ကျွန်နော် ကုန်စုံဆိုင်လေးတွေကိုချစ်သည်။ ကုန်စုံဆိုင်ကို မြင်ဖူးကြပါလိမ့်မည်။
ခုခေတ်က တိုးတက်တော့ စဆိုးဆိုင်တို့ ၊ Plaza တို့ ဘာတို့ ညာတို့  ဟိတ်ဟန်
ကြီးလှသပေါ့လေ။ ခေတ်မှီလှသပေါ့လေ။ ဒါပေမယ့် သူတို့ ဘယ်လောက်ပဲ ခေတ်မှီ
မှီ၊ ထည်ထည်ဝါ၀ါဖြစ်၊ မနာလိုဘူးလားမေးမေး၊ မတရားဘူးလို့ ပဲ့ ပြောပြော ကျွန်နော်
ကတော့ ကုန်စုံဆိုင်လေးကို ချစ်၏။
ကုန်စုံဆိုင်လေး တိုလီမိုစ အကုန်ရမည်။ လူမျိုးမရွေးဘာသာမရွေးစားသုံးနိုင်သည့်
အမယ်စုံတင်ထားသည်။ ဆန်၊ဆီ၊ဆေး၊ဆား၊ ပဲ၊ငရုတ်၊ကြက်သွန်၊အာလူး၊ပြောင်းက
အစ ဘော်အိုး၊သံခွက် အကုန်ရသည့်ဆိုင်လေး။ ရာသီမရွေးနေ့ တိုင်းဖွင့်ထားသည့်
ကုန်စုံဆိုင်လေးကို ကျွန်နော်ချစ်သည်။
ကုန်စုံဆိုင်လေး အမြင်ကခပ်သေးသေး၊ နေရာကျဉ်းကျဉ်းလေးနဲ့ တစ်မျိုးသော
ရန့ံ့ရှိသည်။ မိုး၊ဆောင်း၊နွေ သုံးရာသီလုံးတွင် ဥတုအရသာခံစားနိုင်သော နေရာလေး
ဖြစ်သည့်အတွက် ကုန်စုံဆိုင်လေးကို ကျွန်နော်ချစ်သည်။
ကုန်စုံဆိုင်လေး ဈေးဝယ်လာသူများရှိသည်။ အလည်လာသူများရှိသည်။ လာစူး
စမ်းသူများရှိသည်။ မျက်လုံးဝေ့ကြည့်သွားသူများရှိသည်။ ကွေ့ ရှောင်သွားသူများ
ရှိသည်။ နားစွင့်သွားသူများရှိသည်။ လိုချင်တာရ၍ ပျော်သွားသူများရှိသည်။ ကုန်စုံ
ဆိုင်လေးသည် ခေတ်မှီနေသေးသည်။ ထိုကြောင့် ကျွန်နော်ချစ်သည်။
ကုန်စုံဆိုင်လေး တချို့ သည် လိုချင်တာဝယ်သွားကြသည်။ တချို့ သည် ဤဆိုင်
တွင်ဤအရာ ရသည်ဟု သိသွားကြသည်။ တချို့ သည် အသိအမှတ်ပြုသွားကြသည်။
တချို့ သည် မိတ်ဆက်သွားကြသည်။ တချို့ သည်ကြည့်ပဲကြည့်သွားကြသည်။ တချို့ သည်
အဖိုးအခပေးသွားကြသည်။ တချို့ သည် မပေးဘဲ ယူသွားသူများလည်းရှိသည်။ တချို့ သည်
ခံစားသွားကြသည်။ ကုန်စုံဆိုင်လေးသည် အမြဲတမ်းအားလုံးအတွက်ဖြစ်နေ၏။ ထို့ ကြောင့်
ကျွန်နော်ချစ်သည်။
ကုန်စုံဆိုင်လေး စုံသော အမယ်များကို သူ့ အုပ်စုနဲ့ သူ စုထားရောင်းချသည်။ဟိုရွာက
