“ချစ်ခြင်းဖွဲ့ အကြင်နာ”
နှင်းတစ်စက်၊
ဖြန်းပက်လို့သွားခဲ့စဉ် …
မြူတစ်ဆိုင်း၊
ညို့မှိုင်းလို့လွှမ်းခြုံစဉ် …
တစ်မနက်၊
အေးစက်တဲ့ငါ့ရင်ခွင် …
နွေးကိုယ်ငွေ့၊
ပြန်တွေးလို့ လွမ်းမိလေတော့
ဆွေးအပူငါ့အလွမ်းကြောင့်
နှင်းပျောက်ခါ မြူဝေးပေမဲ့
တစ်ပါးရင်ခိုသူ နင်တစ်ယောက်
လုံလောက်တဲ့သူ့ရင်ငွေ့မှာ
ပျော်မွေ့စေသား၊
ရွှင်မြူးစေသား၊
ငါ - ကြည်နူးအကြင်နာပွားတယ် ချစ်သူ။ ။
သုခမိန်။ ။
5 comments:
နုနုလှလှကဗျာလေးကို လာခံစားသွားပါတယ်..း)
တစ်ပါးသူရင်ထဲ ရောက်နေပေမယ့်
အကြင်နာ ပွားနေတုန်းပဲလား။
တော်တော် အချစ်ကြီးပုံရတယ်
သံယောဇဉ် .. သံယောဇဉ်
“တစ်ပါးရင်ခိုသူ နင်တစ်ယောက်
လုံလောက်တဲ့သူ့ရင်ငွေ့မှာ
ပျော်မွေ့စေသား..”
ခြေနေ အကြောင်းကြောင်းကြောင့် ခွဲခွာ ရပြီဆိုရင် နာကျင်ခံစားရမှာပဲ ဆိုတာလေးကို ခံစားမိတယ်။ မကြုံချင်ပေမယ့်လည်း..။
ကဗျာလေးကကောင်းပါတယ်၊ကျွန်တော်ဒီတစ်ခါတကယ်လာဖတ်တယ်နော်
ကိုသုရေ ကျနော်ကတော့ ကြားဘူးတဲ့ သီးချင်းလေး တစ်ပုဒ် ထဲကလိုပဲ ချစ်တဲ့လူကို စွန့်လွှတ်ရင်းနဲ့ အပြစ်မဲ့ သူကို ခွင့်လွှတ်ခြင်း ဆိုသည်များက အမှန်တကယ် မချစ်၍သာဖြစ်မည် ထင်ပါသည် ။
ကိုယ် တကယ် ချစ်ရင် ကိုယ့်ထက် ဘယ်သူကများ သူ့အပေါ် ကောင်းနိုင်လိမ့်ဦး မှာလဲဗျာ။
Post a Comment