အမေရေးတဲ့ ကျနော်တို့ငယ်ဘဝ မိသားစုပန်းချီကားလေးပါ။ အခုတော့ အဖိုးနဲ့အဖွားဟာ မရှိတော့ပါ။ ကျနော်တို့ မောင်နှမ(၄)ယောက်စလုံးကလည်း တစ်ယောက်တစ်နယ်စီမှာ။
အနှိုင်းမဲ့ ပန်းချီကား
ပါးချိုင့်ကလေးနဲ့ပြုံးတုံ့တုံ့
သားကြီးခပ်ငုံ့ငုံ့
မလှုပ်တလှုပ် ငြိမ်ဆိပ်စွာ
ရေဒီယိုနားမှာ
သတင်းလာရင် နားထောင်ငေး
ဖေ့ဖေ့အိုက်တင် အလွန်ပေး။
ပါးကွက်လေးနဲ့ချစ်စရာ
ထိပ်မှာပန်းပန်ကာ
မှန်တင်ခုံမှာပြင်ဆင်သေး
မေ့မေ့သမီးဖွေး။
ရေဒီယိုကတေးသံစုံ
သားငယ်ဗေထုံထုံ
ဗုံတွေတီးလို့ စည်းချက်ပေး
ခုန်ပေါက်ကတဲ့ သမီးလေး။
အိပ်ချိန်ရောက်ပြီ ညံစီစီ
ဘုရားရှိခိုးမည်
ဖေဖေ၊မေမေ ဦးနှိမ်ချ
ဖွားဖွားသြကာသ
ဖိုးဖိုးသြကာသ
ကြည့်မဝတဲ့ ရှုခင်းပ။……….။
KuchingTrip
1 week ago
6 comments:
အစ်ကို့
ကလေးလေးလား
မူကြိုအရွယ်ကလေးတွေဆို ချစ်စရာသိပ်ကောင်းပဲနော်
ကြည်နူးဖို့ကောင်းတဲ့
ကဗျာလေး လာဖတ်ပါတယ်။
ကလေးကိုမျက်စိထိတောင်
မြင်ယောင်မိတယ်။
အစ်ကို့ အမေက တော်လိုက်တာ....
ကဗျာလေးမိုက်တယ်ဗျာ တကယ်ကောင်းတယ်
ကာရံလေးတွေလဲ လှတယ်ဗျ
အနုပညာမျိုးရိုးတွေပေါ့။
တော်လိုက်ကြတာနော်။
အားကျမိတယ်။
ပျော်စရာ မိသားစု ကဗျာလေးပါ။
သုခမိန်(E-Journal)
Post a Comment