ဒီနေ့ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ (၉)ရက်နေ့ဟာ ကျနော့်ရဲ့ အစ်မလတ်၊အစ်မရည်လေးရဲ့ အသက်(၃၀) ပြည့်မွေးနေ့မင်္ဂလာပါ။ ကျနော်ရေးခဲ့တဲ့ “ကျောက်သင်ပုန်းကြီးပေါ်က မွေးနေ့လက်ဆောင်ကဗျာ”ကို မွေးနေ့အထိမ်းအမှတ်အဖြစ် (ဒီနေ့မှာ မအားမှာစိုးလို့)ကြိုကြိုတင်တင် တင်ထားခဲ့တာပါ။ အခုတော့ အချိန်အားလေးတွေ ထွက်လာတာကြောင့် အစ်မရည်လေးအတွက် အမေ့ရဲ့ မွေးနေ့လက်ဆောင် ကဗျာလေးတစ်ပုဒ်ကို ထပ်မံ မျှဝေပေးပါရစေ။
သမီးဝတ်ရည် ၊ မွေးနေ့ဆီမှ
ရှည်ကြာသမျှ ၊ သင့်ဘဝမှာ
မြင့်ကြာရေထက် ၊ ဂုဏ်သိန်တက်၍
မျိုးဆက်ကောင်းကျိုး ၊ သင်သယ်ပိုးရင်း
တိုးဝေသာသနာ ၊ ဆောင်နိုင်ပါစေ ။
ပညာပြည့်ဝ ၊ နှလုံးလှ၍
အားကျတုယူ ၊ မြင်သူတကာ
ချစ်ကြင်နာလျက် ၊ ဝေဖြာအလှ
ပိုင်ဆိုင်ရစေ ၊ တောင်းဆုခြွေ ။
(ရည်လေးအတွက်)
မေမေ
၉.၁.၀၆
တစ်ဆက်တည်းမှာပဲ ကျနော်တို့ရဲ့ အမိအရာ ထိုက်တန်လှစွာသော အစ်မကြီး(အစ်မရည်ဖွေး)ရဲ့ မွေးနေ့တစ်ခုမှာ အမေရေးပေးခဲ့တဲ့ မွေးနေ့လက်ဆောင်ကဗျာလေးကိုပါ မျှဝေပေးပါရစေ။ ဒါဟာ ကမ္ဘာပေါ်မှာ ရှိရှိသမျှ အမေတိုင်း နဲ့ သားသမီးတွေကြားက ချစ်ခြင်မေတ္တာတရားကို ဖော်ကြားလိုခြင်းလည်းဖြစ်ပါတယ်။
သုံးဆယ်တစ်လျော့ ၊ မငယ်တော့ပြီ
ရာသီအေးအေး ၊ နှင်းဖွေးဖွေးဝယ်
မွေးသည့်ရင်နှစ် ၊ သမီးချစ်သည်
ဖြစ်တည်ဘဝ ၊ မြင့်မားလှစေ
ဧမြငြိမ်းချမ်း ၊ နှင်းဆမ်းပန်းနှယ်
ဝင့်ထည်တောက်ကြွား ၊ များအကျိုးဆောင်
ရန်ပေါင်းအောင်လျက် ၊ အသက်ရာထောင် ရှည်ပါစေ ။
(ဖွေးအတွက်)
မေမေ
၎.၁၂.၀၅
အဖေက အမေ့ကို ရွှေအိုးကြီး(၄)လုံး လက်ဆောင်ပေးထားတာကြောင့် အမေဟာ တစ်နှစ်ကို အနည်းဆုံး ကဗျာ(၄)ပုဒ်တော့ ပုံမှန်ရေးဖြစ်ပါတယ်။ ညီလေး နဲ့ ကျနော့်အတွက် ကဗျာလေးတွေကိုတော့ မွေးနေ့ဆုတောင်း ၊ သားတို့ရုပ်ရည် (သို့) အမေရေးတဲ့ ကျနော့်ပုံတူ ၊ သားကြီးမွေးနေ့နှင့် မိခင်ဆန္ဒ စသဖြင့် မျှဝေထားပြီးဖြစ်ပါတယ်။
ကျနော်ဟာ ဒီအမေရဲ့သားဖြစ်ရတာ တစ်ခုတည်းနဲ့တင် ဒီကမ္ဘာတွင် ပျော်ရွှင်ဖို့ လုံလောက်နေသူဖြစ်ပါကြောင်း ထပ်လောင်းပြောပါရစေ။
New year trip 03012025
6 days ago
3 comments:
ပျော်ပျော်နေသေခဲ ဆိုတဲ့ သူပေါ့လေ။ ပျော်ပါ ပျော်ပါ။
အမေ့ရဲ့ သမီးတစ်ယောက်လာဖတ်သွားပါတယ်.. ကောင်းပါတယ် ရှင်
အကုန်ဖတ်ပြီးသွားပြီဗျ အလွန်ကောင်း၏
Post a Comment