Wednesday, December 17, 2008

မြက်ဖျားနှင်း....

မြက်ဖျားနှင်း....


အရင်ရက်ကညနေပိုင်းခဏအားတာနဲ့ ပုံလှလှလေးတွေရှာရင်း

အောက်ကပုံလေးကိုတွေ့  လိုက်လို့ 

မြက်ဖျားနှင်းဆိုပြီး တခုခုရေးဖို့ စိတ်ကူးမိတယ်...

အလုပ်ရှုပ်နေတာနဲ့  ဘာစိတ်ကူးမှထွက်မလာခဲ့ဘူး...

ဒီမနက်ဘလော့လ်ကိုရောက်တော့ ဝါခေါင်မိုးက

အသစ် ကလေးတွေ တင်ပေးပါဦးဆိုတော့

စိတ်ကူးလေးတခုရသွားတယ်....

အောက်က ပုံလေးကိုကြည့်ပြီး စိတ်ကူးလေးတွေ

ခံစားရတာလေးတွေရေးပေးကြပါလို့  တောင်းဆိုပါတယ်....

စိတ်ကူးလေးတွေကိုဝေမျှပေးတဲ့

သူငယ်ချင်းအားလုံးကိုကျေးဇူးတင်ပါတယ်...




ဒီပုံလေးကို Internet ကယူထားတာပါ...Link ကိုထပ်ပေးပါ့မယ်....

မယ်(17.12.08)

9 comments:

တားမြစ် ထားသော... said...

“မျက်ဖျားနှင်း”

နှင်းတစ်စက်
ဆင်းသက်လာစဉ်၊
အချိုးတကွေ့
တို့တွေ့ကြရင်း၊
ခဏဝယ်နှင်းပျောက်
ခန်းချောက်တဲ့စမ်းလို
ငါမငိုချင်
လှမ်းလို့သာရှေ့
တိုးဝှေ့လို့သွား၊
သွား... ဒါတို့ဘဝပါခင်။

သုခမိန်(E-Journal)

***ပါဝင်ဆင်နွှဲသွားပါတယ်။ “မယ်”ရေ။

အခြား said...

ဟုတ်ပ ... ကိုသု ပြောသလို ပေါ့ ...
အရာရာ မြဲမှ မမြဲတာ။
ဖြစ်၊ပျက် သမျှကို နောက်ကနေ ...
လိုက်နားလည် ပေးနေယုံပဲ။
ဘုံးကြီးတော့ မဟုတ်ဘူး။
သက်သက်သာသာလေး ဖြတ်သန်းသွားဖို့ပါ။
As you Like , ပေါ့ ။

အခြား။

ဝါခေါင်မိုး said...

အဲ ဆရာသု တို့၊ ကိုအခြားတို့လိုလည်း ကဗျာမစပ်တတ်ဖူး။
ဝါခေါင်က ပုံတွေကိုလည်း ဘာသာမပြန်တတ်တော့ ခက်ပြီ။ အားနာလိုက်တာ။
နောက် ကဗျာတွေ၊ စာတွေ တင်တော့မှ ရေးတော့မယ်နော်။
ကျေးဇူးပါ။

RePublic said...

လက်ရှိကာလ မှာအလှ ဆုံးတည်ရှိနေတဲ့ မိုးရေစက်လေးတစ်စက် ၊၊ ဖြတ်သန်းခဲ့တဲ့ သူရိပ်အတိတ်ကို ပြန်လှည့်မကြည့်နိုင်သလို ၊ ရှေ့ဆက်ဖြစ်မယ့် သူအနာဂတ်အတွက်လည်း ကြိုမတွေး နိုင်သေးဘူး ၊၊ တည်ငြိမ်နေတဲ့ ဒီအခိုက်အတန့် ကာလလေးမှာတော့ အသိအမှတ်ပြုခံလိုက်ရပြီ ၊၊

Dr Phyo Wai Kyaw said...

ပုံလေး က တယ်ဟုတ်ဗျာ.....

မြက်ဖျားနှင်း..

တွဲရရွဲနဲ့..
မခို့တခို.လေးခို
..
...
မ၀ံ့တ၀ံ့..ပဲ
..
ခုန်ဆင်းတော့
မလိုလို..။

Anonymous said...

မြက်ဖျားနှင်း

နှုတ်ဆက်ပါတယ် မြက်ပင်လေး...

သံသရာ တစ်ကွေ့မှာ
ခဏတာ နားခိုခွင့်ပြုတာ
ကျေးဇူးပါလေ...

အခွင့်သာခဲ့မယ်ဆိုရင်
ပြန်လည်လို့ ဆုံတွေ့ချင်..

ခုတော့
သံသရာစက်ဝန်းအတိုင်း လိုက်ပါဖို့
မြေပြင်ကို ဆင်းသက် စိမ့်ဝင်တော့မယ်...

နှုတ်ဆက်ပါတယ် မြက်ပင်လေး...

မယ် said...

အားလုံးကိုကျေးဇူးတင်ပါတယ်....
မယ်

မောင်မဲ said...

မျက်ဖျားနှင်း ဆိုတာ ဟိုအထက်ကောင်းကင် အမြင့်ကြီးက နေ မြေပြင်ကိုဆင်းသက် လာတဲ့နှင်း လေးတွေဟာ မြက်ပင်လိုမှီခိုရာသေးသေးလေး တစ်ခုမှာ ခဏတာ နားနေရင်း အချိန်တန်တော့လည်း သူ ဆင်းသက်မဲ့ မြေပြင်ကို ဆင်းကြရတာပါပဲ။ မှီခိုအားထားရာ သေးသေးကလေးတွေကိုတောင် နောက်ဆုံးအချိန်ထိ မှီခိုအားထားတတ်တာ လောကသဘာဝပဲလေ............

မသက်ဇင် said...

မြက်ဖျားနှင်း....
ဟန်ဆောင်ခြင်းကင်း--
မြက်ဖျားနှင်း--
သူခုန်ဆင်းတော့မယ်ပေါ့နော်---