အခုတလော ရောင်းကောင်းနေတာ
အကြမ်းဖက် ဓာတ်ပြားတွေပဲ
ဒါက ဥပမာ ပြောတာပါ
မိခင်ဗိုက် ဖောက်ထွက်ပြီး
ကိုယ့်အဆိပ်နဲ့ကိုယ် လမ်းထွင်မယ့်
မြွေပွေးလေးတွေလိုတော့
ငါတို့ ကြွေချိန် မတန်သေးဘူး
ငါတို့ကရော ဘယ်သူတွေလဲ
အကျဉ်းထဲ အကျပ်ထဲ ရောက်နေတဲ့
ဆာမူရိုင်းတွေလား
ငါ့ သစ္စာတရားဟာ ငါ့ ဓားထက်အရောင်လက်ပေရဲ့
အားလုံးပြီးသွားရင် ဘာဆက်ဖြစ်မှာလဲ
ကမ်းတစ်ဘက်မှာ လက်ပိုက်ရပ်ရင်း
အူနေတဲ့ မီးခိုးတွေကို အူတူတူကြည့်မောလို့
ဥပမာ ပြောပါတယ်
ကိုယ့်ဘဝကိုယ်တော့
ဘယ်သူမှ ရာဘာပင်လို ဓားထစ်ခံမယ်မထင်ဘူး
အင်္ကျင်္ီဇစ် ဆွဲဖွင့်လိုက်ရင်
ဝိဉာဉ်တောင် အစရှာမရမယ့် အယူသည်းမှုက
စနစ်တံကို ဆွဲဖြုတ်လိုက်ရုံပဲ
မှန်ပြင်ကို ပိတ်လိုက်လည်း အလကားပဲ
ခြေသံက ရိုးတွင်းချဉ်ဆီထဲ တရှပ်ရှပ်ပြေးနေသလို
ကမ္ဘာကြီးရဲ့ အိပ်မက်ပမာ အနာတရတွေဟာ
အဖွားခေါင်းက ဆံပင်ဖြူတွေလို
ဒီမှာ ..... နုတ်ရင်းငိုက်လာပြီ
ဒါလည်း ဥပမာ ပြောတာပါ
ကဲ ..... ချဗျာ
ပြီးရင် ဒုက္ခသည် စခန်းတွေဆီ
ကွင်းဆင်းကြည့်ရအောင်။..........။
ကိုသျှပ် (ကန့်ဘလူ)
Friday, May 20, 2011
ကမ္ဘာကြီးနဲ့ နည်းနည်းပါးပါး - ကိုသျှပ် (ကန့်ဘလူ)
ခံစား၊ ဝေမျှ၊ တင်ပြသူက မာရေးသျှင် at 2:34 PM
ဒီကဏ္ဍအောက်မှာ ဖတ်အုံးမယ်ဆိုရင် မာရေးသျှင်, ဝေမျှခြင်း ကဗျာများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment