“ သားရေ……ရှိတဲ့ ဟာနဲ့ ဝအောင်စားပါ…တဲ့ ….”။ ကျွန်နော် တက္ကသိုလ်စတက်တော့ ကျွန်နော့်မှာ ဘာမှမရှိဘူး။ ကျွန်နော့် ရွယ်တူကောင်လေးတွေမှာ ဆိုင်ကယ်တွေကိုယ်စီ ကားတွေကိုယ်စီနဲ့  တောက်တောက်ပြောင်ပြောင်အ၀တ်အစားတွေနဲ့  အားပါးပါး သုံးနိုင်ဖြုံး နိုင် ပျော်နေလိုက်ပုံများ ကျွန်နော့် အတွက်တော့ ရည်မှန်းချက်တွေဖြစ်လာရ တာပေါ့လေ။ တချို့ ကောင်လေးတွေဆို “ သားသူငယ်ချင်းတွေမှာ ဒီလိုဒီလိုတွေ ရှိတယ်…အဖေရေ..၀ယ်ပေးပါဦး…..အမေရေ…၀ယ်ပေးပါဦး နဲ့ ဖုန်းတွေဆက်၊ စာတွေရေး မိဘတွေဆီ ချော့တလှည့်၊ခြောက်တလှည့် တောင်းနေကြပုံများ၊ ရတော့ပျော်၊ မရတော့ မပျော်ဖြစ်နေကြပုံများ ကျွန်နော့် အတွက်တော့ ဆရာမ့ ။ (ကျောင်းခန်း ထဲမှာ စာစီစာကုံးရေးကြပြီဆိုရင် ကျွန်နော်က အမှတ်အများဆုံးရတာ)ကျွန်နော့် ရွယ်တူတွေ၊ကြီးတွေ၊ငယ်တွေ အားလုံးဟာ ကျွန်နော့်ထက် အများကြီးရှိ၊ သုံးနိုင် ဖြုံးနိုင်၊စားနိုင်ပေမယ့် ကျွန်နော့်လိုတော့ ရှိတဲ့ ဟာနဲ့ ဝအောင်မစားနိုင်ကြဘူး။ ကျွန်နော့်အတွက်ကတော့ ဘာမှမရှိပဲနဲ့ ကိုမသုံးနိုင်ပဲနဲ့ ကိုမဖြုံးနိုင်ပဲနဲ့ ကို ပြည့်စုံနေတယ်လို့ ခံစားနေလေရဲ့။ ဘာမှမရှိပဲနဲ့ လည်း သူများသုံးသလို၊သူများ စားသလို စားနိုင်ခဲ့တယ်။ (ရှိတဲ့ သူတွေ၊ စားနိုင်တဲ့ သူတွေ၊ သုံးနိုင်တဲ့ သူတွေက ကျွန်နော့်ကို လိုအပ်လွန်းလို့ )ဒါပေမယ့် ကျွန်နော် လုံးဝ အချောင်သမားမလုပ်ခဲ့ဘူး။ ကျွန်နော် အခွင့်အရေးမယူခဲ့ဘူး။ သြော်….အမေ့ ကျေးဇူး ကြီးမားလှပါဘိ။ ရှိတာလေးနဲ့ စားတတ်ခဲ့တယ်။ အစားနဲ့ ပက်သက်ပြီးဇီဇာ မကြောင်တတ်ခဲ့ဘူး။ ကျောင်းတက်ခဲ့တဲ့ အချိန်တုန်းက အမေအဖေတို့ က တစ်လ ကို ပိုက်ဆံလေးသောင်း ကြီးတောင် ပို့ ပေးနိုင်တယ်။( ပိုက်ဆံလေးသောင်းကြီးတောင်။ အင်မတိအင်မတန်ကို သုံးရတယ်ကျွန်နော့်အတွက်ပေါ့။) အဆောင်လခ တစ်သောင်း။ ကျန်တဲ့ ပိုက်ဆံ အ၀တ်အစား၊ နက်လှစွာသော ၀မ်းတစ်ထွာအတွက်၊ ကျောင်းစရိတ်၊ ထမင်းတစ်နပ် အတွက် ရင်းနှီးမြုပ်နံရတာတွေပေါ့။ ဒီလိုရက်ပေါင်းများစွာထဲမှာပေါ့ ရက်သုံးဆယ်မှာ နှစ်ဆယ် ရက်လောက်က ထမင်းနှစ်နပ်ပဲ့ စားတယ်။ တစ်နှပ်ကတော့ ဘုန်းကြီးတွေ လိုပေါ့။ ဘုန်းကြီးတွေက ညနေဖက်မစားဘူး။ ကျွန်နော်က နံနက်စာမစားဘူး။ (ဒါပဲ့ကွာတာ။ ဘုန်းကြီးနဲ့ ကျွန်နော်ထမင်းစားတဲ့ အလေ့အထက။နံနက်နဲ့ ညနေလေ) ကျွန်နော့် အတွက် အင်မတိအင်မတန်ကို များတဲ့ ပိုက်ဆံလေးသောင်းဆိုတာ အဲဒီအချိန်တုန်းကဆို ပိုက်ဆံရှိတဲ့ သူ( အမြင့်ဆုံးမဟုတ်ဘူး။ အလယ်လတ်တန်းစား ကိုပြောတာ) တစ်နေ့ မုန့် ဖိုးလောက်ပဲ့ရှိတယ်လေ။ ဒါပေမယ့် ကျွန်နော် သူတို့ ကို အားမကျခဲ့ပါဘူး။။။ဒါပေမယ့် အားတော့ ငယ်ခဲ့ပါရဲ့ ။ပြီးတော့ ကျွန်နော် ချွေတာရေး နည်းလမ်းတစ်ခုကိုလည်း တီထွင်ခဲ့သေးတယ်။ တစ်နာရီကျော်ကျော် လောက် ညနက်မှအိပ်ယာဝင်တယ်။ မနက်ဆယ်နာရီကျော်ကျော်လောက်မှ အိပ်ယာကထတယ်။ ဒီအချိန်အိပ်ယာက ထမှ နံနက်စာအတွက်လည်းသက်သာ နေ့ လည်စာနဲ့ လည်း အချိန်ကိုက်ဆိုတော့ ကျွန်နော့်အတွက် နေ့ တိုင်း ထမင်း တစ်နှပ်ဖိုးစုမိနေလေရဲ့ ။ ပြီးတော့ စီးကမ်းတစ်ခုကိုလည်း ချမှတ်နိုင်ခဲ့သေးတယ်။ မနက်စောစောစီးစီး ကျွန်နော့်ကိုနိုးတဲ့ သူ နံနက်စာ ကျွေးကြေး။( ပိုပြီး သေချာအောင် စာရွက်ပေါ် ရေး ပြီး ကျွန်နော် အိပ်တဲ့ ခေါင်းရင်း စာကပ်ထားတာ။) အတူနေ ဘော်ဒါသူ ဘော်ဒါသားအပေါင်း ဘယ်လောက်လိုက်နာသလဲမမေးနဲ့  မနက်စောစောဆို ကျွန်နော့် ကို ကျွေးရမှာကြောက်လို့ လား။ ဒါမှမဟုတ်…ကျွန်နော် ချထားတဲ့  စည်းကမ်းကို လိုက်နာကြတာလား ဆိုတာကတော့ မသိဘူး။ အားလုံးသော ဘော်ဒါသူဘော်ဒါသားအပေါင်း (ပိုက်ဆံပြတ်တဲ့ ရက်တွေဆိုအများစုပြောတာ) ကျွန်နော့် လိုပဲ့ ကျင့်ကြံနေထိုင်ကြသည်အထိ ချွေတာရေးကို လိုက်နာကြလေ၏။ ကျွန်နော် ဒီလို ချွေတာရေးလည်းလုပ် တစ်ဖက်ကလည်း Part Time အလုပ်လေး လုပ်လိုက်သေးတယ်။ ဘယ်လိုလုပ်တာလဲဆိုတော့ ရည်းစားစာတစ်စောင် ခေါက်ဆွဲ တစ်ပွဲလေ။ ကျွန်နော် ကျောင်းတက်တုန်းက ကျွန်နော် ဒီလို Part Time လုပ်ရတာ တော်တော်လေး စီးပွားဖြစ်တယ်ဗျာ့။ ညနေစာအတွက်၊ ဒါမှမဟုတ် နေ့ လည်စာ အတွက်ကာမိနေတာကိုး။(လိုအပ်တဲ့ သူတွေက လာပြောတယ်။ စာလာရေးခိုင်း တယ်။ ကျွန်နော်က ပိုက်ဆံမယူပေမယ့်..