သူငယ်ချင်းတစ်ယောက်က သူ့ဘလော့ဂ်မှာ လိုအပ်တာလေးတွေ ပြင်ပေးပါအုံးဆိုပြီး ခေါ်လို့ ရောက်သွားတယ်။ လောလောဆယ်တော့ ဘာမှ သေချာ မကူညီရသေးဘူး။ စီဘောက်စ်လေး ထည့်ပေးလိုက်တာပဲရှိတယ်။ နောက်တော့ သူလည်း သဘောပေါက်မှာပါ၊ အားမကိုးလောက်ဘူးဆိုတာကို။ သူသဘောမပေါက်သရွေ့ကတော့ ကျွန်တော့်ဆရာသမားများ စိတ်ညစ်ကြပေတော့။ မသိသမျှ လာမေးမှာမို့ပါ။ မဆုံတာနှစ်တွေကြာတဲ့ ခင်ရတဲ့သူငယ်ချင်းဆီမှာ၊ ဘလော့ဂ်အသစ်လေးဆီမှာ ရေးဖြစ်တဲ့ကဗျာလေးပါ။ သူ့ကိုသတိရရင်း ပြောချင်နေတဲ့ စကားတစ်ချို့ကို ကဗျာအသွင် ပြောင်းမိခဲ့တယ်။ စာလေးတစ်ပုဒ် ရေးမိပြီဆိုတော့လည်း ကိုယ့်မိတ်ဆွေတွေကို မမေ့ချင်သလိုမို့လို့ ဒီမှာပါတင်လိုက်ပါတယ်။ (E-Journal အတွက် အကြံအိုက်နေတုန်း ဆားချက်တာလည်း ဖြစ်တယ်။) ကဗျာကို ခေါင်းစဉ်အနည်းအကျဉ်းလေးနဲ့ တင်ပြထားတာလေးတစ်ခု ပြောင်းထားပါတယ်။ သူငယ်ချင်းတစ်ယောက်တည်းထက် ချစ်ခင်ရသူအားလုံးကို ဒီနေရာမှာရည်ရွယ်လိုရင်းသဘောပါ။ နားလည်ပေးနိုင်မယ် ထင်ပါတယ်။
သူငယ်ချင်း - သံဝေဂစာ
သူငယ်ချင်း ...
ချဉ်းနင်းဝင်ရောက်
ဟောဟိုမှာလို့
တံခါးခေါက်သံ
မိုးသို့ညံဖို့ဝေးစွ၊
ညနေရီတရော
နှင်းရောတဲ့မြူကြားက
လူ ဘွားခနဲထွက်လာသလို
ပြို.. ပြိုသွားတဲ့ သက္ကရာဇ်တွေ။
ဒေါက်။
ဒေါက်၊ ဒေါက်။
ဂျောက်။
ဟင့်အင်း... ဒါ၊
ဒါ - ငါ့အခေါင်းခေါက်သံ
( ဖြစ် - ပျက် )
ဟင့်အင်း မဖြစ်ချင်သေးဘူး။
ဟင့်အင်း မပျက်ချင်သေးဘူး။
ငါ... အသင့်မဖြစ်သေးဘူး။
New year trip 03012025
1 week ago
3 comments:
အင်း တားမရပါဘူးကွယ်တို့....
လာမယ် လာမယ် မတားနဲ့...
အသင့်မဖြစ်လည်း ရောက်လာတတ်တယ်...
း)
ကြောက်ပါနဲ့ဗျ၊ အနော်လာခေါက်တာပါ။ ကိုကြီး (သု) ပဲ မဟုတ်လား ...
http://winzaw-mdy.blogspot.com/
(ကျွန်တော်လည်း အဲလို ခဏခဏ ကြုံတယ်၊ ဘလောဂ့်မှာ ဟိုဟာလေးလုပ်ချင်တယ်၊ လုပ်ပေး၊ ဒီဟာလေးထည့်ချင်တယ် လုပ်ပေး၊ နဲ့ ကျွန်တော်ကလည်း မလုပ်တတ်လေတော့ (မလုပ်တတ်ဘူး)လို့လည်း ပြောလိုက်ရော (မခေါ်တော့ဘူးတဲ့)) PS.
အသင့်မဖြစ်သေးဘူးဆိုလို့
ချန်မသွားဘူးနော်။
အတတ်နိုင်ဆုံးအသင့်ဖြစ်အောင်လုပ်ထား။
အဲ....ဒါတွေကို ဆရာသု က ပိုသိမှာပါ။ နှော။
မိကျောင်းမင်း ရေခင်းပြသလိုဖြစ်သွားပြီထင်ပ။
စေတနာပါ။ နော်။
Post a Comment