Sunday, July 11, 2010

ပန်းလေး နှစ်ပွင့်အကြောင်း..

ပန်းဆိုသည်မှာ....နူးညံ့သည့်မျက်နှာပြင်လေးနှင့်ဖြူစင်သည့် နှလုံးသားတစ်ခုကို
ပိုင်ဆိုင်ထားသော သဘာဝ အလှတစ်ခုပါလားကွယ်....
အရောင်အသွေး စုံလင်လှသည့် ပန်းပွင့်လေးတွေကို ပြုစုပျိုးထောင်ပေးသော
မိခင်သူနာပြုကျောင်းတော်ကြီးသည် အေးချမ်းသည့်ဆောင်းမနက်ခင်းရင်ခွင်ထဲ၌ မြူနှင်း
တွေကို ခြုံရင်း အတိတ်ထဲက ပန်းကလေး နှစ်ပွင့် အကြောင်းကို တွေးနေမိသည်။
ပန်းပွင့်လေးတွေအတွက် သူနာပြုကျောင်းတော်ကြီးသည် မိခင်ဖြစ်၏။ ပြုစုပျိုးထောင်
ပေးသော ဥယျာဉ်မူးဖြစ်၏။ ပူလောင်မှု့ မရှိသော နွေရာသီမနက်ခင်းတစ်ခု၌ ပန်းလေးနှစ်ပွင့်
သည် ကျောင်းတော်ကြီးဆီသို့ ရောက်ရှိလာခဲ့၏။
မျက်နှာပေါ် လှပသောအရောင်တွေခြယ်သထားသည့် ရမ္မက်ပြင်းပြင်းပန်းတစ်ပွင့်....နှင့်
မျက်နှာပေါ် သဘာဝအရောင်လိမ်းခြယ်ထားသော တောရိုင်းပန်းတစ်ပွင့်။ ဤပန်းနှစ်ပွင့်သည
သိပ်ချစ်ကြသည့် သူငယ်ချင်းမိန်းကလေးနှစ်ယောက်ဖြစ်လေသည်။
သူတို့ နှစ်ဦး၏ သဘာဝသည် ဆန့် ကျင်နေ၏။ သို့ သော် အတူတူနေ၏။ ပွင့်လင်းကြ၏။
လိုက်ဖက်လှ၏။ သိပ်ချစ်ကြသည့် အရိုင်းနှင့်အယဉ်ပေါင်းစဉ်းနေသော အလှပိုင်ရှင်နှစ်ဦးပင်
တည်း။ သူတို့ နှစ်ဦးသည် စာအတူတူကျက်၏။ ထမင်းအတူတူ စား၏။ တစ်ခန်းတည်းအတူတူ
အိပ်၏။ သူနာပြုကျောင်းတော်ကြီး၏ ရင်ခွင်အတွင်း သူတို့ နှစ်ဦး၏သူငယ်ချင်းသံယောဇဉ်သည်
အခိုင်မာဆုံးဟု ကဗျည်း ထိုးထားခဲ့သည်မဟုတ်ပါလား။.......
အပူငွေ့ မပြယ်သေးသည့် ညနေခင်းတစ်ခုမှာ "မင်္ဂလာပါ...ကျွန်တော်ကျောင်းသား
အသစ်တစ်ဦးပါ " ဆိုသည့်လေပြေလေးနှင့် ကောင်လေး တစ်ယောက်သည် ပန်းလေး နှစ်ပွင့်
အကြားသို့ တိုးဝင်လာခဲ့လေသည်။ ပန်းလေး နှစ်ပွင့် ကလည်း ကြည်ဖြူစွာ ကျောင်းသားအသစ်
ကောင်လေး ကို သူငယ်ချင်းအဖြစ် လက်ခံခဲ့သည်။ သူတို့ သုံးဦးသည် သူငယ်ချင်းအဖြစ်အရမ်း
ခင်မင်ခဲ့၏။
ခင်မင်မှု့ ဟူသော ကြိုးတစ်ချောင်းစီဖြင့် ကျစ်ထားသော သံယောဇဉ်ကြိုးသည်
သူတို့ သုံးဦးကို ရစ်ပတ်ချည်နှောင်၍ အချိန်ရထားကြီးပေါ်တင်ဆောင်ရင်း နေ့ တွေ၊ ရက်တွေ၊
လတွေ၊ နှစ်တွေကို အတူတူ ဖြစ်ကျော်ခဲ့ကြလေသည်။ ဒီလိုနဲ့ ပန်းလေးနှစ်ပွင့်သည် စိတ်ထား
ဖြူစင်သည့်ကောင်လေးအပေါ် အားကိုးလာခဲ့သည်။ စိတ်ဝင်စားလာခဲ့ကြသည်။
ပန်းလေးနှစ်ပွင့်......သင်းကြိုင်သည့် ရနံ့ တွေနှင့်အတူ အလှတွေ ဖူးပွင့်လာခဲ့ပြီ။
နွေးထွေးသည့်ကောင်လေး၏ နှလုံးသား တစ်ခုကို ပိုင်ဆိုင်ချင်လာသည်။ ဘာကြောင့်လဲ
ပန်းလေးနှစ်ပွင့်  ...သူငယ်ချင်းဆိုသည့်အဖြူရောင်စည်းကိုကျော်ပြီး စိတ်ထားဖြူစင်သည့်
ကောင်လေး ကိုချစ်ခဲ့မိပြီမဟုတ်ပါလား။.......သို့ သော်.....ပန်းလေးနှစ်ပွင့်သည်
ကောင်လေး ကိုချစ်မိနေကြောင်း တစ်ဦးကိုတစ်ဦး မဖွင့် ပြောကြချေ။.....
