Wednesday, April 8, 2009

နှလုံးလှဖို့ အလှဆုံးသို့ (၂)


ရဟန်း သာမဏေများဟာ ကုဋီတက်တာတောင် သတိလက်လွတ် ပေါ့ပေါ့ဆဆ မတက်ရဘူး၊ လိုက်နာကျင့်သုံးရမယ့် စည်းကမ်းတွေ ရှိတယ်။



ပထမဆုံး ကုဋီတက်ချင်စိတ် ပေါ်လာတယ်ဆိုလျှင် “သြော် ငါ့မှာစားရခြင်းဒုက္ခရှိသလို စွန့်ရခြင်းဒုက္ခကိုလည်း ရှောင်ကွင်းလို့ မရပါလား”လို့ ဆင်ခြင်ပြီး မနှေးမမြန် လျော်ကန်သော ဣနြေ္ဒနဲ့ ကုဋီရှိရာကို သွားရမယ်တဲ့၊ အရေးတကြီး ဒရောသောပါး မသွားရဘူး၊ အစားတစ်ခုခုကို စားလျက်လည်း မဝင်ရဘူး။

ကုဋီတံခါးဝသို့ ရောက်တဲ့အခါ အတွင်း၌ တစ်စုံတစ်ယောက်ရှိနေမှာလားလို့ ချောင်းဟန့်ပြီး အသံပေးရတယ်။ ရှိရှိ - မရှိရှိ ကုဋီတံခါးကို ဖြုန်းခနဲ ဆွဲမဖွင့်ရဘူး။

ကုဋီထဲမှာ လူမရှိဘူးလို့ သိတဲ့အခါကျမှ အတွင်းသို့ဝင်၊ တံခါးကို သေသေချာချာ ပိတ်ပြီးတော့ ကိုယ်ဝတ်ဧကသီကို သင်္ကန်းတန်းမှာ လျှောမကျ ပြုတ်မကျအောင် သပ်သပ်ရပ်ရပ် တင်ရတယ်။ တစ်ချို့  ကျောင်းကြီးတွေမှာ ကုဋီအဆောက်အအုံကျယ်လို့ တံခါးအပြင်မှာ သင်္ကန်းတန်းများ ရှိတတ်တယ်။ အတွင်းရောက်လျှင် နင်းခုံကို နင်းပြီးမှ သင်းပိုင်ကိုပင့်၍ ဖြည်းဖြည်းသာသာ ထိုင်ရတယ်။ ထိုင်ပြီးတော့လည်း အည်းခနဲ အဲခနဲ ညည်းတွား အောင့်အည်းခြင်းအသံမထွက်အောင် သဘာဝအလျောက် သက်စေရတယ်။ အဲသည့်သက်တဲ့ အညစ်အကြေးကိုလည်း မြင်အောင်ကြည့်ရတယ်။ ကြည့်ပြီး ငါ့ခန္ဓာကိုယ်ဟာ “ညှီစော်နံလှောင်း မကောင်းသော ဘင်ပုပ်တို့၏ တည်ရာကြီးပါလား”လို့ ပစ္စဝေက္ခဏာ တင်ရတယ်။


