Friday, May 9, 2008

Nargis, they are more foolish than you.


မင်းထက် ပိုရက်စက်ကြတယ်


ငါတို့ရဲ့
ထမင်းအိုးကို ခွဲရက်သူရေ …



နှောင်နှစ်ပေါင်းများစွာ
တို့တတွေ ဒီလိုဖြစ်နေအုံးမယ်လို့
သတိပေးလေရော့သလားဆိုပြီး
ဖြေသိမ့်အတွေးနဲ့
ငါတွေးပေးနိုင်ပါရဲ့။…..။

မြေပြင်မှာဝပ်ဆင်းနေကြတဲ့
အရုပ်ကြိုးပြတ် သစ်ပင်တွေ။
ဟိုနားဒီနား ဗျာပါဒများသွားရအောင်
တွန်းလှဲ-ဖြိုချခံရတဲ့ တို့ရဲ့ကွန်းခိုရာလေးတွေ။
ဇာပန အခမ်းအနားတစ်ခုအတွက်
မျက်ရည်နဲ့ အလွမ်းဆက်မနေအောင်များ မင်းလုပ်လိုက်လေသလား။
မေးပါများ စကားရတဲ့။
ဟင့်အင်း … ငါဆက်မမေးချင်တော့ဘူး၊
စစ်ပွဲတစ်ပွဲရဲ့ ဆုံးရှုံးမှုကမှခံသာအုံးမယ်။…..။

မင်းရက်စက်တယ်
မင်းထက်ပိုရက်စက်ကြတယ်
မင်းမှာ
အသိဉာဏ်နဲ့ ဂုဏ်သိက္ခာ ရှိစရာမလိုလို့လေ။…..။
သုခမိန်

1 comment:

တာတူး(၀ါ) အမေ့ခံလူတစ်ယောက် said...

ကိုဗာဘိုရေ
စစ်ပွဲတွေတောင် လူတွေ အဲလောက် သေကြောကမယ် မထင်ပါဘူး။ ကျနော်တို့ မကြုံဘူးတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့ဗျာ။ လူသားချင်း စာနာစိတ် မရှိအောင်ကို လူစိတ်ပျောက်နေတာတော့ ကံကောင်းလို့လား ကံဆိုးလို့လား မသိဘူး ။ ကျနော့် တစ်သက်နဲ့ တစ်ကို အဲလို လူစိတ်ပျောက်တာမြင်ဘူးတာ ကြားဘူးတာ ဒါ ပထမဆုံး ပါပဲဗျာ။ လက်ျေားခါလောက်ပါပေရဲ့ ။