ရမ္မက်ပြင်းပြင်းပန်းပွင့်လေးသည် နွေးထွေးသည့်နှလုံးသားပိုင်ရှင်ကောင်လေးကို
ချစ်မိနေကြောင်း မဖော်ပြဘဲ အချစ်စိတ်နှင့် ပူလောင်နေသည့်နှလုံးသားကို တတ်နိုင်သမျှ
ဖုန်းကွယ်ထားသည်။ အရိုင်းပန်းလေး မှာကား သည်လိုမဟုတ်။ ကောင်လေး ကိုချစ်မိသည့်
အကြောင်းနှုတ်က ဖွင့်မပြောပေမဲ့ သူမ၏လုပ်ဆောင်မှု အားလုံးသည် ကောင်လေး အပေါ်
ဘယ်လောက်ချစ်ကြောင်းကို ပြောပြနေသလို ပေါ်လွင်နေခဲ့လေသည်။...
ဒီလိုနဲ့ ပေါ့......သူတို့ သုံးဦး၏ အဖြူရောင်သံယောဇဉ်ကြိုးသည် အရောင်တွေ စွန်း
လာခဲ့သည်။ ပန်းလေးနှစ်ပွင့် ၏ ဖြူစင်သည့် နှလုံးသားတွေ ပူလောင်လာခဲ့ပြီ။ အရင်က လန်း
ဆန်းပွင့်လင်းသည့် အပြုံးများသည်လည်း ညိုးနွမ်းလာခဲ့ပြီ။ တစ်ဦး ကိုတစ်ဦး သံသယတွေနှင့်
ကြည့်တတ်လာပြီ။ ချိုသာသည့်စကားလုံးများတွင် မာနတွေထည့်သွင်းအသုံးပြုတတ်လာပြီ။
ပန်းလေးနှစ်ပွင့်သည် တစ်ဦးကိုတစ်ဦး နှုတ်ကထုတ်မပြောကြဘဲ မနာလိုမှု့ တွေနဲ့ အတူ ကျိတ်
ပြိုင်ဆိုင်ရင်း အရင်ကခိုင်မာခဲ့သည့် သံယောဇဉ်ကြိုးသည် အက်ကွဲလာခဲ့ပြီလေ။
အရိုင်းပန်းလေး သူမ သိပ်ချစ်၏။ ဘဝမှာ ပထမဦးဆုံးချစ်မိသည့် ချစ်သူအပေါ်
အစစအရာရာအနွံတာခံခဲ့၏။ အရင်က အချစ်ဆိုတာဘာလဲ...သူမလုံးဝမသိ။ ယခုတော့
နှစ်နှစ်ကာကာ စွဲလန်းမိပြီ။ အချစ်ကို ကိုးကွယ်မိခဲ့ပြီ။ အချစ်ကို ကိုးကွယ်မိတော့ အချစ်ရဲ့
စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်ခဲ့ပြီ။ ချစ်ရတဲ့သူ မျက်နှာနည်းနည်းလေးမှမငြိုးစေချင်။
ချစ်သူ ပြုံးပျော်နေတာကိုပဲ့မြင်ချင်သူ။ ချစ်ရတဲ့ သူအတွက်ဆို သူမတစ်ဘဝလုံးပေးအပ်နိုင်သူ။
သူမ.....အချစ်စိတ်တွေနှင့် လောင်ကျွှမ်းပူလောင်နေသော နှလုံးသားဟာ ချစ်ရတဲ့သူဆီက
နွေးထွေးသည့်လေပြေလေးတစ်ခွန်းဖြင့် ငြိမ်းသတ်နိုင်မည်ဟု မျှော်လင့်ယုံကြည်ထားသူ.....