အမယ်၊ဒီရွာကအမယ်၊ ဒီမြို က ဟိုမြို့ က၊ တိုင်းခြားက၊ ပြည်တွင်းဖြစ် အစသဖြင့်ထွက်
သည့် အမယ်မှန်သမျှရှိသည်။ အိမ်ရှင်မများ၊လုပ်သားကြီးများ၊ရဟန်းသံဃာ၊ကလေး
လူကြီးမရွး နှစ်ခြိက်သည်။ ထို့ ကြောင့် ကျွန်နော် ချစ်သည်။
ဒီနေ့ ကုန်စုံဆိုင်လေးသည် ဈေးဝယ်သူများနဲ့ စည်ကားနေ၏။ လိုချင်တာရှာဝယ်သူများ
များ တိုးဝှေ့ နေကြသည်။ ရောင်းထားသည့်အမယ်အမည်ကိုလည်းကြည့်ပါဦး။
ကြိုးစားထား
အလုပ်လုပ်ရင် စနစ်ကျမှ၊
အဓိက က ကိုယ့်စေတနာ၊
လောကဓမ္မတာ ကြုံလာအမုန်းရပ်၊
အပြုံးမပျက်ဖို့ ကြိုးစားထား။
ဘာမှ မလုပ်ရင် ဘာမှ မဖြစ်၊
တစ်ခုခုဖြစ်ဖို့  တစ်ခုခုလုပ်၊
အရှုပ်မလုပ် အလုပ်ရှုပ်
အနုပ်ဇာတ်ဖြတ်လို့ ၊
ဘုန်းတက်ဖို့ လည်း ကြိုးစားထား။
ဘာဖြစ်ချင်လဲ သေချာဆုံးဖြတ်၊
ဘာလုပ်နေလဲ သေချာသုံးသပ်၊
ဘ၀တစ်ခုအတွက် အရှုံးနဲ့ အမြတ်၊
ရုန်းထွက်ဖို့ လည်း ကြိုးစားထား။
အဆုံးသတ်ဖို့ လည်း ကြိုးစားထား။
(ဓမ္မရနံ့ )
ဒီလိုအမယ်မျိုး ၀ယ်သူစိတ်ဝင်စားမယ်ပေါ့။ ဟုတ်တယ်ဟုတ်။
တင်ထားသော အမယ်များသည် စုံလင်လှ၏။ ရွေးဝယ်သူများလည်း
ရှိ၏။ တင်ထားသည့် အမယ်များကလည်း ၀ယ်ချင်စရာ။ အိမ်ရှင်မများအတွက်၊
လုပ်သားကြီးများအတွက် ၊ကလေးလူကြီးမရွေး ဤကုန်စုံဆိုင်လေးသည် အဖိုးတန်လှ
ပါတကား ဟု ကျွန်နော် ထင်မြင်ရင်း ကုန်စုံဆိုင်လေးကို ပိုပိုပြီး ချစ်ချစ်လာရပါသည်။
ဤသိုဖြင့်ကုန်စုံဆိုင်လေးသည် ခေတ်မှီနေသေးသည်။ သိသိ၊မသိသိအမယ်
များ၊သိပြီး၊ရှိပြီး အမယ်များကိုလည်း တင်ထားပါသည်။ လာသမျှဈေးဝယ်သူများအတွက်
အချိန်တိုင်းဖွင့်ထားသည်။ဈေးဝယ်သူများအပေါ် အမြဲတမ်း
ဝဲကမ်းလ်လုပ်ထားသည်။ အမယ်တွေစုံ၏။ ထို့ ကြောင့် ကျွန်နော့်အတွက်
အတိတ်လည်းရှိ၏။ လက်ရှိလည်းအသုံးဝင်၏။ အနာဂတ်လည်းတည်နေ၏။
သို့ ပါသောကြောင့် ကျွန်နော် ချစ်သည် ဟုဆိုလျင် လွန်အံ့မည်မထင်ပါတကား။
( ကဗျာလေးကို လင်္ကာတမန် မဂ္ဂဇင်း၊ ၂၀၀၉ ထုတ်သီရိလင်္ကာရောက်မြန်မာ
ကျောင်းသားရဟန်းတော်များ စုစည်းထုတ်ဝေသည်) ဆိုတဲ့ မဂ္ဂဇင်းမှ ကူးယူဖော်
ပြပါသည်။