Tuesday, April 8, 2008

မရဏာ နုဿတိ

လောကမှာ အစားထိုးမရတဲ့ ဆုံးရှုံးမှူ့တွေ များများလာတယ်ဗျာ။
မတ်လ ၂၅ ညနေပိုင်းက ကွန်ပြူတာတက္ကသိုလ်က ကျနော်တို့ ဆရာ ဦးအောင်အောင်သိန်း ဆုံးတယ်လို့ သိရတယ် ။ခုနောက်ပိုင်း ကျနော်ကြားနေရတာ တန်ဖိုးရှိတဲ့ လူတွေ ကြွေကြွေကုန်ကြတယ်။ အခုလူသိများတာကတော့ သတင်းစာဆရာကြီး ကြေးမုံ ဦးသောင်း ၊နောက် အဖွား လူထုဒေါ်အမာပေါ့ ။ကျနော်တို့ လက်လှမ်းမမှီလို့ မသိတဲ့ သူတွေလည်း များမှများပေါ့။

တန်ဖိုးရှိတဲ့သူတွေ ၊ တန်ဖိုးသိတဲ့လူတွေ ကြွေကြလေတော့ အားလုံးက နှမြောတသစွာ ။ သူတို့အားလုံးကတော့ လောကကို လာသွားတယ်။ အလှဆင်သွားတယ် ။ ပြီးတော့ ပြန်သွားကြတယ် ။ လူ့ဘ၀ဆိုတာကို အဓိပ္မွာယ်ရှိရှိ အသုံးပြုသွားကြတယ်။ လူတိုင်း ကိုယ့်သမိုင်း ကိုယ်ရေးကြတယ် ။ကိုယ်သေတဲ့ အချိန်မှာတော့ ကျနော်တို့အားလုံး လက်ဗလာနဲ့ ပြန်ရတာပါပဲ ။ မွေးတုံးကလည်း လက်ဗလာ ၊ ပြန်တော့လည်းပဲလက်ဗလာပါ ။ အရွယ်သုံးပါးမရွေး သေနိုင်တာပါပဲ။ ငါတော့ ငယ်သေးတယ် မသေနိုင်သေးပါဘူး ဘယ်ရှိမလဲ။ ကံကုန်ရင် တော့ ပြန်ရမှာပါပဲ ။ ရခဲလှတဲ့ လူ့ဘ၀တိုတိုလေးမှာ ဖြစ်နိုင်သမျှ ၊ တတ်နိုင်သမျှတော့ သမိုင်းလှအောင် လုပ်ကြပါ၊ လောကကို အလှဆင်ကြပါလို့ မေ့နေသူတွေကို အစဖော်ပေးလိုက်ပါတယ်။်

ဆရာကြီးများနဲ့ အဖွား ကို ရိုသေ၀တ်တွားစွာ ဂါဝရပြုလျက်


တာတူး

4 comments:

စိုးထက် - Soe Htet ! said...

မရဏာ နုဿတိ ကမ္မဌာန်း ကတော့ နေ့တိုင်း အိပ်ယာဝင်တိုင်း စီးဖြန်း နေဖြစ်တယ် ဗျို့ :D

Anonymous said...

ကိုတာတူးပြောတာ မှန်တယ်နော်။ လောကကို အလည်လာပြီးတော့ အဓိပ္ပါယ်မရှိဘဲ ပြန်သွားလို့မဖြစ်ဘူး။ လာတုန်းကလည်း လက်ဗလာ၊ ပြန်တော့လည်း လက်ဗလာဆိုပေမယ့် ရှိနေတုန်း ခဏမှာ တန်ဖိုးရှိအောင်တော့ နေသွားသင့်တာပဲ။ =)

ထွန်း said...

ဘော်ဒါတယောက်ဆုံးသွားတာ အလွန်ဝမ်းနဲမိတယ် ... အောင်အောင်သိန်းရေ အမျှ.. အမျှ.. အမျှ..

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ဦးဂျေ ရေ ဆရာကတော့ ကောင်းတဲ့ ဘုံမှာ ရောက်နေမှာ အသေအချာပါပဲ ။ ဆရာရှိန်ကတော့ ကျနော်တို့ မသင်ဘူးလိုက် ဘူး။ ကျနော်တို့ အားလုံးလည်း တကယ်နှမြော ကြရတယ် ။ ဆရာက စာအုပ်နဲ့ လူနဲ့ မခွာ စတမ်းလောက်ကို ကြိုးကြိုး စားစား သတိမလပ် နေသွားခဲ့တာ ။