ပိတ်ရက်ဆိုအဆောင်မှာလာမရှာနဲ့ မရှိဘူး….
စက်ဘီးကိုယ်စီနဲ့ ထွက်ပြီ….
ပထမနှစ်မှာ ပျော်ပျော်ပါးပါးနေလိုက်ကြတာ….
မန္တလေးမြို့ ပေါ်မှာမရောက်ဖူးတဲ့နေရာမရှိတော့ဘူး…
ကျောင်းပတ်ဝန်းကျင်ကတောင်တွေလည်း
မတက်ဖူးတဲ့တောင်မရှိတော့ဘူး….
ကျောင်းမှာလည်းကျောင်းမှာမို့ …
မိန်းကလေး တို့ ကျောင်းတက်တုံးက
တတိယနှစ်ရောက်မှာ မေဂျာခွဲတာဆိုတော့
Class တခုကိုလူကအများကြီး…
အတန်းထဲမှထိုင်ရင်မိန်းကလေးတွေရဲ့ နောက်ဆုံးတန်း…
ကန်တင်းထိုင်ရင်မိန်းကလေးကလူနဲစုပဲ…
အဲဒီအထဲမှာ မိန်းကလေးတို့ အဖွဲ့ ပါတယ်…
ကန်တင်းရောက်ရင်ဘေးပတ်ဝန်းကျင်မှာ
ဘာဖြစ်တယ်မသိတော့ဘူး…
တယောက်တမျိုးမှာပြီးဟိုဟာမှာစားဒီဟာမှာစားနဲ့ ….
မှတ်မှတ်ရရအပြောခံရဖူးတယ်…
ခေါင်းမော့ပါဦးတဲ့….
တချိန်လုံးခေါင်းမဖော်တမ်းစားနေလို့ လေ… အဟီး….
(အဟဲ … ကြွားဦးမယ် မိန်းကလေးကလွဲလို
သူငယ်ချင်းတွေကလှကြတယ်…
ကွင်း(၂) ယောက်ပါတယ်ဗျ…
(၂) ယောက်လောက်ကမေဂျာတူသွားလို့ )အဟဲ….
ဖြစ်ပုံပြောရဦးမယ်…
မိန်းကလေးတို့ ထဲက (၂) ယောက်လောက်က
စက်ဘီးကိုကျွမ်းကျွမ်းကျင်ကျင်မစီးတတ်ဘူး…
အတတ်ကဆန်းသေး စက်ဘီးစီးရင်(၆) စီးလုံးကရင်ဘောင်တန်းစီးတာ…
တရက်ရန်ကင်းတောင်ခြေမှာအကြော်သွားစားတာ….
တယောက်ကစပြီးမှောက်တာကျန်တဲ့ဘီးတွေပါအကုန်လဲရော….
ဖြစ်တာကရွာထဲမှာ….
တခါကလဲ ရှေ့ တည့်တည့်ကလာနေတဲ့မြင်းလှည်းကို
တခြားသူဟုတ်ဝူး…မိန်းကလေး….
အဲလိုပျော်ပျော်ပါးပါးဖြတ်တန်းရင်းနဲ့ စာမေးပွဲဖြေရော…
စာမေးပွဲဖြေခါနီးစာကလည်းမရသေးကြားထဲမှာစိတ်ညစ်ရသေးတယ်…
မန်းချယ်ရီဆောင်ပြောင်းရမယ်ဆိုလို့ လေ….
မပြောင်းချင်ကြဘူး….
မန်းချယ်ရီရောက်ရင် (၂) ယောက်တခန်းနေရမယ်လေ….
အဲလိုနဲ့ ပထမနှစ်ပြီးသွားတယ်….
ဆုံရပ် 1st Dec 2024
2 weeks ago
2 comments:
မယ်ရေ စက်ဘီးလဲတာက ရွာထဲမို့ တော်သေးတာနော်။
မြောင်းဘောင်ပေါ်မှာသာဆို ကွင်းတသိုက် စက်ဘီးနှင့်လူ ရေ အတူတူကူးခြင်း ဖြစ်မှာ :)
နောက်ဆက်တွဲများကို မျှော်လင့်လျက်
တာတူး
အပျော်တွေထဲမှာ တက္ကသိုလ်ကျောင်းသားဘ၀ ရဲ့အပျော်ကတော့ ဘာနဲ့မှ မလဲနိုင်ခဲ့ပါဘူး။ ကိုယ်ထင်တာ ကိုယ်လုပ်နိုင်ခဲ့တယ်။ အကြောက် တရားလည်း မရှိဘူး။ မှားတာ မှန်တာ နောက် ထား ပျော်ဖို့က အဓိကပါပဲ၊ ဒါပေမယ့် စာမေးပွဲ ကိုတော့ အမှတ်အကောင်းဆုံး ရအောင်တော့ ကြိတ်ပြီး ကြိုးစားကြတာပါပဲ။ ပျော်စရာတွေ အမှတ်ရစရာတွေ မျှဝေပေးလို့ ၀မ်းသာတယ်။
http://winzaw-mdy.blogspot.com
Post a Comment