သူတို့ ကိုယ်တိုင်က စေတနာပါပါ သူတို့ အတွက် လုပ်ပေးနိုင်အောင် ထောက်ပံ့တဲ့ သဘောကျွေးတာဗျာ့) ပြီးတော့ ရပ်ကွက်ထဲအလှူ၊ ဘယ်နေရာမှာ ဘာဘာညာညာ ပွဲတွေ ၊ အလှူ တွေဆိုရင် ကျွန်နော်က ရောက်ပြီးသားပဲ့ (ပွဲလုပ်တဲ့ သူတွေက ကျွန်နော့်ကို သိကြတယ်လေ..ဒါကြောင့် သူတို့ ကိုယ်တိုင်က လာခေါ်ကြတာ)ဒါဆိုရင်တော့ ကျွန်နော် က တစ်ဝဆွဲတာပါပဲ့။ (ဒါပေမယ့် အာလကားစားတာမဟုတ်ဘူး။ အာလကားစားရင် သူများလှူတဲ့ စေတနာတွေက ကိုယ့်အတွက်မီးခဲတွေ မျိုနေသလိုဖြစ်နေမှာစိုးလို့ နိုင်တဲ့ နေရာဝင်ကူရတာပေါ့လေ။(ထမင်းဟင်းချက်တဲ့  နေရာတွေမှာဆို ကျွန်နော်က ရှေ့ တန်းကနေတာ)ဒီလို များများလှူတဲ့  သူတွေ၊နည်းနည်းလှူတဲ့ သူတွေဆို လေးစားပြီးသား။ အဲဒီလိုနေ့ တွေများ စွာနဲ့ ပေါ့ ကျွန်နော့် နေထိုင်ခဲ့တယ်။ ရှိတဲ့ ဟာတွေနဲ့ ဝအောင်စားတတ်ခဲ့တယ်။ ဒါပေမယ့် ကျွန်နော် လုံးဝ ခေါင်းပုံမဖြတ်ခဲ့ဘူး။ ဈေးကွက်ကိုလည်း မျက်ချည် မပြတ်ခဲ့ဘူး။ အရည်အသွေးကိုလည်း မလျော့ချခဲ့ဘူး။စားသုံးသူအကြိုက် နှစ်သက်သွားအောင် ကျွန်နော်ရိုးသားစွာစီးပွာရှာခဲ့ဖူးတယ်။ အဲဒီလောက်တောင် ကျွန်နော်ရှိတဲ့ ဟာနဲ့ ၊ရှိတဲ့ အားနဲ့  ၊ လုပ်နိုင်တဲ့ အားနဲ့ ၊ဥာဏ်နဲ့  ၀အောင်စားခဲ့တယ်။ မရှိတဲ့ အချိန်ရေသောက် ဗိုက်မှောက်အိပ်ခဲ့တယ်။ မပြည့်စုံပေမယ့် ၀ခဲ့တယ်။ မရှိပေ မယ့် မခိုးခဲ့ပါဘူး။ မလိမ်ခဲ့ပါဘူး။ မညာခဲ့ပါဘူး။ အရင်းအနှီးမရှိပေမယ့် စေတနာတွေ ရှာတတ်ခဲ့တယ်။ သြော်….အမေ့ကျေးဇူး ကြီးမားလှပါဘိ။ (ကျွန်နော် တကယ် ဒီလို နေရက်တွေ ပိုင်ဆိုင်ခဲ့ဖူးတယ်ဗျာ့…မယုံရင် ဟာသ လို့ ပဲ့  မှတ်ပါလို့ …)အမေ့ ကျေးဇူးကို သတိရနေလျက်………………။ ပျော်ရွှင်ကြပါစေလို့ …………………..။
KuchingTrip
1 week ago
No comments:
Post a Comment