၁၉၉၇ ၊ ကျနော် (၁၀) တန်းကျောင်းသားဘဝတုန်းက ရေးခဲ့တဲ့ကဗျာပါ။ ဒီဘက်ခေတ် ကျောင်းသားတွေတော့ ဘယ်နည်းဘယ်ပုံ ဖြတ်သန်းနေကြသလဲ မသိပါ။ ကျနော်တို့တုန်းကတော့ ဒါဟာ ပတ်တန်တစ်ခုပါပဲ။ ကျနော်တို့ရှေ့ က နောင်တော်၊အစ်မတော်တွေလည်း ဒီလိုပဲ ဖြတ်သန်းသွားကြပြီး ကျနော်တို့ကလည်း ဖဝါးထပ်ချပ်မကွာ တစ်ပုံစံတည်း လိုက်ခဲ့ကြတာပါ။ ကျနော်တို့နောက်က ညီငယ်၊ နှမငယ်များကိုတော့ ဒီလိုမဖြစ်စေလိုပါ။
အသက် (၁၂) နှစ်ပိုကြီးလာတဲ့ ကျနော်ကတော့ အခုထိ မစွမ်းရင်းကလည်းရှိဆဲ ကန်စွမ်းခင်းကလည်းငြိမြဲပါ။
ဇန်နဝါရီကျောင်းသား
ကျောင်းကိုမခင်
ကျူရှင်မလာ
ကင်းကွာသိုင်းဝိုင်း
စိတ်တိုင်းကျကျက်
အိပ်စက်ချိန်နည်း
မျက်မည်းနက်ညို
ဗျာပိုနှလုံး
ချချုံးတုန်ရင်
နားထင်ပလာစတာကပ်
ယောက်ယက်ခတ်။…..။
မာရေးသျှင်
KuchingTrip
1 week ago
2 comments:
ကဗျာလေးကို သဘောကျတယ်။ ပြုံးမိတယ်ဗျ။ ကျွန်တော်ကတော့ ခုချိန်ထိလည်း ယောက်ယတ်ခတ်တတ်နေဆဲပါဗျာ။
သုခမိန်(E-Journal)
ဟုတ်တယ် ကိုသုရေ ကျနော်တို့တုန်းကတော့
ဒီလိုပါပဲ ကဗျာကောင်းတပုဒ်ပဲဗျို့
Post a Comment