ရမ္မက်ပြင်းပြင်းပန်းလေး....သူမ သိပ်ချစ်၏။ ဘဝမှာ ပထမဦးဆုံးချစ်မိသည့်
ချစ်သူအပေါ် ဘာမဆိုလုပ်ပေးချင်၏။ သို့ သော် ချစ်ရသူအပေါ် သူမ ချစ်တဲ့ အကြောင်းလစ်ဟ
ပြလိုက်လျင် သူမ၏ အချစ်ကို အထင်သေးသွားမှာကြောက်၏။ ပြီးတော့ သူမက စပြီး ချစ်သည့်
အကြောင်းလစ်ဟ ပြရမည်ကို ဝန်လေး၏။ ကိုယ့်ဖက်က မဖော်ပြပဲ သူ့ ဖက်က ချစ်တဲ့ အကြောင်း
ပြောလာမည့်နေ့ ကို လိုချင်၏။ သူ့ ကိုတော့ချစ်မိပြီ။ သို့ သော် ချစ်မိနေသည့်အကြောင်းကို လုံးဝ
လျှို့ ဝှက်ထားသူ.....
အချစ်မီးလောင်ကျွှမ်းနေသော နှလုံးသားကိုယ်စီနှင့် ပန်းလေးနှစ်ပွင့်သည် မာနတွေ၊
သံသယတွေ၊ ပြိုင်ဆိုင်မှုတွေနှင့်အတူ စစ်အေး တိုက်ပွဲဖြစ်နေခဲ့လေသည်။ သူတို့ နှစ်ဦး၏
ဆက်ဆံရေးသည် အေးစက်လာ၏။ ခြောက်သွေ့ လာ၏။ သို့ သော် အရင်ကလို အတူတူစား၏။
အတူတူစာကျက်၏။ တစ်ခန်းတည်းအတူတူအိပ်၏။ သို့ သော် ပွင့်လင်းမှုမရှိတော့ချေ။
တနေ့ ....ကျောင်းဆင်းချိန်......
အရိုင်းပန်းလေး ဆီသို့  ကောင်လေးက စကားတစ်ခွန်းလက်ဆောင် ပေးခဲ့သည်။
" မနက်အစောကြီး နင့်တစ်ယောက်တည်း တို့ ထိုင်နေကြ ဗန်ဒါပင် အောက်မှာစောင့်နေ...
ငါနင့် ကိုစကားတစ်ခွန်းပြောချင်လို့ " တဲ့...အရိုင်းပန်းလေး..ဘယ်လောက်ပျော်လိုက်မလဲ...
သူမ အရမ်းပျော်ခဲ့သည်။ ချစ်ရတဲ့ သူဆီက စကားတစ်ခွန်းဟာ သူမမျှော်လင့်နေသည့်
အလှပဆုံး အိပ်မက်ကမ္ဘာတစ်ခုသို့ ရောက်ရှိစေမည့် လမ်းစတစ်ခုမဟုတ်ပါလား။
အရိုင်းပန်းလေး စိတ်ကူး ကမ္ဘာထဲ လျောက်လည်ရင်း တစ်ညလုံး အိပ်မပျော်ခဲ့ဘူး။
ချစ်မိသူအတွက် ချစ်ရတဲ့ သူဆီက မျှော်လင့်မှု စကားတစ်ခွန်းဟာ အရာရာခွန်အား
ပြည့်စုံစေခဲ့သည်မဟုတ်ပါလား။
အလွမ်းတွေဝေနေသည့်မနက်ခင်းလေးမှာ ခြေသံလေးတစ်ခု ညင်ညင်သာသာလေး
တိုးထွက်လာသည်။ တမ်းတစိတ်နှင့် ဖြတ်ကနဲ လှည့်ကြည့်လိုက်၏်။ သြော်.............
လွမ်းမိုးနိုင်သူ ပုံရိပ်လေး မဟုတ်ပါလား...." ဟေ့...သူငယ်ချင်း ...စောလှချည်လား...
