Friday, April 10, 2009

၉၈ သင်္ကြန်ကဗျာ


သင်္ကြန်အဦး
ပိတောက်ဖူးကို
ခြွေခူးမိယောင်ယမ်း …
မျက်ရည်ခန်းထိ
စွတ်ဖြန်းလန်းပွင့်စေပါ့မည်။……….။

မာရေးသျှင်
9 Apr’98(Thu) 2:10 pm

၁၉၉၈ ခုနှစ်တုန်းက ပွင့်အန်လျှံကျခဲ့တဲ့ ကဗျာလေးပါ။ ထုံးစံအတိုင်း ခေါင်းစဉ်တပ်မထားတဲ့ အဲဒီ သင်္ကြန်ကဗျာလေးဟာ မနေ့ကပဲ (၁၁)နှစ်ပြည့်ရှာပါတယ်။

ပိတောက်ဖူးလေးတွေကို သူ့မျက်ရည်နဲ့ စွတ်ဖြန်းပြ်ီး ပွင့်လန်းစေပါမယ်ဆိုတဲ့ (၁၈)နှစ်သား ကောင်လေးဟာ အခုလို ဆယ်စုနှစ်တစ်ခု ကျော်ဖြတ်ပြီးတဲ့အခါ ...............



ဝေဝေနွမ်းနွမ်း
မေတ္တာဖြန်းလျက်
ငြိမ်းငြိမ်းချမ်းချမ်းချစ်နေသည်။……….။
.

*နောက် ဆယ်စုနှစ်တစ်ခု ထပ်ကျော်ဖြတ်ပြီးတဲ့ အခါ အဲဒီကောင်လေးဟာ ဟောသလို ရေးမှာပါ ..........

.

ပိတောက်မမြင်

ဖြစ်ပျက်မြင်သည်

နေ့စဉ်သင်္ကြန်ကျလျက်။……..။

.

*ဆရာသုရဲ့ မှတ်ချက်သို့ ပြန်ကြားချက်

10 comments:

Welcome said...

အဖွဲ့သားများ

နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနဲ့
ပြည့်စုံကြပါစေလို့
ဆုမွန်ကောင်းတောင်းပေးပါတယ်

လေးစားလျက်
ဝင်းဇော်

မသက်ဇင် said...

သင်္ကြန်အဦး
ပိတောက်ဖူးကို
ခြွေခူးမိယောင်ယမ်း …
မျက်ရည်ခန်းထိ
စွတ်ဖြန်းလန်းပွင့်စေပါ့မည်။……….။

၁၈ နှစ်သားလေး ရေးတဲ့ ကဗျာလေးဟာ--
အပြစ်ကင်းစင်လိုက်တာနော်---
ရိုးရိုးသားသားလေးတွေ့ရတယ်--
ဆယ်စုနှစ်ကျော်လာပြီဆိုတော့
အချစ်--? အလွမ်း--? ခံစားမှု ကဗျာတွေ--
ရေးတော့မယ်ပေါ့--
E-Journal-------စာပေအဖွဲ့လေး
သင်္ကြန်ရေလို အေးမြပါစေ--

နှင်းရည် said...

ကဗျာလေးကို ခံစားဖတ်သွားပါတယ်--

သစ္စာ said...

E - Journal လာဖတ်သွားပါတယ်ရှင့်
ကောင်းပါတယ်

စိုင်းလောင်မိန်းသက် said...

စာတွေ လာဖတ်ပါတယ် ဗျာ

Anonymous said...

၁၁ နှစ်တာကာလ ကြာရှည်ခဲ့ပြီ ဖြစ်တဲ့ ကဗျာလေးကို ခံစားသွားပါတယ်။ မျက်ရည်စတချို့ကို မြင်ယောင်ပြီး တစ်ခုခုကို လွမ်းဆွေး ဝမ်းနည်းမိသလိုလို.. ခံစားမိပါတယ်။ E-Journal ထာဝရ တည်တံ့ ရှင်သန်နိုင်ပါစေ။ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြ နိုင်ကြပါစေ။

မသက်ဇင် said...

ဝေဝေနွမ်းနွမ်း
မေတ္တာဖြန်းလျက်
ငြိမ်းငြိမ်းချမ်းချမ်းချစ်နေသည်။……….။

မေတ္တာတွေ--ဝေ--
ငြိမ်းချမ်းလွန်းနေပါတယ်လေ--
တဖွဲ့သားလုံးသင်္ကြန်ရေလိုအေးပါစေ--

တားမြစ် ထားသော... said...

နောက်ထပ် ဆယ်စုနှစ်တစ်ခုဆိုရင်ရော ဘာတွေရေးမလဲမသိ။

သုခမိန်

Anonymous said...

ဆရာသုရေ
နောက် ဆယ်စုနှစ်တစ်ခုမှာ အဲဒီကောင်လေးဟာ

”ပိတောက်မမြင်
ဖြစ်ပျက်မြင်သည်
နေ့စဉ်သင်္ကြန်ကျလျက်။……..။“

တားမြစ် ထားသော... said...

ကဗျာဥာဏ်ရှိသူထံတွင် ကဗျာသည်ရှင်သန်သည်။
ကောင်းတဲ့အဖွဲ့ပါပဲ ကိုမေရေးသျှင်ရေ။

ပိတောက်မမြင်
ဖြစ်ပျက်မြင်တဲ့
ဒီကဗျာလေးတွေက ပထမ၊ ဒုတိယ၊ တတိယ -အရွယ်ဆိုတာလေးတွေကို ပြသွားသလိုပေါ့။

သုခမိန်