ပထမ ကနုတံနဲ့ အကြမ်း သုတ်သင်ပြီးတော့ လက်ဝဲလက်နဲ့ ကနုတံအဖျားကိုကိုင်၊ နင်းခုံမှာကန့်လန့်တိုက်၊ လက်ယာလက်နဲ့ ရေလောင်းသန့်စင်ပြီး ကနုတံကို ထားမယ့်နေရာမှာထား၊ ဒုတိယ ကနုတံကို နောက်ထပ်သုံး၊ အခုနလိုပဲရေလောင်းသန့်စင် အဲသည့်အခါကျတော့ စင်ကြယ်သွားပြီဖြစ်တဲ့ ဒွါရအပြင်ကို လက်ယာလက်နဲ့ရေလောင်း၊ လက်ဝဲလက်နဲ့ ပွတ်သပ်သန့်စင်။ နောက်ဆုံးကနုတံကိုယူသုတ်သင်၊ အလျင်က ဆေးကြောသလို ဆေးကြော၊ ကနုတံကို နေရာတကျထား၊ အားလုံးပြီးတော့မှ ရေစိုနေတဲ့လက်ကို ကုဋီထဲမှာထားတဲ့ အဝတ်နဲ့ စင်ကြယ်အောင်သုတ်၊ နောက်ဆုံး သန့်သက်ရေတစ်ခွက်လောင်း၊ ကိုယ်ဝတ်ကို လက်ကတော့တင်၊ မနှေးမမြန် ကုဋီတွင်းမှထွက်။ မိမိ၏ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊ တံတွေး၊ ချွဲခန်းတို့ကို လုံးဝပေကျံခြင်းမရှိအောင် သတိထားရတယ်။

ဆရာကြီးဘဘဦးသုခ၏ မေတ္တသုတ်အဖွင့်(နဝမအကြိမ်)၊ စာ(၃၁-၃၆) မှ ထုတ်နုတ်ကူးယူပါသည်။

5 comments:

မောင်ငယ်ရင်သွေး said...

အညစ်အကြေးစွန့်ခြင်း အနုပညာပေါ့နော်။ အလှဆုံး…. အသုံးချလို့ နှလုံးလှဖို့ အဆုံးအမအချို့  ပါပဲ။ ညီလေးသို့ပေးစာများနဲ့တူညီစွာ လူမှုရေးရာ ကျင့်ဝတ်အဖြာဖြာကို ဦးတည်နေတာ သတိထားမိပါတယ်။ E-Jouranl အဓွန့်ရှည်တည်တံ့ပါစေကြောင်း…..

မသက်ဇင် said...

မာရေးသျှင်--ရေ---
သေချာလေ့လာထားတာပဲနော်--
ဗဟုသုတ ရပါတယ်ရှင်---
ကျေးဇူးပါ--

တားမြစ် ထားသော... said...

သဒ္ဓါစံထားလို့ ဖတ်ရှုမှတ်သားသွားကြောင်းပါ။

ကောင်းတဲ့ ဝေမျှခြင်းပါပဲ။

သုခမိန်

သစ္စာ said...

E - Journal လာဖတ်သွားပါတယ်ရှင့်
ကောင်းပါတယ်

Anonymous said...

ရဟန်း သာမဏေများ လိုက်နာ ကျင့်သုံးရတဲ့ စည်းကမ်းလေး အသေးစိတ် ရှင်းပြရေးသား တာကို သေချာလေး ဖတ်ရှုသွားပါတယ်။ ဣနြေ္ဒ သိက္ခာ ပြည့်ဝနေတဲ့ ရဟန်းတော်ကို မြင်ယောင်ပြီး ကြည်နူးသဒ္ဓါ ဖြစ်သွားပါတယ်။ ရဟန်းသံဃာတော်များ စောင့်ထိန်းလိုက်နာရမယ့် သိက္ခာပုဒ်တွေက မလွယ်လှဘူး ထင်မိပါတယ်။ အကျဉ်း ၂၂၇ သွယ်၊ အကျယ် ကုဋေကိုးထောင်.. ဒီမျှ ရှိတယ်ဆိုတာ စတင်နာကြား သိရှိစဉ်က ကျနော် ဘုရား. တမိတယ်။ အပြစ် မရှိအောင်၊ အပြစ် မဖြစ်အောင် နေထိုင်ကျင့်ကြံဖို့ ခက်တတ်တဲ့ သဘာဝကို ဆင်ခြင်မိတယ်။ အဓိက ကိုယ့်ရဲ့ စိတ်မနောကိုပေါ့။ တွေးမိတာလေး တစ်ခုပါ။ လေးစားလျက်..။