နင်ရောက်နေတာကြာပြီလား" တဲ့ ချိုမြကြည်လင်စွာ သူမနားထဲတိုးဝင်လာသည့်လေပြေလေး
ဟာ သူမရင်ထဲ ခါတိုင်းနေ့ တွေထက် ပိုပြီးလှပသာယာနေသလို၊ ဒါမှမဟုတ် ချားရဟတ်
အမြင့်ကြီးစီးရသလို၊ အသဲထဲအေးကနဲ နွေးကနဲဖြစ်သွားစေခဲ့တယ်လေ။
ကောင်လေး....သူမနဘေးမှာထိုင်လိုက်သည်။ ပြီးတောသူမ၏လက်ကို
ဆုပ်ကိုင်လိုက်၏။ အရိုင်းပန်းလေး မရုံးမိဘူး။ ခေါင်းလေ ငုံ့ နေသည်။ သူမ ရင်ထဲ
အတွေးတွေ ယောက်ယက်ခတ်နေ၏။ ကောင်လေး ကတိုးတိုးလေးပြော၏။
"နင့်ကို စကားတစ်ခွန်းပြောစရာရှိတယ်" တဲ့ အရိုင်းပန်းလေး ခေါင်းမမော့ရဲဘူးလေ။
ဒါပေမဲ့ သူမမျက်နှာလေးပေါ်မှာ နှင်းဆီအနီရောင်ပန်းတွေ အဖူးလိုက်အဖူးလိုက် .....
" ငါသူ့ ကို ချစ်မိနေပြီ " တဲ့  သူမ ကိုယ်လုံးလေး တုန်သွားသည်။ သေချာဖို့ ခေါင်းလေးကို
မော့လိုက်ပြီး လေသံ တိုးတိုးလေးနှင့် ဘယ်သူ့ ကိုလဲလို့ ထပ်မေးလိုက်သည်။
" ငါ....ရမ္မက်ပြင်းပြင်းပန်းလေးကို အရမ်းချစ်မိနေပြီ"တဲ့ " နင် သူ့ ကိုပြောပေးပါလား" တဲ့
သူမ...........
ကောင်လေးဆုပ်ကိုင်ထားသည့်သူမ၏လက်ကိုဆက်ကနဲရုံးလိုက်၏။ ကောင်လေး ကဆက်
ပြောသည်။ ဒါပေမဲ့ သူမ ဘာမှ မကြားတော့ဘူး။ ထိုင်နေရင်း ငြိမ်သက်သွားပြီ။ သူမ၏ နှလုံး
သားဟာ ပူလောင်မှုကြောင့်၊ နာကျင်မှုကြောင့် မျက်ဝန်းတွေထဲ နှင်းမိုးတွေရွာကုန်ပြီ။ သူမ
မျှော်လင့်ခဲ့သည်။ စိတ်ကူးတွေ ဖန်တီးခဲ့သည်။ ဒါပေမဲ့..............
ကောင်လေး....ငါနင့်ကို သိပ်ချစ်တယ်ဆိုတာ ငါနှုတ်က ဖွင့်ပြောစရာမလိုတော့
လောက်အောင် ငါ့ရဲ့အချစ်တွေကို နင်မြင်အောင်ဖော်ပြခဲ့ပြီးပြီ။ နင်မသိတာလား....
ဒါမှမဟုတ် မသိချင်ရောင်ဆောင်ခဲ့တာလား။ နင်ဟာ ငါ့ရဲ့အချစ်ဦးပါ...ငါလေ နင့်ကို
သိပ်ချစ်မိနေပြီလို့ ပြောချင်ခဲ့တယ်။ ဒါပေမဲ့ မိန်းမတစ်ယောက်ရဲ့တန်ဖိုးဆိုတဲ့
ကျင့်ဝတ်အောက်မှာ နစ်မြုပ်မိခဲ့သည့်အတွက် နောင်တရမိတယ်....ငါ...နင့်ကိုမျှော်
လင့်ခဲ့တယ်။ ဘာကြောင့်နင် ငါ့ကို............
အရိုင်းပန်းလေး စိတ်ထဲကနေ ငိုနေသည့်နှလုံးသားတစ်ခုနှင့် ရင်ဖွင့်နေခဲ့ပေမယ့်
ကောင်လေးရဲ့စကားလုံးတွေဟာ သူမကိုပိုပြီးနာကျင်လာစေတယ်။ နာကျင်မှုကတဆင့်
အသက်ရူလို့ မဝတော့ဘူး။ ရှိုက်သံလေး တစ်ချက်ပေးရင်း......
.."ငါသွားတော့မယ် " ..
