ဇင်ဆရာကြီးတယောက်က သူ့တပည့်အား စပါးစိုက်ခင်းကို စောင့်ရှောက်ဖို့ တာဝန်ပေးလိုက်တယ်။
ပထမနှစ်မှာ တပည့်က လိုအပ်တဲ့ရေပမာဏကို မပြတ်သွားအောင် ဂရုစိုက်တယ်။ စပါးပင်တွေ သန်မာထွားကျိုင်းလာပြီးတော့ ကောင်းမွန်စွာ ကောက်ရိတ်သိမ်းရပါတယ်။
တတိယနှစ်မှာ ဓာတ်မြေသြဇာကို ပိုပြီး သုံးပါတယ်။ ကောက်သိမ်းရတာ ပိုများလာပေမယ့် စပါးစေ့လေးတွေကတော့ ပိုပြီးသေးသွားပါတယ်။
- ဓာတ်မြေသြဇာပမာဏကို ဆက်ပြီး ပိုသုံးနေမယ်ဆိုရင် နောက်နှစ်မှာ ဘာမှရမှာမဟုတ်တော့ဘူး - လို့ ဆရာကြီးက ပြောပါတယ်။
- သင်က တစုံတယောက်ကို အကူအညီ အနည်းငယ်သာပေးတာဆိုရင် သင်က တစုံတယောက်ကို ခွန်အားပေးတာဖြစ်ပါတယ်။ အကယ်၍ သင်က သူ့ကို အကူအညီတွေ အများကြီးပေးလိုက်ရင် သင်က သူ့ကို အားနည်းအောင် ပြုလုပ်လိုက်တာပါပဲ။
ဆုံရပ် 1st Dec 2024
2 weeks ago
8 comments:
အင်း ဟုတ်တယ်နော်။
အကူအညီ ပေးတတ်ဖို့တော့လိုတယ်နော်။
ခုလိုစာကောင်းလေးတွေ ဝေမျှပေးတာကျေးဇူးပါ။
Art of Interdependence (အညမညနိဿရည်း) ပေါ့ခင်မျာ။ ဟဲ ဟဲ မှားတယ်ဆိုလည်း ပြင်သွားကြပါဗျာ။
ဘာပဲဖြစ်ဖြစ် မဇ္ဈိမပဋိပဒါ ကျင့်ကြံကြဖို့သာ။ အဲ.. အလယ်စွန်းဆိုတာလည်း ရှိသတဲ့ဗျာ။
ဘာမဆို--မဇ္ဈိမပဋိပဒါ ပဲကောင်းပါတယ်--
ပျော်ရွှင်ပါစေ--
မှတ်သားသွားပါတယ် ခင်ဗျာ။
သူများတွေဆီက အကူအညီ အများကြီး ယူနေတဲ့သူတွေလဲ ကိုယ့်ကိုယ်ကို အားနည်းအောင် လုပ်နေတာမျိုး နေမှာဗျ
ထပ်လာဖတ်ပါတယ်---
ပျော်ရွှင်ပါစေ--
ကိုကေဇက်
မှတ်သားစရာလေးတွေပါ။ ကျွန်တော့်ကိုများ သတိပေးလိုက်သလားလို့တောင် ထင်မိသေးတယ်။ ကျွန်တော်က သူများကို သိပ်အားကိုးချင်တာကိုးဗျ။
ကောင်းတဲ့ ပိုစ့်လေးပါပဲ။
သုခမိန်
E - Journal လာဖတ်သွားပါတယ်ရှင့်
ကောင်းပါတယ်
အကူအညီ ပေးတဲ့ နေရာ၊ ယူတဲ့ နေရာမှာတွေမှာ လိုက်နာသင့်တာလေး ဖတ်ရှု မှတ်သားလိုက်ပါတယ်။
Post a Comment