“၈၉ သို့ အရှုံးပေးခြင်း”
- အပြုံးတစ်ချက်
ဒါဟာ မြှားတစ်ချက်ပါပဲ၊
ငါ့ရင်ကိုစူး
အချစ်လူးထားလေတော့
အဆိပ်တက်ပြီပေါ့။
မျက်ဝန်းတစ်စုံ
ဒါဟာ မြှားတစ်စုံပါပဲ၊
ငါ့ရင်ကိုဖောက်
တပေါက်တပေါက်ကျတဲ့သွေး
ချစ်ပန်းချီဆေး။
လွင့်မြူးလှုပ်ရှား
ပုံရိပ်များမှာတော့
ကွန်ယက်ဖွဲ့သီ
ကြိုးမျှင်ချည် သံယောဇဉ်ဆိုတော့
ငါ - ဒူးထောက်ပါပေါ့ အချစ်ရယ်။ ။
သုခမိန်။ ။
2 comments:
အချစ်လူးထားတဲ့
အဆိပ်မျှား အပစ်ခံချင်ပါရဲ့
ချိုသလား
ခါးသလား သိချင်ချင် ဖြစ်နေလို့ပါ။
အချစ်ဆိပ်လူးထားတဲ့မျှားနဲ့ အပစ်ခံလိုက်ရပြီလားဗျ သူများသားသမီးတွေများ ကံကောင်းလိုက်တာ
ကျနော်မှာတော့ အဲလို အပစ်ခံဖို့ ပစ်ကွင်းထဲ သွားထိုင်နေတာတောင် ဘယ်သူမှ ယောင်လို့
မချိန်ကြဘူးဗျာ။ အဟီး
ကဗျာလေးမိုက်တယ်ဗျ
Post a Comment