ဆိုသည့်စကားတစ်ခွန်းနဲ့ ကောင်လေးရဲ့ရှေ့ကနေ ရုန်းထွက်ခဲ့ရတယ်လေ။
အဲဒီနောက်ပိုင်းမှာတော့ ရမ္မက်ပြင်းပြင်းပန်းလေးနှင့်ကောင်လေးတို့ ချစ်သူတွေ
ဖြစ်သွားခဲ့ကြသည်။ အရိုင်းပန်းလေးတစ်ပွင့် အချစ်ကို ကိုးကွယ်ခဲ့သည်။ ယုံကြည်ခဲ့သည်။
မျှော်လင့်ခဲ့သည်။ နောက်ဆုံး အချစ်ရဲ့အောက်မှာကျဆုံးခဲ့ရသည်။ သူတို့ နှစ်ဦးပျော်နေချိန်
တွင် အရိုင်းပန်းလေးတစ်ပွင့် ငိုနေခဲ့သည်။ တိတ်တိတ်လေး တမ်းတစွာ ခိုးကြည့်သည်။
ဘာကြောင့်လဲဆိုတော့ အချစ်ဦးဆိုသည့် စကားလုံးကို သူမနှလုံးသားမှာ မြတ်မြတ်နိုးနိုး
သိမ်းထားတုန်းလေ။
အဲဒီနောက်ပိုင်း အရိုင်းနှင့်အယဉ် ပန်းလေးနှစ်ပွင့်ဟာ ဆက်ဆံရေးတွေကျဲသွား
ခဲ့သည်။ စကားတွေလည်းသိပ်မပြောကြတော့ဘူး။ ထမင်းလည်းအတူတူမစားတော့ဘူး။
အရိုင်းပန်းလေး ကတစ်ခြားအခန်းသို့ ပြောင်းသွားခဲ့သည်။ ဒီလိုနဲ့ ပန်းလေးနှစ်ပွင့်၏ နှလုံး
သားနှစ်ခုသည် သံသယတွေ အမုန်းတွေ ပေါက်ဖွားလာခဲ့ကြပြီး သူတို့ နှစ်ဦး မျက်နှာ
ခြင်း မဆိုင်ချင်လောက်အောင်ကိုမုန်းသွားကြတယ်လေ။
သြော်.....အချစ်ဆိုသည့်မီး.............
စွမ်းအားပျင်းလှ၏။ နုနယ်သည့်ပန်းလေးတွေ၏ နှလုံးသားတွေဟာ အချစ်ဆိုသည့်မီး
လောင်ကျွှမ်းမိရင် သူငယ်ချင်းဆိုသည့် ခိုင်မာသည့်အဖြူရောင်သံယောဇဉ်ကြိုးလည်း
အက်ကွဲကြွေမွှ ပျက်စီးရသည်ပဲ့မဟုတ်ပါလား.........
ပန်းလေးတွေရဲ့သဘာဝ ကိုလေ့လာရင်း အနာဂတ်မှာ ပန်းလေးတွေသင်းကြိုင်
သည့်ရနံ့ တွေနှင့်အတူ အစွမ်းကုန်ပွင့်လန်းဖို့  အသိဆိုသည့်ရနံ့ တွေထည့်ပေးဖို့ ။။။။
ပန်းလေးတွေရဲ့ နှလုံးသား ညိုးနွမ်းမှု မရှိရလေအောင် အချစ်ဆိုသည့်သင်ခန်စာလည်း
ဘာသာတစ်ခုအနေဖြင့် သင်ပြပေးရဦးမှာပါလားလို့  တွေးမိရင်း မိခင်သူနာပြုကျောင်း
ကြီးသည် တာဝန်တစ်ခု ပိုလာခဲ့ပြီမဟုတ်ပါလား၊................






1 comment:

Anonymous said...

ဘဝမှာ လုပ်မိခဲ့သမျှအလုပ်တွေထဲမှာ မင်းရဲရှင်ကို စာရေးဖို့တိုက်တွန်းမိတာနဲ့ E-Journal ကိုခေါ်လာခဲ့တာဟာ တွေးမိတိုင်း ဂုဏ်ယူဝမ်းသာကြည်နူးနှစ်ခြိုက်အားရကျေနပ်ရတဲ့ နည်းနည်းပါးပါးအရာလေးတွေထဲမှာ ရှေ့ဆုံးကပါတယ်။ ကြုံကြိုက်တိုက်ဆိုင်မှုဆိုတာ တကယ်ကို အံ့သြဘနန်းပဲ။ သူ ဒီလောက်စာရေးတတ်မှန်းမသိဘဲ အကျိုးရှိရာတစ်စုံတရာကို လုပ်စေချင်တာ သက်သက်နဲ့ တိုက်တွန်းခဲ့တာ။ သူရေးတာတွေကို ဖတ်လိုက်ရတဲ့အခါတိုင်းမှာ .. ပြောမပြနိုင်လောက်အောင် ဝမ်းသာတယ်လို့သာ ပြောရတော့မှာပါ။