“တစ်ချီတမောင်း”
ဒီမှာ ဒီမှာ
ဟိုနားတစ်စု ဒီနားတစ်စု
သနားစဖွယ်မျက်နှာ အစုတွေရဲ့အသံ
ဟောဟို့ မိုးလုံးညံတွေနဲ့ကွာသလိုပဲ။
ပူတယ်ဆိုတဲ့မီးကို
သက်ကြီးဆရာအိုတို့အလစ်
ခိုးလို့ ဖျစ်ကြည့်ဖူးသလိုပ -
တစ်နေ့တစ်ရက်တွေရဲ့
အမောဆို့ ထမင်းတစ်နပ်ကို
မင်းတို့ ဖျစ်ညှစ်ကြည့်ကြပါအုံး။
ကြိမ်မီးအုံးသလိုဆိုတာတော့
ကြာပါပေါ့ကွယ် -
မီးထတောက်ဖို့အရေး
လေများများသွေးမှဆိုပြီး
လေညာအရပ်မှာ အချစ်မသင့်ကြစမ်းပါနဲ့။
အို- ပညာတတ်ရွာသားအပေါင်းတို့
ခပ်ပြားပြားကမ္ဘာကနေ
ခပ်လုံးလုံးပဲရှိနေသေးတဲ့
ခပ်တုံးတုံးစိတ်ဓါတ်တို့ကို
အရေးဆို -
အရေးဆိုတတ်အောင်ပ
သင်ကြားလို့ပေးကြပါအုံး။
တစ်ချီတမောင်းတိုင်းမှာ
ကောက်ရိုးမီးဖြစ်နေရတာ
ဉာဏ်နည်းလို့ - လို့ဆိုရင်
ချစ်ခြင်းအားဖြင့် နားလည်ပေးစေချင်ပါတယ်။…..။
သုခမိန် (image link)
ဆုံရပ် 1st Dec 2024
2 weeks ago
5 comments:
ခပ်ပြားပြားကမ္ဘာကနေ
ခပ်လုံးလုံးပဲရှိနေသေးတဲ့
ခပ်တုံးတုံးစိတ်ဓါတ်တို့ကို
အရေးဆို -
အရေးဆိုတတ်အောင်ပ
သင်ကြားလို့ပေးကြပါအုံး။
အလွန်ကောင်းသည်။
ခပ်ပြားပြားကမ္ဘာကနေ
ခပ်လုံးလုံးပဲရှိနေသေးတဲ့
ခပ်တုံးတုံးစိတ်ဓါတ်တို့ကို
အရေးဆို -
အရေးဆိုတတ်အောင်ပ
သင်ကြားလို့ပေးကြပါအုံး။
အလွန်ကောင်းသည်။
ကောင်းလိုက်တဲ့ကဗျာ
တစ်ချီတစ်မောင်း အားပေးလျက် ရှိကြောင်းပါ... ကိုသုခမိန်ရေ....
ကြိုက်တယ်ဗျို့ ကဗျာလေး ခံစားသွားပါတယ်။
Post a Comment