ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းကကိုယ်ဆုံးဖြတ်ခဲ့တာတွေမှားနေပြီ ဆိုတဲ့စိတ်နဲ့ လူကနေလို့ထိုင်လို့ကို မရခဲ့ဘူး။ လူဆိုတာကတော့ ယေဘူယျပြောရရင် ပြောင်းလဲဖို့ခက်ခဲတာ၊ ရှိ ပြီးသား အနေအထား တစ်ခုကို မျှောလိုက်ချင်တာ၊မစွန့်စားချင်တာ၊ သေချာမှူ့တစ်ခုကို လက်ကိုင် ပြုထားချင်ကြတာ ချည်းပါ။ ကျနော်လည်း အခြေအနေ တစ်ခုကြောင့် ပြောင်းလဲရတဲ့အခါထင်သလို ဖြစ်မလာတော့ ကိုယ့်စိတ်က ငါမှားပြီလို့ ထင်လာ၊ယုံလာတယ်။ အရာရာဟာ အဆင် မပြေဖြစ်လာတာပေါ့ဗျာ။ဒါနဲ့စာအုပ်တွေ ပြန် ဖတ်မိတော့ Article တစ်ခုသွားတွေ့တယ်။ဆရာကိုတာပြုစုသော"အခြားတစ်ဖက်မှ ဆင်ခြင်ရန် အကြောင်းများ " ဆိုတဲ့စာအုပ်ထဲကပါ ။ "ထုပ်ထားတဲ့ငှက် " ဆိုတဲ့ Article လေးပါ။
သူရေးထားတာကဂျက်ဖရီပို့ဖြေခဲ့ရတဲ့စာမေးပွဲ(ထုပ်ထားတဲ့ငှက်)လိုပါပဲ ကျနော်တို့လည်းဘ၀မှာ မှန်းဆပြီး ဆုံးဖြတ်ကြ၊ ဖြေရှင်းကြရတာပါ။ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်ဘူး ဖြစ်စေ ကြုံတော့ကြုံနေရတာပါပဲ။ အရာအားလုံးမှာသေချာတယ်ဆိုတာမရှိ။ ကျနော်တို့ဟာ မပြည့်စုံသော အချက်အလက်တွေပေါ် မှာအခြေတည် ပြီးဆုံးဖြတ်ချက် ချရတာ ချည်းပါ။ကိုယ့်ရဲ့ အတွေ့အကြုံ ၊ ဗဟုသုတ၊ စိတ်(ခံစားမှူ့) တို့ပေါ်မူတည်ပြီး ဖြေရှင်ကြရတာချည်းပါ။
နောက်ဆုံးစာပိုဒ်လေးက အနှစ်ချုပ်မှတ်တမ်းပါ ။
အခန်းအပြင်ဘက် ပြေးထွက်ပြီး ရှောင်ထွက်သွားတာ၊ ရှိပြီးအခြေအနေအတိုင်း မျှောလိုက် သွားတာက လွယ်တယ်။ ခြားနားသွားအောင်လုပ်ဖို့ကတော့ ကိုယ့်ဥာဏ်၊ ကိုယ့်အရည်အချင်းကို ယုံကြည်ဖို့၊ ကို လုပ်တာ ကောင်းတယ်၊ မှန်တယ်လို့ ယုံကြည်မှူ့ရှိဖို့လိုအပ် ပါတယ်တဲ့။ ဘ၀ကို ဆက်လက်ချီတက်ဖို့ လိုအပ်တာကတော့ ဆင်ခြင်စဉ်းစားပြီးမှ ရရှိလာတဲ့ ယုံကြည်မှူ့ပါ။ ကိုယ့်ကိုယ်ကို သစ္စာရှိဖို့ကတော့ အရေးအကြီးဆုံးအရာပါလို့ ဆရာတာ ကတော့ ရေးပြသွားတာပါ။
ဆရာတာလို ပြောပြချင်မိပေမယ့် မစွမ်းသေးတာမို့ မှတ်မိသမျှကိုပဲ လက်ဆင့်ကမ်းပေးလိုက်ပါတယ် ။
1 comment:
Brutally honest analysis ဆိုလားဗျာ။ ကိုယ့်ကိုယ်ကို ကိုယ် ရက်ရက်စက်စက် သွေးထွက်အောင်မှန်တဲ့အထိ သုံးသပ်ရမယ်ဆိုတဲ့သဘောမျိုးဗျ။ ဆရာတော် ဦးဇောတိက ကတော့ မိန့်တော်မူတယ် “ကိုယ့်ရဲ့ Personality တိုးတက်ဖွံ့ဖြိုးအောင် အစွမ်းကုန်ကြိုးစားတာဟာ ကိုယ့်ကိုယ်ကို သစ္စာရှိတာပါပဲ” တဲ့။
ကမ္ဘာပေါ်မှာရှိရှိသမျှ တက်ကျမ်း(အများခေါ်တဲ့)ဆိုတာမျိုးတွေအားလုံးကို အနှစ်ချုပ်လိုက်ရင်လည်း Know thyself ဆိုလားဗျာ.. အဲဒီဝါကျတစ်ကြောင်းပဲ ထွက်လာမယ်ထင်တာပါပဲ။ ဟဲ ဟဲ မှားရင်လည်း ပြင်ကြဗျာ။
Post a Comment