သားသမီးတွေဟာ
နာကျင်မှုကိုမှ အနုပညာဖြစ်အောင် ကျင်ယူနေရှာတဲ့
ကြိုက်လွန်းလို့ ပြန်လည် မျှဝေတာ သက်သက်ဖြစ်ပါတယ်။
ဆုံရပ် 1st Dec 2024
2 weeks ago
သားသမီးတွေဟာကျောက်တုံးတွေဆိုရင်သူတောင်ပေါ်ကို တွန်းတင်ခဲ့တာ ခုနှစ်လုံးသူ့အပေါ်ပြန်ပိခဲ့တာ ခုနှစ်ခါငှက်ကြောင့်ညောင်ပင်ဟာ အသီးနဲ့ဝေးရသလိုငွေကြောင့်မိဘဟာ သားသမီးနဲ့ ဝေးရတယ်ဖုန်တက်နေတဲ့ အိမ်ကလေးမှာနေပေမယ့်နှလုံးသားဟာ တောက်ပအလင်းဖြာမြဲတစ်ခါတစ်ခါခြောက်ကပ်ကပ်အလွမ်းနဲ့အရပ်ရှစ်မျက်နှာရော်ရမ်းရမ်းတစ်ခါတစ်ခါအထီးကျန်ခြင်းကသွားရောဂါလို တဆစ်ဆစ်ကိုက်ခဲရင်းမိသားစုရထားရဲ့ စက်ခေါင်းတစ်ခုဟာမေတ္တာဝေစုကို တလူလူလွှင့်ခဲ့သလိုစကားနည်းနည်းနဲ့ တရားမြဲရင်း အိုခဲ့ပြီအပွင့်တုံးသစ်ပင်လို နာကျင်စိတ်နဲ့ငါ့ပျက်ကွက်မှုတွေပါ တဲ့ကျွန်တော်တို့ ဆင်းရဲရတာကိုအားနာစကားဆိုရှာတယ်…အဖေ။..ကိုသျှပ်(ကန့်ဘလူ)
နာကျင်မှုကိုမှ အနုပညာဖြစ်အောင် ကျင်ယူနေရှာတဲ့ ကဗျာဆရာ မိုးလှိုင်ည ရဲ့ ကျွန်တော်ကြိုက်သော ကဗျာများ မှာ ဖတ်ခဲ့ရတဲ့ ကဗျာပါ။
ကြိုက်လွန်းလို့ ပြန်လည် မျှဝေတာ သက်သက်ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ခင်လို့ တရားမင်တာ မဟုတ်သော်ငြား ဒီလိုကဗျာဆရာတစ်ဆူ အတွက် ဝံ့ကြွားဂုဏ်ယူတာ အမှန်ပါ။
ခံစား၊ ဝေမျှ၊ တင်ပြသူက Anonymous at 2:15 PM
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, ဝေမျှခြင်း ကဗျာများ
4 comments:
သင်ဖတ်သော စာအုပ်တွေကို ပြောပါ သင် ဘယ်သူလဲဆိုတာ ပြောပြမယ် ဆိုသလိုပါပဲ သင်ကြိုက်သော ကဗျာများကိုကြည့်ကာ သင်ဘယ်သူလဲဆိုတာ သိခဲ့ရပါတယ်။ ကန့်ဘလူဆိုတာလည်း သူရဲကောင်းများ ထွန်းကားရာမြေပဲကိုး။
အဖေ့ကို သတိရမှုတွေ ပိုစေတာတော့အမှန်ပဲဗျာ။
မိုးလှိုင်ညဆီကို ကျွန်တော်ကတော့ သွားမရဖြစ်ခဲ့တယ်။
သုခမိန်
ကျွန်တော်တို့ ဆင်းရဲရတာကို
အားနာစကားဆိုရှာတယ်…အဖေ
တဲ့လား-----------
ခံစားသွားပါသည်--
အဖေ........တဲ့ ....
အမေ....လည်း ...
ထပ်တင်ပါဦး...
စောင့်လျက်...
Post a Comment