Sunday, January 3, 2010

နံနက်ခင်းကဗျာများ (၂)



ဤနံနက်ခင်း
လေပြည်ညှင်းသည်
ချစ်ခြင်းတွေကို သယ်ခဲ့ပြီ။

ဤနံနက်ခင်း
နေခြည်လင်းသည်
ချစ်ခြင်းမေတ္တာရောင်ခြည်တည်း။

ဤနံနက်ခင်း
နိုးထခြင်းသည်
ချစ်ခြင်းတို့တွက် ရှင်သန်ခြင်း။


မာရေးသျှင်

(မနက်ခင်းမိုးအလင်း အိပ်ရာကထထချင်းတွေမှာ ဘာသာစကားတူသူ မိတ်ဆွေတစ်ချို့ထံ ပို့ဖြစ်ခဲ့တဲ့ SMS လေးတွေပါ။ အဲဒါလေးတွေကို နံနက်ခင်းကဗျာများ ခေါင်းစဉ်အောက်မှာ SMSကဗျာအဖြစ် ဝေမျှခြင်း (တစ်နည်း) သိမ်းထားခြင်းမျှသာဖြစ်ပါတယ်။)





1 comment:

Unknown said...

ကဗျာလေးခံစားသွားပါတယ်