ရွှေပြည်ကြီးကို လွမ်းကြမှာပါ။ လွမ်းပုံခြင်းတော့ တူချင်မှလည်း တူမယ်။ ဒါပေမဲ့ ရွှေပြည်ကြီးမှာ ဒီအချိန်ဆို ဘာတွေဖြစ်နေပြီလည်း တွေးကြည့်လိုက်ရင်တော့ … အော်၊ ဆောင်းအကုန်နွေအကူးပါလားလို့ တွေးမိကြမယ်ထင်တယ်။ တစ်ချိန်က နွေရာသီတွေကိုလည်း ပြန်သတိရစေချင်တာပါ။
“အဝေးရောက် အလွမ်း”
ဆောင်းအကုန်နွေအကူး
တကူကူးလည်း မချိုလေပြီ။
ဆောင်းအကုန်နွေအကူး
ရွက်ဝါတို့လည်း မမြူးပြီ။
ဆောင်းအကုန်နွေအကူး
ကြည်နူးဖွယ် မြန်ဓလေ့
မမေ့နိုင် ငေးငိုင်ကာလွမ်းမိတော့
သြော် …
ကျွမ်းငယ်ဆွေ ယဉ်အလှကို
လွမ်းမိပါပေါ့။ ။
သုခမိန်။…..။
ဆုံရပ် 1st Dec 2024
2 weeks ago
4 comments:
တကူကူး အသံလေးလည်း ကြားလိုက်သလိုလို..
ရွက်ဝါလေးတွေကိုလည်း တွေ့လိုက်သလိုလို..
အလွမ်းဖွဲလေး ပီတယ်..
ခင်မင်းလေးစား ချစ်ခြင်းအားဖြင့်..း)
ကိုသုရေ ငိုချင်ရက် လက်မတို့နဲ့လေဗျာ။
ရွှေမြန်ပြည်ကြီးရဲ့ နွေရာသီကတော့ လွမ်းဆွေးဖွယ် ကောင်းနေဆဲ ပါပဲ ခင်ဗျာ။ အလွမ်းကဗျာလေး ဖတ်ပြီး ပိုလွမ်း သွားရတယ်။
လွမ်းနေရလို့ ငိုချင်သွားပါတယ်--
Post a Comment