ထဲမှာမပါပဲနဲ့ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုမပြောချင်ခဲ့တာပါ…
လွန်ခဲ့တဲ့သုံးနှစ်လောက်ကစပြီးကျွန်မဟာ "ကျေးဇူးတင်ပါတယ်" ဆိုတဲ့စကားကို တွင်တွင်သုံးတတ်လာခဲ့ပါတယ်….




သူကြောင့်ဆိုရင်မမှားပါဘူး…
သူကဘယ်ကိစ္စကိုဖြစ်ဖြစ်…
ဘယ်သူ့ကိုဖြစ်ဖြစ်….
ဘယ်နေရာမှာဖြစ်ဖြစ်…
ဘယ်အချိန်ဖြစ်ဖြစ်….
"ကျေးဇူးတင်ပါတယ်" ဆိုတဲ့စကားကို ပြောဖို့ ၀န်မလေးတတ်ခဲ့ဘူး…
Taxi ငှားစီးရင်တောင် ပိုက်ဆံပေးစီးတဲ့Taxi သမားကိုကျေးဇူးတင်ပါတယ်အမြဲပြောခဲ့တာပါ…
ကျွန်မလည်းသူနဲ့တူတူရှိပြီးတဲ့နောက် ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုပြောတတ်လာခဲ့တယ်…
လုပ်ငန်းခွင်ထဲရောက်လာတဲ့အချိန်မှာ ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုပိုသုံးဖြစ်တယ်…

ကျွန်မလည်းတခါတလေတော့ စဉ်းစားမိပါတယ်…
ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကို တာဝန်တခုအနေနဲ့ ပြောမိတာလား???
တကယ်ကို ကျေးဇူးတင်လို့ပြောမိတာလား???
ယဉ်ကျေးမှူ့တခုအနေနဲ့ပြောမိတာလား???
သေချာတာကတော့ စိတ်ထဲမှာပါသည်ဖြစ်စေ…မပါသည်ဖြစ်စေ…. ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ရင် အပြောခံရသူရဲ့စိတ်ထဲမှာ ကျေနပ်သွားစမြဲပါပဲ…
လုပ်ငန်းခွင်မှာလည်း ကျေးဇူးဆိုတဲ့စကားတခွန်းကြားလိုက်ရရင်ကျေနပ်ရမြဲပါပဲ…
တခါတလေ တနေကုန် "ကျေးဇူးနော်"… "ကျေးဇူး"… "ကျေးဇူးတင်ပါတယ်"….
"Thank You နော်"… မရိုးနိုင်… မမောနိုင်လောက်အောင်ကိုကျေးဇူးတင်နေခဲ့ရတယ်….

တနေ့ မမျှော်လင့်ပဲ ကျွန်မတို့ရဲ့ မမနဲ့ ထမင်းတ၀ိုင်းတည်းစားဖြစ်တယ်…
မမက သူငယ်ငယ်က မာသာတွေနဲ့ နေခဲ့ရတာတွေကိုပြန်ပြောပြရင်း
ကျေးဇူးဆိုတဲ့စကားအကြောင်းကိုရောက်သွားတယ်…
တရက် သူ့ကို ကားတံခါးလာဖွင့်ပေးတဲ့ Boy ကို “Thank You!!!” လို့ ပြောလိုက်တာကို မာသာကကြားသွားပြီး “You don’t need to say thank you. He is doing his duty” ဆိုပြီးမာန်တာခံရတယ်တဲ့….

ဟုတ်တော့လည်းဟုတ်သားပဲ…
သူ့အလုပ်သူလုပ်နေတဲ့လူတယောက်ကိုကိုယ်ကကျေးဇူးတင်သည်ဖြစ်စေ… မတင်သည်ဖြစ်စေသူလုပ်ရမဲ့အလုပ်ကိုသူလုပ်နေမှာပါပဲလေနော်…

ကျေးဇူးဆိုတဲ့စကားကိုကျေနပ်တတ်တဲ့သူဂရုစိုက်တတ်တဲ့သူတယောက်အနေနဲ့တော့ စိတ်ကျေနပ်မှူ့ရသွားမှာပဲလေ…

ကိုယ်အလုပ်ကိုယ် လုပ်နေကြတယ်ဆိုပေမဲ့ စေတနာနဲ့ လုပ်ပေးချင်တဲ့စိတ်နဲ့ လုပ်ပေးတာကတော့ လုပ်ပေးရတဲ့သူကော လုပ်ပေးခံရတဲ့သူပါ စိတ်ချမ်းသာရမှာပါ….

ကျွန်မအနေနဲ့ လည်း "ကျေးဇူး" ဆိုတဲ့စကားလုံးကိုဆက်သုံးဖြစ်နေဦးမှာပါ…

မယ်(10:18pm; 26.2.09)

*** အမှန်ကတော့သူ့ကိုသတိရမိလို့ သူနဲ့ ပတ်သက်တဲ့အကြောင်းလေးတခုကိုချရေးမိတာပါ
ဘာရယ်မဟုတ်ပါဘူး…***


4 comments:

တားမြစ် ထားသော... said...

ဟုတ်ကဲ့ - ဘာရယ်မဟုတ်ပါဘူး။
“ကျေးဇူးတင်ပါတယ်” -း)

သုခမိန်

Anonymous said...

ကျေးဇူးတော် အနန္တကြီးမြတ်လှပါပေတယ် နှမလေး မယ်…
“ကိုယ်အလုပ်ကိုယ် လုပ်နေကြတယ်ဆိုပေမဲ့ စေတနာနဲ့ လုပ်ပေးချင်တဲ့စိတ်နဲ့ လုပ်ပေးတာကတော့ လုပ်ပေးရတဲ့သူကော လုပ်ပေးခံရတဲ့သူပါ စိတ်ချမ်းသာရမှာပါ….”
“ကျွန်မအနေနဲ့ လည်း "ကျေးဇူး" ဆိုတဲ့စကားလုံးကိုဆက်သုံးဖြစ်နေဦးမှာပါ…”
နှလုံးသားမှလာသော ကျေးဇူးစကား
သက်ဝင်လှုပ်ရှား ပြုံးနေတဲ့ မျက်လုံးများဖြင့် ဆိုပါမည်။……….။

khin oo may said...

ကျေးဇူး လို့ကတော့ အမြဲဆိုပါမည်။

မသက်ဇင် said...

ကျေးဇူးတင်ပါတယ်ရှင်---