အဆောင်မှာရေလွှမ်း အပင်အားလုံး စိမ်းလန်းတော့
မကြေသေးတဲ့ ၀ဋ်ကြွေး ပြန်ပေးဆပ်ဖို့အတွက်
ငါ. . . ကျောင်းတက်လာရတယ် ။
ရှစ်ခွင်လုံးမှိုင်းလို့
ငွေနှင်းဥတို့ ကျဲပက်
အေးစက်စက် မနက်ခင်းမှာ
အတန်းတက်ဖို့အတွက်
အမိုးပက်လက်နဲ့ လမ်းပေါ်
အဖော်တွေနဲ့ ပျော်ပါးခဲ့ရတယ် ။
လေရူးတွေ ပွေမွှေ့
ရော်ဝါရွက်တို့ကြွေပြုတ်
နွေသရုပ်ဟာပေါ်လာတော့
ဥသြလေးကနှုတ်ဆက်
အိမ်ပြန်ရက်ရောက်လာတယ် ။
ရာသီတွေ ဘယ်လိုပြောင်းပြောင်း
ဟောင်းမသွားမယ့် အချစ်ဒိန်ခဲလည်း
ငါ့ရင်ထဲမှာ ရှိနေတယ်
ဘယ်သူမှလည်း မစားသုံး . . .
ငါ . . . ဒီအတိုင်း သေဆုံးရတော့မလား ။
၃၇ မင်း
(တစ်ချိန်ုတုံးက ကဗျာလေး တစ်ပုဒ်ပါ။ ကျောင်းပိတ်ခါနီးရေးဖြစ်ခဲ့တာ။ ခုလည်း နွေကျောင်းပိတ်ချိန် ကို လွမ်းတာနဲ့ တင်လိုက်တာပါ။)
KuchingTrip
1 week ago
1 comment:
မီတူးးးပါကိုတာတူးရေ...း)
Post a Comment