Monday, March 21, 2011

နဝဒေးမိသားစုကဗျာများ


မုန်တိုင်း
ရိုင်းစိုင်းရက်စက်
သီးကင်းပျက်ကြွေ
မြေမှာအနှံ့ ကျဲပြန့်ပျက်ဆီး
အနိဋ္ဌာရုံကြီးပါလားနော်။

မုန်တိုင်းစဲသော်
ရုန်းကန်နိုးထ စိတ်မကျဘဲ
ဇွဲနဲ့ထူထောင် အမောင်လောကဓံ
ဘာခံနိုင်မလဲ။..........။


မေမေ (နဝဒေး)

- ။ -
**
ချိုင့်တွေ့ရင်ဖို့
တောင်ပို့ကိုဖြို
ချောင်းအိုကို တံတားခင်း
တို့သွားခြင်းကို မတားနဲ့။

တို့ရည်မှန်းထား
ပန်းတိုင်သွားဖို့
အင်အားအပြည့်တို့မှာရှိတယ်။..........။


ဖေဖေ (နဝဒေး)

** http://ver-bo-ten.blogspot.com/2008/10/blog-post_22.html

No comments: