Sunday, August 16, 2009

အုံ့ပုန်း (၂)


အုန်းအုန်းကျက်ကျက်
လှိုက်တက်ဆို့နင့်
မပွင့်အံခဲ
ရင်ထဲမျိုသိပ်
ကြိတ်မှိတ်အောင့်အည်း
ဆိုညည်းပွင့်အန်
ခေါ်ရန်မရဲ
ရင်ကွဲပွင့်နိုး
“စိတ်” စိုးမရ
တသသဖြင့်။..........။


မာရေးသျှင်
25-2-1997(TUE)





1 comment:

မြစ်ကျိုးအင်း said...

လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က ကိုမာရေးသျှင်ရဲ့ အချစ်ခံစား ချက်လေးများလားဗျ...။
ကဗျာကောင်းတွေရှားပါးနေတဲ့အချိန်မှာ ထိထိမိမိရှိတဲ့ ကဗျာလေးတပုဒ်လို့ မြင်မိပါတယ်..။

(အကို အဆင်ပြေလား မတွေ့တာကြာပြီ)